Pages

Thursday, December 13, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာများ ဦးပွားဘုရား၌ ထိုင်သပိတ်ကျင်းပ



Thursday, 13 December 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာအပါး(၁၀၀၀)ကျော်မှ မန္တလေးမြို့ ဦးပွားဘုရား၌ ဒီဇင်ဘာ(၁၃)ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်က ထိုင်သပိတ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း 
သိရသည်။

အဆိုပါ ထိုင်သပိတ်အား မန္တလေးမြို့ဦးပွားဘုရားဝင်းအတွင်း၌ အချိန်နာရီဝက်ခန့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘ၀အလင်း ဆရာတော်အပါအ၀င် အခြားဆရာတော်သံဃာတော်များနှင့်အတူ အထက်မြန်မာပြည်
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များလည်း ဦးဆောင်ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီက နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ အာဏာပိုင်များမှ ဒဏ်ရာရ သံဃာများအား ၀န်ချတောင်းပန်ရန်၊ အကြမ်းဖက်နှိမ်နင်းခဲ့သော အာဏာ ပိုင်များကို အရေးယူပေးရန်နှင့် ဆန္ဒပြပြည်သူများကို ဖမ်းဆီးခြင်းမှ လွတ်ပေးရန်
အတွက် တောင်းဆိုခဲ့သည်။

“ဒီလိုကိစ္စက ပြည်သူတွေရဲ့ အရေးနဲ့လည်းဆိုင်လို့ လိုက်ပြီး သံဃာတွေဘေးကနေ ၀န်းရံတာပါ၊ သံဃာတွေအပေါ် အပြစ်လုပ်မိပြီး ၀န်ချတောင်းပန်တာမျိုးလုပ်ဖို့ ၀န်လေးနေတာကို ဘယ်သူမှ လက်ပိုက်ကြည့် မနေနိုင်ဘူး” ဟု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ(၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်၌ မန္တလေးမှသံဃာနှင့်ပြည်သူ
ငါးထောင်ကျော်က မြန်မာတစ်နိုင်ငံလုံးရှိ သံဃာများ တောင်းဆိုသော အချက်(၃)ချက်ကို အစိုးရမှ လိုက်လျောပေးခြင်း မရှိသောကြောင့် ပထမအကြိမ်အဖြစ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၁)ရက်နေ့က လက်ပံတောင်းတောင်ကြေးနီ
စီမံကိန်းရပ်တန့်ရေး ဦးဆောင် ဆန္ဒထုတ်ဖော်သူ (၈)ဦးအား သက်ဆိုင်ရာမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

အဆိုပါဆန္ဒပြမှုမှာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ တရားဝင်ခွင့်ပြု
ချက် တောင်းဆိုခြင်း မရှိသလို သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်း
မျိုးလည်း မရှိခဲ့ကြောင်း ဆန္ဒပြသံဃာတစ်ပါးက မိန့်သည်။

“တရားဝင်ခွင့်ပြုချက် မတောင်းဘူး ဘာလို့လဲဆိုတော့ ဦးဇင်းတို့ ခွင့်ပြုချက်တောင်းရင် သူတို့တွေ က ခွင့်ပြုမိန့်ပေး ချင်မှ ပေးမှာမို့လို့ပါ ၊ မနေ့ကတော့ ဖမ်းဆီးခဲ့တာတွေ မရှိဘူး” ဟု သက်တော်(၂၅) ၀န်းကျင်ရှိ သံဃာတစ်ပါးက မိန့်သည်။

အထက်မြန်မာပြည် သံဃာတော်များနှင့် အောက်ပိုင်းရှိ သံဃာတော်များ ပူးပေါင်းကာ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့လှုပ်ရှားမှုဦးဆောင်ကော်
မတီကို ဒီဇင်ဘာ(၁၀)ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့၍ ဆန္ဒထုတ်ဖော်ခဲ့
ကြခြင်းဖြစ်သည်။

Myit Makha Mediagroup
26

0 comments:

Post a Comment