Pages

Monday, December 17, 2012

ဲဗြိတိန် ဝန်ကြီးချုပ်သည် HUAWEI ကုမ္ပဏီအား အမည်ပျက် စာရင်း ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေ



Monday, 17 December 2012

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huaw
ei အား ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူရန် ဆုံးဖြတ်ခဲ့လျှင် ဗြိတိန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်
ဒေါ်လာဘီလီယံ များစွာ ကုန်သွယ်မှုအား ထိခိုက်လာနိုင်ဖွယ် ရှိကြောင်း သိရှိရပါသည်။

ဗြိတိန် ဝန်ကြီးချုပ်သည် နိုင်ငံတကာ ကုမ္ပဏီနှင့် တရုတ် စစ်တပ်တို့၏ ဆက်နွယ်မှုကို သီတင်းပတ် နှစ်ပတ်အတွင်း စုံစမ်းဖော်ထုတ် လာမည့် အစီရင်ခံစာကို စောင့်စားနေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီသည် တရုတ် အစိုးရအတွက် သူလျှို လုပ်ပေးနေသည့် အချက်နှင့် ပတ်သက်၍ ဗြိတိန် အစိုးရ အတွင်း စိုးရိမ်စိတ်များ မြင့်တက်နေကြောင်း သိရှိရပါသည်။

ဗြိတိန် ဝန်ကြီးချုပ်သည် အဆိုပါ ကုမ္ပဏီအား အမည်ပျက် စာရင်း
ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းတစ်ခု အရ သိရှိရပါသည်။ ဗြိတိန်နိုင်ငံတွင် Huawei သည် နာမည်ကြီး ပစ္စည်းမျိုး မဟုတ်သော်လည်း ဥရောပရှိ ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏
လေးပုံတစ်ပုံကို ထိန်းချုပ်ထားကြောင်းနှင့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ 4G စနစ် ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏ တစ်ဝက်ကို ပိုင်ဆိုင်ထားကြောင်း သိရှိရ ပါသည်။

မြ၀တီ
52

0 comments:

Post a Comment