Pages

Thursday, September 6, 2012

ယနေ့ နံနက် ပုဇွန်တောင်မြို့နယ်တွင် လူသတ်မှုတစ်ခု ဖြစ်ပွါး

စက်တင်ဘာ(၆)နံနက်ပိုင်းက လူသတ်မှုတစ်ခု ပုဇွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဦးဝိဇ္ဖာလမ်းရှိ တိုက်တစ်တိုက်မှ (၅)လွှာတွင်နေထိုင်သူ အသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်း ဆီဟန်ဖြစ်ပြီး၊ မီးဖိုခန်းထဲတွင် ထိုးသွင်းဒဏ်ရာ (၁၀)ချက်မျှဖြင့် သေဆုံးနေ ခြင်းဖြစ်သည်။

သူ၏ သမီးဖြစ်သူ အပြင်မှ ပြန်လာစဉ် အိမ်တံခါးကို သော့ဖြင့် ခတ်ထားသည့် အပြင် မိခင်ကိုလည်း ခေါ်မရသဖြင့် သော့ပြင်ဆရာကိုခေါ်ကာ သော့ဖွင့်ပြီး အိမ်ထဲသို့ဝင်ရာ မီးဖိုခန်းတွင် မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။

ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်းသိရသည်။

အမှုကို ပုဇွန်တောင်ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်းလျှက်ရှိကြောင်းသိရသည်။

သူရထွန်း - Popular Myanmar News Journal




0 comments:

Post a Comment