Pages

Thursday, September 13, 2012

သမ္မတဦးသိန်းစိန် ကုလအထူးကိုယ်စားလှယ်ကို တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။ သမ္မတဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂခရီးစဉ်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်းက အခြေအနေ စတာတွေကို ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်း ထုတ်ပြန်ပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့နှင့် အတူ UNDP မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam တက်ရောက်သည်။ (ဓါတ်ပုံ-သမ္မတရုံး ၀က်ဆိုဒ်)

0 comments:

Post a Comment