Pages

Wednesday, November 14, 2012

ကမ္ဘာကျော် အိန္ဒိယ စာရေးဆရာ မြန်မာပြည် လာမည်


Thursday, November 15, 2012

ကုန်းဘောင် မင်းဆက်မှ တော်ဝင် မိသားစု၏ သမိုင်းနောက် ခံရာဇဝင် ဇာတ်လမ်းကို ‘မှန်နန်းတော်’ (Glass Palace) ဟူသော ဝတ္ထုဖြင့်
ရေးသားခဲ့သူ စာရေးဆရာကြီး အမီတပ်ဂို့ရှ်သည် မကြာမီ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိမည်ဟု သိရသည်။


အမီတပ်ဂို့ရှ်ကို ၁၁-၇-၁၉၅၆ ရက်တွင် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တား မြို့တွင် မွေးဖွားခဲ့ကာ ဘင်္ဂလားဒေ့ရှ် နှင့်သီရိလင်္ကာ နိုင်ငံတို့တွင် နေထိုင် ခဲ့၏။ ကျောင်းပညာကို အိန္ဒိယနိုင်ငံ နယူးဒေလီ၊ အင်္ဂလန်နိုင်ငံအောက် စ်ဖို့ဒ်၊ အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့၏။

စာရေးဆရာ အဖြစ် စာအုပ် များစွာရေးသား ခဲ့ပြီး ဘာသာပေါင်း ၂ဝ ကျော် ဘာသာပြန်ခြင်း ခံရသော စာရေးဆရာ ဖြစ်၏။ ‘မှန်နန်းတော်’ (Glass Palace) စာအုပ်သည် နိုင်ငံ တကာ အီးဘွတ်ခ်ဆု ရရှိခဲ့သည်။

စာရေးဆရာ အမီတပ်ဂို့ရှ်သည် ၁၅-၁၁-၂ဝ၁၂ ရက်မွန်းတည့် ၁၂ နာရီတွင်
မြန်မာနိုင်ငံ စာရေးဆရာ အသင်း၌ စာရေးဆရာများနှင့် တွေ့ဆုံပြီး ထိုနေ့ညနေ ၅ နာရီခွဲတွင် အိန္ဒိယသံရုံးခန်းမ၌ အမှတ်တရဟော ပြောပွဲ ကျင်းပသွားမည်ဟု သိရ၏။

Popular Myanmar News Journal

0 comments:

Post a Comment