Friday, 14 December 2012
သတ္တဗေဒ အဆိုအရ ငှက်များ သည် နို့တိုက် သတ္တဝါ ပြီးလျှင် သတ္တဝါ အားလုံး ထဲတွင် အဆင့် အမြင့်ဆုံးဖြစ်သည်။ ငှက် များကို အခြား သတ္တဝါများနှင့် ခွဲခြားသိရှိ ရန် လွယ်ကူလှသည်။
ငှက်၏ ခန္ဓာကိုယ် သည် အပေါ်ယံ၌ ငှက်
မွှေးများဖြင့် ဖုံးအုပ် လျက် ရှိသည်။ ခြေလက်နှစ်စုံရှိသည့် အနက် ရှေ့လက်တစ်စုံသည် အတောင်ပံ များအဖြစ် ပြောင်းလဲနေပြီး နောက်ဘက် တစ်စုံမှာ ခြေများဖြစ်သည်။ ပါးစပ်သည် မာသောနှုတ်သီးဖြစ်သည်။
ကျောရိုးရှိ တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ငှက် တို့တွင် အပူဓာတ်ကိုထိန်း သိမ်းပေးနိုင် သော ကိုယ်အဖုံးရှိခြင်း၊ အမြဲတညီတည်း နေသော ကိုယ်အပူချိန်ရှိခြင်း၊ ပျံသန်း နိုင်စွမ်း
ရှိခြင်း ကောင်းစွာဖွံ့ဖြိုးသော အသံကြားမှုနှင့် မြင်မှုရှိခြင်း၊ မိမိတို၏ ဥနှင့်သားငယ်များကို ထူးခြားစွာ စောင့် ရှောက်ခြင်းတို့ပင်ဖြစ်သည်။
ယခုလက်ရှိ မြန်မာနိုင်ငံ၌သာ တွေ့ ရသည့် မြန်မာဘီလုံးငှက်များကို
ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းဒေသကြီးတို့ တွင် တွေ့မြင်နိုင်သည်။
မြန်မာဘီလုံးငှက်များသည် အထီး အမအသွင်တူသည်။မြေပေါ်တွင်သာ
ပြေးလွှား သွားလာကာ အင်းစက်ပိုးမွှား၊ အစေ့များကို အစာအဖြစ် ရှာစားတတ် သည်။
မြေပေါ်တွင် ကျက်စားမှုများပြီး ချုံပင်၊ လျှပ်စစ်၊ တယ်လီဖုန်းကြိုးများ တွင် ခိုနားနေလေ့ရှိသည်။ ညိုဝါရောင်အ ဆင်းရှိ၍ ရင်အုပ်ပိုင်းတွင် အရောင်
ဖျော့ပြီး သေးငယ်သော အစင်းကြောင်း နှင့် အစက်အပြောက်ပိုများသည်။
မြန်မာ နိုင်ငံတွင်သာ ကျက်စားပြီး သစ်ပင်ကျဲ သော နေရာဖြစ်သည့် ချုံတော၊ အပူပိုင်း ခြောက်သွေ့ဒေသနှင့် စိုက်ပျိုးမြေနေရာ များတွင်
နေထိုင် ကျက်စားလေ့ရှိသည်။
Soe Soe
The Public Image

0 comments:
Post a Comment