Friday, December 14, 2012
လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုပြေးဆွဲလျက်ရှိသော မြန်မာ့ မီးရထား(မြို့ပတ်)လုပ်ငန်းအား BOT စနစ်ဖြင့်ပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင်ငံ Jaca အဖွဲ့မှ တာဝ
န်ရှိသူများက ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၄ရက်က လာရောက် ကြည့်ရှုသွားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍ မြန်မာ့မီးရထားလုပ်ငန်းမှ BOT စနစ်ဖြင့် လုပ်ကိုင်နိုင်ရန် လုပ်ငန်းဆိုင်ရာအစည်းအဝေးများ ပြုလုပ်စဉ်းစားလျက်ရှိပြီး ယင်း အစည်းအဝေးမှ အဖြေထွက်ရှိလာ မှသာ မြန်မာ့မီးရထားလုပ်ငန်း (မြို့ပတ်)အား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရှိမရှိသိရှိရမည်ဖြစ်ကြောင်း
သိရသည်။
ယင်းကဲ့သို့ ဂျပန်နိုင်ငံ Jaca မှတာဝန်ရှိသူများ လာရောက်ကြည့်ရှု
သွားသည်နှင့် ပတ်သက်၍ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောကြား ရာတွင် ““ဦးတို့အနေနဲ့တိတိကျကျ တော့မသိသေးဘူး။သူတို့ကတော့ ဟိုကြည့်၊ဒီကြည့်လုပ်သွားတာပဲ ရှိသေးတယ်။ဦးတို့အနေနဲ့ပြောလို့ မရသေးဘူး””ဟု ဖြေကြားခဲ့သည်။
ဖြိုးအောင်
Hot News

0 comments:
Post a Comment