ယနေ့ညနေ ၅နာရီ ၂၅မိနစ်
တွင် မန္တလေး၌ ငလျင်ထပ်မံ
လှုပ်ခတ်သွားကြောင်း မန္တလေးမြို့ 
ခံ တဦးက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ အသေအပျောက်များတယ်လို့ ဖုန်းသတင်းရရှိပါတယ်။ ရတနာသီဟ ကားတစ်စင်းဆိုရင် ငလျင်ကြောမိပြီး မှောက်သွားတာ လူ၆ယောက် သေသွားတယ်လို့ပြောပါတယ်။ သပိတ်ကျင်းအချုပ်ခန်းထဲက လူတွေလည်းမြေပြိုတယ်လို့ပြောပါတယ်။
မြေငလျင်နောက်ဆက်တွဲ (၂၀)
ငလျင်ဒဏ်သင့် ပြည်သူများ နေအိမ်အတွင်း ပြန်လည်နေထိုင်ရန် အခက်အခဲကြုံ
ရွှေဘို၊ နိုဝင်ဘာ - ၁၁
ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲဒေသအနီးတစ်ဝိုက် နွယ်ငြိမ်းကျေးရွာ၊ မလားကျေးရွာ၊ မခေါက်ကျေးရွာတို့တွင် နိုဝင်ဘာလ(၁၁)ရက်က ငလျင်ဒဏ်ကြာင့် နေအိမ်များပျက်စီးဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည့်နောက်ပိုင်း နေအိမ်များအတွင်းပြန်လည်နေထိုင်ရန်အခက်အခဲကြုံတွေ့နေရကြောင်းအဆိုပါကျေးရွာ သေခံများပြောကြာ
းသည်။
"ဒီလိုအဖြစ်အပျက်မျိုးလွန်ခဲ့တဲ့နှစ်ပေါင်း(၆၀)ကျော်တုန်းက ပုဂံငလျင်လှုပ်ချိန်ကတစ်ကြိမ်ကြုံတွေ့ခဲ့ရဖူး
တယ်။အဲဒီအချိန်တုန်းက အသံတွေပေးပြီးတုန်ခါတယ် ဒီ့ထက်လည်းပြင်းထန်တယ်။တိုက်တာအဆောက်အဦး
တွေသိပ်မရှိသေးလို့ အပျက်အစီးတိုက်တာအဆောက်အအုံ ကြီးကြီးမားမားမရှိသေးဘူး။လူနေအိမ်တွေအားလုံး
နီးပါးပြားပြီးပျက်စီးသွားတယ်။အခုလည်းအိမ်တွေပျက်စီးမှုပိုများတယ်။မြေလွှာ
အက်ကြောင်းကြီးတွေလည်းပိုကြီးတယ်" ဟု မလားကျေးရွာဒေသခံ(အသက် ၇၄နှစ်အရွယ်)အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးကပြောသည်။
"မလားကျေးရွာမှာ အိမ်ခြေ(၁၆၂)အိမ်၊လူဦးရေ(၆၆၈)ဦးနေထိုင်ပါတယ်။ကျောက်မြောင်းမြို့နယ်ခွဲအနီးတစ်
ဝိုက် ပျက်စီးဆုံးရှုံးမှုအများဆုံးကျေးရွာလို့ပြောလို့ရတယ်။တိုက်တာအဆောက်အအုံ ခြောက်လုံး၊ပျဉ်ထောင်၊ကပ်ကာ
နေအိမ်(၁၁)လုံးက လုံးဝပြားသွားတယ်။လူတွေအားလုံးကတော့ ဘောလုံးကွင်းထဲမှာနေကြတယ်။အိမ်ထဲမှာမနေ
ရဲဘူး" ဟု မလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းထွန်းကပြောသည်။
"အိုးထွက်တဲ့နွယ်ငြိမ်းမှာ ငလျင်ကြောင့်အိုးတွေကွဲကုန်လို့သောက်စ
ရာရေအိုးတောင်မရှိတော့ဘူး။
နေစရာအိမ်ကလည်းလဲပြိုသွားတော့ နေရေးထိုင်ရေးအခက်အခဲတွေဖြစ်နေပြီ။
အစစအရာရာအခက်အခဲတော့
ရှိတာပေါ့" ဟု မလားကျေးရွာတွင် နေအိမ်လဲပြိုသွားသူတစ်ဦးကပြောသည်။
နိုဝင်ဘာလ(၁၁)ရက်နေ့နံနက်(၇)နာရီ(၄၅)မိနစ်အချိန် ငလျင်လှုပ်ခတ်ပြီးသည့်နောက်ပိုင်း
နေ့လယ် (၂)နာရီခွဲတွင် တစ်ကြိမ် ညနေ(၅)နာရီ မိနစ်(၂၀)တွင်တစ်ကြိမ် အင်အားအသင့်အတင့်ရှိ နောက်ဆက်တွဲမြေငလျင်များ
ထပ်မံလှုပ်ခဲ့သဖြင့် ဒေသခံများစိုရိမ်စိတ်ဖြင့် လမ်းမကြီးများ ဘောလုံးကွင်းများနှင့်
ကွင်းပြင်များတွင် ခတ္တ
နေထိုင်လျက်ရှိသည်။
အဆိုပါ နောက်ဆက်တွဲ မြေငလျင်မှာ အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၈
ရှိကြောင်း မိုးဇလက သတင်းထုတ်ပြန်သည်။
Diamond plaza မန္တလေးတွင်
ညနေ ၅း၃၅ နာရီ ငလျင်လှုပ်နေစဉ် မြင်းကွင်း

0 comments:
Post a Comment