Pages

Saturday, December 15, 2012

အိုင်ဖုန်းအတွက် Apple တို့ နည်းပညာ မူပိုင်ခွင့် ၃ ခု ခိုးခဲ့ကြောင်း တရားရုံးတွင် ဝန်ခံ



Friday, 14 December 2012

တကယ် စိတ်မကောင်းစရာ သတင်းပါပဲ။ Apple တို့ Mobile media Ideas LLC နဲ့ တရားယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအတွ
က် လျော်ကြေး ဘယ်လောက်ပေးရမယ်ဆိုတာတော့ မသိရသေး ပါဘူး။ သို့ပေမယ့် Apple က LLC ရဲ့  နည်းပညာ သုံးခုကို ယူသုံး ခဲ့ကြောင်းတော့ တရားရုံးက ထွက်ဆိုစေလိုက်ပါတယ်။ ယင်း နည်းပညာ သုံခုကတော့ - အိုင်ဖုန်း ကင်မရာ၊ Call Handling, Call Rejection တို့ ဖြစ်ပြီး ယင်း နည်းပညာများဟာ MmILLC က ပိုင်ဆိုင်ကြောင်း သက်သေ အထောက်အထားနဲ့ တွေ့ရှိခဲ့ပါတယ်။ ၁၉၉၄ ကနေ ၁၉၉၈က ခုနှစ် ကြားကာလမှာ Mobile media ideas LLC က ဖန်တီးထားခြင်း ဖြစ်ပြီး Nokia , Sony တို့နဲ့ တွဲလုပ်နေတဲ့ ကုမ္မဏီ တစ်ခုလည်း ဖြစ်ပါတယ်။

အိုင်ဖုန်းမှာ အသုံးပြုတဲ့ နည်းပညာ သုံးခုဟာ LLC တို့ ပိုင်ဆိုင်ကြောင်း
တွေ့ရှိတဲ့ အချိန်မှာတော့ တရားဆွဲဆိုဖို့ LLC စီအီးအို ကို်ယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ အချိန်ကာလ တစ်ခုထိ ကြာမြင့်တဲ့ အပြန် အလှန် စစ်ဆေးမှု ပြီးနောက် အဖြေကတော့ မထင်မှတ်ထားတဲ့ အရာ ဖြစ် ပါတယ်။ Apple က ရှုံးနိမ့်ပါတယ်။

ယင်းအကျိုးဆက်အနေနဲ့ ရက်ပိုင်းအတွင်းကို Apple ရဲ့  စတော့ရှယ်ယာများ ကျဆင်းနေပြီဖြစ်ကြောင်း သိရပါတယ်။
--
Ref: Asia.cnet
Aung Kham (TSJ team)
TechSpace Journal

0 comments:

Post a Comment