ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ
ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော
ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်
ကန်တောင်ကျေးရွာအနီးရှိ ရွှေတွင်း
တစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး
ပိတ်မိနေကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
“ခုတောင် ငလျင်က ပြန်လှုပ်နေတယ်” ဟု ၄င်း က နေ့လည် ၁၂နာရီ ၁၅မိနစ် တွင် ပြောကြားသည်။
ရွှေတွင်းထဲတွင် ပိတ်မိနေသော ရွှေလုပ်သား ၁၁ဦးကို ဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်ပြီး အခြေနေ အသေးစိတ်ကို မသိရှိရသေးကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။
ယနေ့လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းတော်ကြီးကျောင်းအတွင
ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန်
..............................
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ နိုင်ငံတော် ဒုတိယ သမ္မတ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင်သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
The Voice Weekly

0 comments:
Post a Comment