ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ
အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့
ချုပ် က ဒီကနေ့ ငွေကျပ်သိန်း တစ်
စစ်ကိုင်းတိုင်းအတွက် ကျပ်သိန်း ၅ဝ နဲ့ မန္တလေး
တိုင်းအတွက် ကျပ်သိန်း ၅ဝ ကို သက်ဆိုင်ရာ တိုင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေကနေ တဆင့် ငလျင်ဒဏ်ခံ ပြည်သူတွေကို လှူဒါန်းသွား
မယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့
ညနေပိုင်း အိန္ဒိယနိုင်ငံကို မထွက်ခွာခင်မှာ အခုလို လှူဒါန်းဖို့ ညွန်ကြားခဲ့တာ
လို့ သိရပါတယ်။
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်
လှုဒါန်းတဲ့ ငွေကို မတည်ပြီး မြို့မိမြို့ဖတွေ စေတနာရှင်တွေရဲ့ အကူအညီ
ကိုလည်း ရယူသွားဖို့အတွက် ကော်မီတီတစ်ရပ်ဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့
တိုင်းအဖွဲ့ဝင် ဦးမျိုးနိုင်က RFA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးမှာ မနေ့မနက်က အင်အား ၆ ဒဿမ ၈ ရှိတဲ့ငလျင်
လှုပ်ခတ်သွားတဲ့ အတွက် စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်း အတွင်းက မြို့နယ်တွေမှာ
ပျက်စီး ဆုံးရှုံးမှုတွေ များသလို သေဆုံးသူ ၁၃ ယောက်လောက် အထိ ရှိနိုင်
တယ်လို့ ပြောကြပါတယ်။
မနေ့ကလှုပ်ခတ်သွားတဲ့ငလျင်ဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို ရွှေ
ဘိုဆေးရုံ၊ ကျောက်မြောင်းဆေးရုံ၊ စဥ့်ကူးဆေးရုံတွေကို တင်ပို့ကုသနေကြပြီး
ပြင်းထန်သူတွေကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို သယ်ယူကုသနေပါတယ်။
တစ်ချိန်တည်းမှာလည်း ငလျင်လှုပ်ခတ်သွားတဲ့ ဒေသတွေမှာ လူထုကို အသိ
ပညာပေးဖို့ အတွက် မြန်မာနိုင်ငံ ငလျင်ပညာကော်မီတီဝင် ငါးဦးဟာ ဒီကနေ့
ရွှေဘိုမြို့ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

0 comments:
Post a Comment