Pages

Wednesday, November 7, 2012

"ရန်ကုန် ညမင်းသားပြိုင်ကားများနှင့် အုပ်စုဖွဲ့ရမ်းကားနေသည့် ညလူဆိုးများကို စတင်နှိမ်နင်းပြီ"




ညအချိန် ကားပြိုင်မောင်းခြင်းနှင့်
အုပ်စုဖွဲ့ဝိုင်းဝန်း ရိုက်နှက်မှုများရှိ
 နေခြင်းကြောင့် ကမ္ဘာအေး ဘုရား
လမ်းနှင့် ပြည်လမ်းတစ်လျှောက်
ဖမ်းဆီး စစ်ဆေးမှုဆောင်ရွက်နေ

သည့် ၃ ရက်တာကာလအတွင်း ပြိုင်ကား ၁၂ စီး အရေးယူခဲ့ကြောင်း
 ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထိပ်တန်း အရာရှိ
တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားပြိုင်မောင်းခြင်း အပါအဝင် အုပ်စုဖွဲ့
ရိုက်နှက်ခြင်းများ ဆက် တိုက်ဖြစ်လာနေ၍ ထပ်မံ မဖြစ်ပွား စေရန်
 အောက်တိုဘာလ နောက်ဆုံး ပတ်မှစကာ ည ၁၁ နာရီမှ နံနက် ၃
နာရီအထိ စစ်ဆေးရေးအဖွဲ့ဖြင့် ရန်ကုန်မြို့အတွင်း အမှုအခင်း ဖြစ်
 နိုင်ခြေရှိသည့် အဓိက လမ်းမကြီး နှစ်ခုကိုရွေးချယ်၍ တိုင်းဒေသကြီး
 ရုံးမှ ရဲအင်အားနှင့် သက်ဆိုင်ရာ ရဲစခန်းမှ ရဲအင်အားတို့ ပူးပေါင်း
 ဆောင်ရွက်ခြင်းဖြစ်သည် ဟု၎င်းက ပြောသည်။

စတင်စစ်ဆေးဆောင်ရွက် သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် မသင်္ကာ
ဖွယ်ရာဟု ယူဆရသည့် ကားတိုင်းကို စစ်ဆေးရာ နှစ်စီး၊ နိုဝင်ဘာ ၄ ရက်နေ့တွင် လေးစီးနှင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ၆ စီး
ကိုဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး တစ်ည အိပ်ထိန်းသိမ်းခြင်းနှင့်
ချလံဖြတ်ဒဏ်ရိုက်ခြင်းတို့ ဆောင်ရွက်ခဲ့ သည်ဟု ရန်ကုန်တိုင်း
 ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။


လက်ရှိဆောင်ရွက်နေသည့် စစ်ဆေးမှု အချိန်ကို လိုအပ်ပါက
 လိုအပ်သလို အချိန် တိုးမြှင့်သွား မည်ဖြစ်ကြောင်း ရန်ကုန်
တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက
ထပ်လောင်းပြောသည်။

အောက်တိုဘာလ ၂၃ ရက် ညပိုင်းက နှင်းဆီကုန်း ဘိုးဘွားရိပ် သာရှေ့
တွင် ကားပြိုင်မောင်းသူ လူတစ်စုက လူသုံးဦးကို ဝိုင်းဝန်း ရိုက်နှက်ခြင်း၊
 အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းက ဆူးလေ ခုံး တံတားနားတွင်
ကိုယ်ပိုင်ကား မောင်းနှင်သူကို ကားပြိုင်မောင်း သည့် ကားသုံးစီးမှ
လူတစ်စု က ဝိုင်းဝန်းထိုးကြိတ်ခြင်းနှင့် နိုဝင်ဘာ ၁ ရက်နေ့က ကမာရွတ်မြို့
နယ် အင်းစိန်လမ်းနှင့် စံရိပ်ငြိမ်ထိပ်တွင် မောင်းနှင်လာသည့် ကားတစ်စီးကို
ယာဉ်နှစ်စီးက ပိတ်ရပ်ပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုတို့ရှိခဲ့ရာ သက်ဆိုင်ရာ
ရဲစခန်း အသီးသီးတွင် အမှုဖွင့်ထား ကြသည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့
စာရင်း တို့အရ သိရသည်။

လသာမြို့နယ်တွင် နေထိုင်သူ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီး
 တစ်ဦး က ''အခုရက်ပိုင်းမှာ ကြားရသိရသလောက်က မထိတ် သာ၊
 မလန့်သာတွေ ကြီးပဲ။ ဖြစ်တာ ကလည်း အချက်အချာကျတဲ့ နေရာ
ဆိုတော့ ကိုယ့်သားသမီးတွေ ကို စိုးရိမ်မိတယ်။

ညအချိန် အပြင်လွှတ်ရင် မလုံခြုံဘူးလို့ ခံစား နေရတယ်။ ဒါတော့
 မဖြစ်သင့်ဘူး''ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ရုံးမှ တာဝန်ရှိသူ၏ အဆိုအရ ၄င်းတို့
အနေဖြင့် ရန်ကုန်၏ လုံခြုံရေး ရယူရာတွင် ရဲအင်အား လုံလောက်သည့်
 အနေအထား မရှိပါ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။






မင်းသုအောင်၊ ညွန့်ဝင်း

0 comments:

Post a Comment