Pages

Saturday, September 15, 2012

ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်မှုနှင့်အတူ မြန်မာရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၈၀၀၀၀၀ နီးပါးအထိထိုးတက် သုံးလအတွင်း တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းအထိ ဈေးမြင

ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေဈေးမှာလည်း တစ်ကျပ်သားလျင် ကျပ် ၈၀၀၀၀၀ နီးပါးအထိစံချိန်တင် ထိုးတက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။

ကမ္ဘာ့ရွှေဈေးမှာ ၂၀၁၂ ခု နှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၇၃ ဒေါ်လာအထိမြင့်တက်ခဲ့ပြီးနောက် မြန်မာ့ရွှေဈေးမှာလည်း အဆိုပါနေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၇၉၀၀၀၀ အထိထိုးတက်ခဲ့ ခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးမှာ လွန်ခဲ့သည့် မေလက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၅ ဒေါ်လာသာ ရှိခဲ့ရာမှ ယခုအခါ ၁၇၇၃ ဒေါ်လာအထိ မြင့်တက်ခဲ့ခြင်းဖြစ်၍ လေးလအတွင်း တစ်အောင်စလျှင် ၂၁၈ ဒေါ်လာထိ ဆက်တိုက်မြင့်တက်လာ ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရွှေဈေးမှာ လွန်ခဲ့သည့် ဇွန်လအတွင်းက တစ်ကျပ်သားလျင် ကျပ် ၆၉၃၈၀၀ သာရှိခဲ့ရာမှ ယခု စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျပ် ၇၉၀၀၀၀ အထိမြင့်တက်လာခဲ့ရာ သုံးလအတွင်း တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းနီးပါးအထိ ထိုးတက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာ့ရွှေပေါက်ဈေးမှာ သမိုင်းတစ်လျှောက်စံချိန်တင် မြင့်တက်ခြင်းလည်းဖြစ်ပြီး ရွှေဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များသုံးသပ်မှုအရ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးလိုက်ပါမြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က''ကမ္ဘာ့ရွှေဈေးမြင့်လို့ မြန်မာ့ရွှေဈေး မြင့်ရတာပါ။ ကမ္ဘာ့ရွှေဈေးက မနက်နဲ့ ညနေဈေး ချက်ခြင်းပြောင်းတာမျိုးက ဖြစ်လေ့ဖြစ်ထ မရှိဘူး။ အခု ကမ္ဘာ့ရွှေဈေးက မနက်ဈေးနဲ့ ညနေဈေးတောင် မတူဘူး''ဟု သုံးသပ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးထိုသို့ ထိုးတက်လာပါက ဈေးနှုန်းထိန်းသိမ်းသည့်အနေဖြင့် နိုင်ငံတကာရှိ ပုဂ္ဂလိကဘဏ်များမှ ရွှေထုတ်ရောင်းမှုများ ပြုလေ့ရှိကြောင်း၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ထိုသို့ထုတ်ရောင်းပြီး နှစ်လအကြာတွင် ကမ္ဘာ့ရွှေဈေး ပြန်လည်တည်ငြိမ်ခဲ့သည်။

လအလိုက်ပျမ်းမျှ ကမ္ဘာ့ရွေဈေးနှုန်းများ
(အောင်စ၊ အမေရိကန်ဒေါ်လာ)
လအမည် ဈေးနှုန်း
၂၀၁၂ မေ ၁၅၅၅ .၁၅
၂၀၁၂ ဇွန်လ ၈ ရက် ၁၅၆၆ .၉၄
၂၀၁၂ ဇွန်လ ၁၂ ရက် ၁၅၉၇ .၀၃
၂၀၁၂ ဇူလိုင် ၂၀ ရက် ၁၅၈၄
၂၀၁၂ သြဂုတ် ၁၁ ရက် ၁၆၂၀ .၅၀
၂၀၁၂ သြဂုတ် ၁၅ ရက် ၁၆၇၀ .၆၆
၂၀၁၂ စက်တင်ဘာ ၁ ရက် ၁၆၉၁ .၁၅
၂၀၁၂ စက်တင်ဘာ ၈ ရက် ၁၇၃၆ .၀၅

မြန်မာ့ရွှေပေါက်ဈေးများ(ကျပ်သား၊ ကျပ်)
ရက်စွဲ အခေါက်ဈေး
၂၄-၂-၂၀၁၂ ၇၅၈၀၀၀
၂ .၃ .၂၀၁၂ ၇၄၆၀၀၀
၉ .၃ .၂၀၁၂ ၇၃၀၀၀၀
၁၅ .၃ .၂၀၁၂ ၇၃၀၀၀၀
၂၃ .၃ .၂၀၁၂ ၇၂၁၀၀၀
၃၀ .၃ .၂၀၁၂ ၇၂၅၀၀၀
၆ .၄ .၂၀၁၂ ၇၁၉၀၀၀
၂၇ .၄ .၂၀၁၂ ၇၂၀၀၀၀
၁၁ .၅ .၂၀၁၂ ၇၀၂၅၀၀
၁၈ .၅ .၂၀၁၂ ၇၀၁၀၀၀
၂၃ .၅ .၂၀၁၂ ၆၉၃၈၀၀
၁ . ၆ . ၂၀၁၂ ၆၉၆၅၀၀
၇. ၆. ၂၀၁၂ ၇၁၀၀၀၀
၈ .၆. ၂၀၁၂ ၇၁၀၀၀၀
၁၆ .၆ .၂၀၁၂ ၇၂၅၀၀၀
၂၉ .၆ .၂၀၁၂ ၇၂၀၀၀၀
၆ .၇ ၂၀၁၂ ၇၃၄၀၀၀
၂၇ .၇ .၂၀၁၂ ၇၃၆၈၀၀
၀၄/၀၈/၂၀၁၂ ၇၃၃၅၀၀
၁၈ .၈ .၂၀၁၂ ၇၄၁၅၀၀
၂၅ .၈ .၂၀၁၂ ၇၅၅၀၀၀

0 comments:

Post a Comment