Friday, December 14, 2012
Facebook ဝက်ဘ်ဆိုက် အသုံးပြုသူများ၏ အကောင့်များ ကိုဝင်ရောက်၍ ဘဏ်စာရင်းအချက် အလက်များ၊ credit card နံပါတ် များကို ခိုးယူခဲ့သော အဖွဲ့တစ်ဖွဲ့အ
ား facebook လုံခြုံရေးအဖွဲ့၏ အကူအညီဖြင့် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
Facebook ဝက်ဘ်ဆိုက်ကို ဖောက်ထွင်းခဲ့သူ ဟက်ကာ ၁ဝ ဦးမှာပီရူး၊
ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင် ငံခုနစ် နိုင်ငံမှဖြစ် သည်ဟု သိရသည်။ အဆိုပါအဖွဲ့သည် ကွန်ပျူ တာ သုံးစွဲသူများထံမှ စတာလင်ပေါင် ၅၂၅ သန်းကျော် ခိုး ယူခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းဟက်ကာအဖွဲ့၏ လက်ချက်ကြောင့် ကွန်ပျူတာ ၁၁ သန်းခန့် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ပြီး သမိုင်းတွင် အကြီးမားဆုံးသော ဆိုက်ဘာတိုက် ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟက်ကာအဖွဲ့သည် ငွေကြေးဆိုင်ရာ အချက်အလက် များနှင့် ကိုယ်ရေး ကိုယ်တာများကို ခိုးယူသိရှိ နိုင်ရန် ကြိုတင်ကြံ စည် ထားပြီး "Yahos" software ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြ၀တီ

0 comments:
Post a Comment