ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုတစ်ခု ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါ အဆောက်အအုံ၏ နောက်ဘက်တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်းအဆောက်အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက်သွားခဲ့ပြီး လက်ရှိအခြေအနေတွင် အဆောက်အအုံရှိ ကျန်ရှိသော အခန်းများမှာ အက်ကွဲသွားခဲ့ခြင်းမျိုး မရှိပါဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးချုပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ ဦးငွေစိုးသောင်းက ပြောပြသည်။
အက်ကွဲမှုဖြစ်ပွားခဲ့သော အခန်းပိုင်ရှင် ဒေါ်နုရည်ဇင်က ''ကျွန်မဒီမှာနေတာ ၄၊ ၅ နှစ်လောက်ရှိပြီ၊ နေကတည်းက တိုက်ကအသစ် ဖြစ်ပါတယ်။ ဖြစ်တာကတော့ အောက်က မြေကျွံသွားတယ်လို့တော့ ပြောနေကြတယ်။ ပြီးတော့ ကျွန်မတို့အခန်းပဲ ဖြစ်သွားတာပါ။ ကျန်တဲ့အခန်းတွေတော့ ဘာမဖြစ်ပါဘူး'' ဟု ပြောပြသည်။
လက်ရှိတွင် အဆောက်အအုံ၌ နေထိုင်သူများကို ကြိုတင်ကာကွယ်သောအနေဖြင့် ပြောင်းရွေ့ခိုင်းဖို့အတွက် စီစဉ်လျက်ရှိကြောင်းနှင့် ယင်းအဆောက်အအုံ၏ ကန်ထရိုက်ကို ပြန်လည်ပြုပြင်ခိုင်းထားကြောင်း မု့န်လက်စောင်း (တောင်ရပ်ကွက်) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦကျော်ကျော်ဦးက ပြောပြသည်။
ယင်းအဆောက်အအုံ၏ ပထမထပ်တွင်ရှိသော NLD ဆန်းမေတ္တာ ပညာဒါနကျောင်းမှ မြို့နယ်ကိုယ်စားလှယ် ဦးဇမ္ဗုစိုးက ''ချက်ချင်း ပြောင်းရမယ်ဆိုရင်တော့ အခက်အခဲတွေ ရှိတယ်။ ဘယ်လိုစီစဉ်မှာလဲတော့ မသိဘူး။ အခုဒီမှာက တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေ ရှိတယ်။ စားမေးပွဲကလည်း နီးလာပြီဆိုတော့ စိတ်တော့မကောင်းပါဘူး။ ကျောင်းသားဦးရေက ၆၀ နီးပါးလောက် ရှိပါတယ်'' ဟု ပြောပြသည်။
အထက်ပါ အဆောက်အအုံသည် ပြီးခဲ့သော ၂ ရက်ခန့်ကတည်းက အက်ကွဲကြောင်းများ ပေါ်နေကြောင်း သိရပြီး ယနေ့မှသာ အက်ကွဲကြောင်းများ ကြီးသွားသည်ဖြစ်ကြောင်းကို ယင်းအဆောက်အအုံ၏ ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။
အဆိုပါ အဆောက်အအုံကို ဆောက်လုပ်ခဲ့သော ရတနာမြေ ဆောက်လုပ်ရေးမှာ ပြန်လည်ပြုပြင် ဆောက်လုပ်ရန်ပြင်ဆင်နေပြီး ယင်းအဆောက်အအုံကို ၂၀၀၅ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။
______________________________ ______
Reference and Credit to -Eleven Media Group
အက်ကွဲမှုဖြစ်ပွားခဲ့သော အခန်းပိုင်ရှင် ဒေါ်နုရည်ဇင်က ''ကျွန်မဒီမှာနေတာ ၄၊ ၅ နှစ်လောက်ရှိပြီ၊ နေကတည်းက တိုက်ကအသစ် ဖြစ်ပါတယ်။ ဖြစ်တာကတော့ အောက်က မြေကျွံသွားတယ်လို့တော့ ပြောနေကြတယ်။ ပြီးတော့ ကျွန်မတို့အခန်းပဲ ဖြစ်သွားတာပါ။ ကျန်တဲ့အခန်းတွေတော့ ဘာမဖြစ်ပါဘူး'' ဟု ပြောပြသည်။
လက်ရှိတွင် အဆောက်အအုံ၌ နေထိုင်သူများကို ကြိုတင်ကာကွယ်သောအနေဖြင့် ပြောင်းရွေ့ခိုင်းဖို့အတွက် စီစဉ်လျက်ရှိကြောင်းနှင့် ယင်းအဆောက်အအုံ၏ ကန်ထရိုက်ကို ပြန်လည်ပြုပြင်ခိုင်းထားကြောင်း
ယင်းအဆောက်အအုံ၏ ပထမထပ်တွင်ရှိသော NLD ဆန်းမေတ္တာ ပညာဒါနကျောင်းမှ မြို့နယ်ကိုယ်စားလှယ် ဦးဇမ္ဗုစိုးက ''ချက်ချင်း ပြောင်းရမယ်ဆိုရင်တော့ အခက်အခဲတွေ ရှိတယ်။ ဘယ်လိုစီစဉ်မှာလဲတော့ မသိဘူး။ အခုဒီမှာက တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေ ရှိတယ်။ စားမေးပွဲကလည်း နီးလာပြီဆိုတော့ စိတ်တော့မကောင်းပါဘူး။ ကျောင်းသားဦးရေက ၆၀ နီးပါးလောက် ရှိပါတယ်'' ဟု ပြောပြသည်။
အထက်ပါ အဆောက်အအုံသည် ပြီးခဲ့သော ၂ ရက်ခန့်ကတည်းက အက်ကွဲကြောင်းများ ပေါ်နေကြောင်း သိရပြီး ယနေ့မှသာ အက်ကွဲကြောင်းများ ကြီးသွားသည်ဖြစ်ကြောင်းကို ယင်းအဆောက်အအုံ၏ ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။
အဆိုပါ အဆောက်အအုံကို ဆောက်လုပ်ခဲ့သော ရတနာမြေ ဆောက်လုပ်ရေးမှာ ပြန်လည်ပြုပြင် ဆောက်လုပ်ရန်ပြင်ဆင်နေပြီး ယင်းအဆောက်အအုံကို ၂၀၀၅ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။
______________________________
Reference and Credit to -Eleven Media Group

0 comments:
Post a Comment