မုံရွာခရိုင် ဆားလင်းကြီးမြို့
နယ် လက်ပန်းတောင်းတောင်
ကြေးနီတူးဖော်ရေးလုပ်ငန်း
စီမံကိန်းနယ်မြေအတွင်း
ပြောင်းရွှေ့ကျေးရွာလေးရွာ
မှ မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်း ၁၂၀ကျော်သည် နိုဝင်ဘာ
၂ ရက်မှစ၍ လုပ်အားခလစာ အပြည့်အ၀ရရှိရေးအတွက် တောင်းဆို
ခဲ့ရာ မပြေလည်သဖြင့် နိုဝင်ဘာ ၆ ရက် ညက ညလုံးပေါက်
ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
"တောင်းဆိုမှုက နိုဝင်ဘာ ၂ ရက်က စတင်ခဲ့တာပါ။ နိုဝင်ဘာ ၅ ရက်မှာလည်း မြန်မာဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ပြောင်းရွှေ့
ကျေးရွာလေးရွာက ၀န်ထမ်းကိုယ်စားလှယ်တွေ ညှိနှိုင်းခဲ့ပါတယ်။
ဒီနေ့ မြန်မာဝမ်ပေါင်ကုမ္ပဏီဘက်က နေ့လယ် နှစ်နာရီမှာ
ဖြေရှင်းပေးမယ်ဆိုပြီး မဖြေရှင်းပေးတဲ့အတွက် အခုလို ညလုံးပေါက်
ဆန္ဒဖော်ထုတ်တာပါ။ အဓိကတောင်းဆိုတာက လုပ်ခလစာ
အပြည့်အ၀ရရှိရေး၊ အလုပ်သမားအခွင့်အရေးတန်းတူရရှိရေး၊ မြန်မာဝန်
ထမ်းအချင်းချင်း ဖိနှိပ်မှုမရှိရေး စတဲ့အချက်တွေ တောင်းဆိုပါတယ်။
အခြေခံဝန်ထမ်းလစာကို အက်ဖ်အီးစီ ၁၂၀ တိုးမြင့် တောင်းဆိုထားပါတယ်"ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့
တွင် ဆန္ဒဖော်ထုတ်နေသော ပြောင်းရွှေ့ကျေးရွာလေးရွာမှ
ဝန်ထမ်းတစ်ဦးကပြောသည်။
"ပြောင်းရွှေ့ကျေးရွာလေးရွာကို ဦးစားပေးခန့်ထားခဲ့တာ ရွာသိမ်း၊
မြေသိမ်း တောင်သူတွေပေါ့။ ဇွန်လကစ ခန့်ခဲ့တာ ၀န်ထမ်း ၂၄၂ ဦးရှိပြီ။ စောစောပိုင်းက နေ့စားဝန်ထမ်းအနေနဲ့ ခန့်ခဲ့တာ။ နေ့စား
တစ်ရက်ကို ၃၁၀၀ ကျပ်နှုန်းနဲ့ ခံစားခွင့်ပြုခဲ့ရာက အောက်တိုဘာ
၁ ရက်ကစပြီး အခြေခံလစာ အက်ဖ်အီးစီ ၁၁၀ ကနေစပြီးခံစား
ခွင့်ပေးခဲ့တာ။
အခုအက်ဖ်အီးစီ ၁၂၀ တိုးတောင်းတာမရလို့ ဆန္ဒထုတ်ဖော်နေကြ
တာပါ။ မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေလည်း ဒီကိစ္စဖြေရှင်းပေး
ဖို့ ရန်ကုန်ကရုံးချုပ်ကို ဆင်းသွားကြတယ်"ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ ဆန္ဒထုတ်ဖော်လျက်ရှိသည့် ၀န်ထမ်းများ
မှာ သန့်ရှင်းရေး၊ လုံခြုံရေး၊ အထွေထွေ စသော တာဝန်များထမ်းဆောင်သော အခြေခံဝန်ထမ်းများဖြစ်သည်။
၎င်းတို့မှာ မြန်မာဝမ်ပေါင်ကုမ္ပဏီတွင် ယခုနှစ် ဇွန်လနောက်ပိုင်း နေ့စားဝန်
ထမ်းအဖြစ်မှ အောက်တိုဘာ ၁ ရက်မှစ၍ အခြေခံလုပ်ခလစာ
အက်ဖ်အီးစီ ၁၁၀ ဖြင့် လခစားဝန်ထမ်းအဖြစ် လုပ်ကိုင်နေ
သူများဖြစ်သည်။
ညလုံးပေါက်ဆန္ဒပြသော အလုပ်သမားများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ
ယနေ့ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
7 Day News

0 comments:
Post a Comment