၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စု (National Emdowment For Democracy)ကချီးမြှင့်သည့် ဒီမိုကရေစီ လှုပ်ရှားသူများဆု ကိုအမေရိကန်နိုင်ငံသို့ သွားရောက်ရယူနိုင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများထံမှ သိရှိရသည်။
နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရာ တွင် ၈၈ မျိုးဆက်ကျောင်းသား ၁၇ ဦး အနက် ၃ ဦးသာရရှိသဖြင့် ယင်းခရီးစဉ်ကို မသွားရောက်နိုင်ခြင်းပြီး၊ ကိုမင်းကိုနိုင်သည် နိုင်ငံကူးလက်မှတ် ရရှိသော်လည်း ၈၈ မျိုးဆက်အားလုံး နိုင်ငံကူးလက်မှတ် ထုတ်ပေးမှသာ နိုင်ငံတကာ ခရီးစဉ်များကို သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များက ဆိုသည်။
The Voice Weekly
 |
ရန်ကုန် စက်တင်ဘာ (၁၃) -------------------------- ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်နှင့်ကိုပြုံးချိုတို့သည် ရန်ကုန်မြို့၌ရောက်ရှိနေသော အမေရိကန်နိုင်ငံ CARNEGIE COUNCIL ၏ The Voice for Ethics in International Affairs ဌာနမှSenior Program Director and Senior Fellow ဖြစ်သူ Mr.Devin T. Stewart အား ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် နံနက်(၁၁)နာရီက လက်ခံတွေ့ဆုံခဲ့သည်။ ထို သို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းဆိုင်ရာဆောင်ရွက်ချက်များ၊ အရပ်ဘက်လူ့အဖွဲအစည်းအတွင်း တရားမျှတမှုဖော်ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ ၊တိုင်းရင်သားဒေသများ တွင်ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဖြင့် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။
|
0 comments:
Post a Comment