Pages

Saturday, September 15, 2012

ဇိမ်ခံအိမ်ကား Futuria Motor Home


၂၀၁၀ ခုနှစ် အောက်တိုဘလက ဂျာမနီနိုင်ငံက၊ ကားပြပွဲတစ်ခုမှာ ဝင်ရောက်ပြသသွားတဲ့ ကား ဖြစ်ပါတယ်။

ဇိမ်ခံအိမ်ကား ဖြစ်ပြီး futuria luxury motorhome လို့အမည်ပေးထားပါတယ်။ မီးဖိုချောင်၊ အိပ်ခန်း၊ ဧည့်ခန်း ပါဝင်ပြီး အမိုးမှာ လူတစ်ယောက် ဝင်စရာ ရေကူးကန်ငယ် တစ်ခု ပါရှိပါသေးတယ်။ ပြိုင်ကား ထည့်ထားဖို့အတွက်လည်း ကားဂိုဒေါင်ပါရှိပါတယ်။ ကားခေါင်မိုးကို ဝရံတာ တစ်ဖစ်အောင် ပတ်ပတ်လည်းမှာ လက်ရန်း တပ်ဆင် ထားပေးပါတယ်။


ခရီးဝေးသွားဖို့အတွက် အမှိုက်စွန့်စရာ သိုလှောင်ခန်းတစ်ခု လည်းကားနောက်ဘက်မှာ အခန်းဖွဲ့ပေးထား ပါတယ်။ အိမ်တစ်လံးမှာလိုအပ်တဲ့ အခန်း၊ ပစ္စည်းတော်တော်များများ ပါဝင်ပြီး၊ ရေပေးစနစ်၊ မီးပေးဝေစနစ် တို့ကို သင်္ဘောတွေထဲက လို တပ်ဆင်ပေးပါတယ်။ ကားမောင်းနှင်ရန် အင်ဂျင်နဲ့ ကားနောက်ခန်းက ဇီမ်ခံအိမ်အတွက် ဂျနရေတာ သက်သက် ဆီ ခွဲထားပါတယ်။ သာမန် ကုန်တင် ထရတ်ကား တစ်စီးကို ဇိမ်ခံကားအဖြစ် ပြောင်းလဲ လိုက်ခြင်း ဖြစ်ပေမယ့် အဲယားကွန်းစနစ်၊ ရေပေးဝေမှုစနစ်၊ မီးပေးစနစ်တို့အတွက် အင်ဂျင်ပိုလာပါတယ်။ ၁၁ မီတာ ရှည်တဲ့ ညမြင်ကွင်းကြည့်ရှု ရန် ဝရံတာကိုလည်း ယခုလို မြင်တွေ့ရပါတယ်။

မိသားစု တစ်စုစာ အပန်းဖြေခရီးသွားရန် အသုံးတည့်တဲ့ ဇိမ်ခံအိမ်ကား ဖြစ်ပါတယ်။ ၃၀၀၀ စီစီ စလင်ဒါလေး လုံး ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေအား ၁၇၀ထုတ် လုပ်နိုင်ပါတယ်။ Futuria Motor Home ရဲ့  ဈေးနှုန်းကတော့ ယူရိုငွေ ၁သိန်း ၆ သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
---
Ref:zercustoms
Aung Kham (TSJ team)










0 comments:

Post a Comment