Pages

Monday, December 17, 2012

ရိုးသားသောယာဉ်မောင်းများ



Monday, 17 December 2012

သြစတြီးယားနိုင်ငံမှဘတ်စ် ကား ယာဉ်မောင်းဝုဖ်ဂန်းသည် သူ၏
ဘတ်စ်ကားနောက်ဘက်တွင် မမျှော်လင့်ဘဲ အိတ်တစ်လုံးကို တွေ့ရှိခဲ့ရပြီး ထိုအိတ်တွင်း၌ ယူရိုငွေ သုံးသိန်းကိုးသောင်း (အမေရိကန်ဒေါ်လာ ငါးသိန်း တ
စ်သောင်းနီးပါး)ပါရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဝုဖ်ဂန်းသည် ရိုးသားသူတစ် ယောက်ဖြစ်သည့်အားလျော်စွာ ထိုငွေများအား ဒေသခံရဲစခန်း သို့သွားရောက်အပ်နှံခဲ့သည်။ ထိုနောက်တွင်မှ ထိုငွေများသည် အမျိုးသမီးကြီးတစ်ဦးက ပိုင် ဆိုင်ပြီး သူမ၏တစ်သက်တာစုငွေများအားထုတ်ယူလာခြင်း ဖြစ်ကြောင်းသိခဲ့ရသည်။
လူအများက ဤမျှ လောက်များပြားသောငွေများကို အငှားကားဖြင့်
ယူဆောင်သွားလျှင် ဤသို့သောဖြစ်ရပ်မျိုးမဖြစ်နိုင်ဟု ယူဆကြပေလိမ့်မည်။ သို့ရာတွင် အငှားကားဖြင့်သွားရာတွင်လည်း အလား တူဖြစ်ရပ်မျိုးဖြစ်ပေါ် ခဲ့သည့်သာဓကများရှိနေသည်။

ယမန်နှစ်စောစောပိုင်းက အမေရိကန်ပြည်ထောင်စု၊ လပ်စ်ဗီးဂပ်စ်မြို့ရှိ အငှားယာဉ်မောင်း အဒမ်ဝိုဒါမာရင်းသည် သူ၏ကား ပေါ်တွင်ကျန်ရစ်ခဲ့သည့် လက်ပ် တော့အိတ်အတွင်း၌ ဒေါ်လာနှစ်သိန်းနှစ်သောင်းတစ်ထောင် ငါး ရာတစ်ဆယ် ထည့်ထားသည်ကို တွေ့ရှိခဲ့ရသည်။

အဒမ်က ထိုငွေ များအား အငှားယာဉ်ကုမ္ပဏီ၏ လုံခြုံရေးရုံးသို့
အပ်နှံခဲ့သဖြင့် ပိုင်ရှင်က ၎င်းအားဆုငွေဒေါ်လာ နှစ်ထောင် ချီးမြှင့်ခဲ့သည်။
ယခင်လကလည်း စင်ကာပူ နိုင်ငံမှ အငှားယာဉ်မောင်းတစ် ဦးသည် ဒေါ်လာကိုးသိန်းကျော် ပါရှိသည့်အိတ်တစ်လုံးကို တွေ့ ရှိ ခဲ့ကြရသည်။ ၎င်းအား သတင်း စာက လူတွေ့မေးမြန်းသောအခါ ၎င်းအနေနှင့်ထိုငွေများကိုယူထား ရန် မည်သည့်အခါကမျှ စိတ်ကူး မရှိခဲ့ကြောင်း၊ ထိုငွေများသည် ၎င်းပိုင်ငွေများမဟုတ်ကြောင်း၊
ငွေကြေးသည်၎င်းအတွက်အရေး မကြီးကြောင်းပြောကြားခဲ့သည်။ ၎င်းသည်လည်း ပိုင်ရှင်ထံမှအရေ အတွက်ဖော်ပြထားခြင်းမရှိသော ဆုငွေကိုရရှိခဲ့သည်။

Source:Yahoo! News
ဥက္ကာအောင်
The Hot News
85

0 comments:

Post a Comment