Pages

Saturday, September 15, 2012

အမေရိကား ကို မသွားဘဲ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ကို သွားတဲ့ ခေါင်းဆောင်.




ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ
အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့
ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ
အရောက်လာခဲ့တာဖြစ်ပါတယ်။"


နောက်ဆုံးရရှိတဲ့သတင်းအရ ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်၊
ကိုပြုံးချို၊ကိုမာကီး၊ ကိုသက်ဇော်(ခ)ဇောက်ထိုး တို့နဲ့DVB သတင်းထောက် တစ်ဦးတို့
ဟာမနက်ဖြန်မှာ တိုက်ပွဲပြင်းထန နေတဲ့် ဖားကန့် ဒေသ နှစ်ဘက်တိုက်ပွဲကြားထဲကို
ဝင်ကြတော့ မှာဖြစ်ပါတယ်။

အဲဒီနေရာမှာ ဒေသပေါင်းစုံက အလုပ်လာရောက်လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲကျော်
ပိတ်မိနေပြီး ဒုက္ခသည် တွေလည်းရှိနေတဲ့အတွက် သူတို့တွေအတွက်၊စစ်ကိုရပ်တန့်စေ
ရေးအတွက် ဒီလိုလုပ်ရတာပါလို့၈၈ မျိုးဆက်ကျောင်းသားများကဆိုပါတယ်။

လိုအပ်ရင် ကချင်လူထုနဲ့အတူ စစ်တလင်းထဲမှာ လူထုရှေ့က မားမားမတ်မတ်ရပ်ပြီး
အသေခံသွားကြ မယ်လို့ပြောပါတယ်။

ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်
ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။


By- Aung Thu Ra

ဒေါင်းမာန်ဟုန်

0 comments:

Post a Comment