Pages

Sunday, December 16, 2012

သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များကို အရေးယူရန် အင်အားအပြည့် ချထားပြီး စောင့်ကြည့်အရေးယူနေ



Sunday, 16 December 2012

ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များအား
ထိရောက်စွာ အရေးယူနိုင်ရန် ပိတောက်ချောင်းရဲစခန်းကို အင်အား
အပြည့် ချထားပြီး စောင့်ကြည့်အရေးယူနေကြောင်း သိရသည်။

သီရိမင်္ဂလာဈေးရှိ လူမိုက်များမှာ ယခင်ကဲ့သို့ တုတ်၊ ဓား စသည့်
လက်နက်ပုန်းများကို ခန္ဓာကိုယ်တွင် မထားရှိတော့ဘဲ နေရာတစ်နေရာတွင် ၀ှက်ထားသည့် စနစ်ကို ကျင့်သုံးနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး မျိုးအောင်က “သီရိမင်္ဂလာဈေး အပိုင်ဖြစ်တဲ့ ပိတောက်ချောင်း ရဲစခန်းကို အင်အားအပြည့် ချထားပြီးတော့
ဆောင်ရွက်နေပါတယ်။ အဲဒီစခန်းက တာဝန်ရှိသူတချို့ကိုလည်း
ဒေါင်ဒေါင်မြည်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပဲ တာဝန်ပေးထားပါတယ်။ အခု လူမိုက်တွေက ကိုယ်ပေါ်မှာ ဓားတွေမထားတော့ဘဲ နေရာတစ်နေရာမှာပဲ ဖွက်ထားတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း မျက်ခြေမပြတ်
စောင့်ကြည့် အရေးယူသွားမှာပါ” ဟု ပြောကြားခဲ့သည်။

လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်သည့် ကားများ၊
ဈေးသည်များအား လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င်
ငွေကြေးကောက်ခံမှုများ ရှိနေခြင်းကြောင့် စောင့်ကြည့်အရေးယူနေခြင်း
ဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group
22

0 comments:

Post a Comment