Pages

Monday, November 12, 2012

တောင်ကိုရီးယားပိုင် စက်ရုံက အလုပ်သမား ၇၀ ကျော် အလုပ်ထုတ်ခံရ


ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့
နယ်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင်
 မြန်မာဟေးဝေး (Myanmar Hae
 Wae) အထည်ချုပ်စက်ရုံက အလုပ်
သမား (၇၀)ကျော်ကို စက်ရုံဘက်
ကနေ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ဒီကနေ့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့မှာ အလုပ်သမား (၇၀)ကျော်ဟာ စက်ရုံမှာ အလုပ်ဆင်းဖို့ သွားရောက်တာကို စက်ရုံဘက်က ၀င်ခွင့်မပြုဘဲ အလုပ်ထုတ်လိုက်တဲ့ အကြောင်း အသိပေးပြောကြားလိုက်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက မကျေနပ်ကြဘူးလို့ အလုပ်သမားခေါင်းဆောင် ဒေါ်သန်းသန်းဦးက RFAကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က အရည်အသွေး စစ်ဆေးရေးဌာနက အလုပ်သမား (၁၉)ဦးကို တခြား အလုပ်ဌာနတစ်ခုကို ပြောင်းရွှေ့လိုက်တာနဲ့ ပက်သက်ပြီး အလုပ်သမားတွေဖက်က  မကျေနပ်တဲ့အတွက် ဌာနတူ အလုပ်သမား (၇၀) ကျော်ဟာ အဲဒီနေ့မှာပဲ စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး မြို့နယ်အလုပ်သမားဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်ဝန်ထမ်းတွေက ဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင် (၆) ဦးကို ခေါ်ယူပြီး စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေဟာ အခုလို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံရတာကို မကျေနပ်တဲ့အတွက် တိုင်းအလုပ်သမားရုံးအထိ တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။ အဲဒီ ကိုရီးယားနိုင်ငံသားပိုင် မြန်မာဟေးဝေး အထည်ချုပ်စက်ရုံမှာ အလုပ်သမားပေါင်း (၁၈၀၀) ကျော် ရှိတယ်လို့ သိရပါတယ်။


RFA (မြန်မာပိုင်း)


 ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်က လှိုင်သာယာစက်မှုဇုန် YES – Inno အထည်
ချုပ်စက်ရုံက အလုပ်သမားများ အခြေခံ လုပ်ခလစာ တိုးပေးရေး
 တောင်းဆို ဆန္ဒပြနေကြစဉ်။

0 comments:

Post a Comment