Pages

Saturday, December 15, 2012

ကျွန်တော်တို့ နှလုံးသားတွေကြေကွဲရပါပြီ (သမ္မတအိုဘားမား)



Saturday, December 15, 2012

မနေ့ကဖြစ်ခဲ့တဲ့ ကောနက်တီကတ်ပြည်နယ်ကမူလတန်းကျောင်းက
၅နှစ်ခြောက်နှစ်အရွယ် ကလေးငယ်တွေ အများစု အပါအ၀င် လူ၂၆ ယောက် သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွက် သတင်းစာ
ရှင်
းလင်းပွဲမှာ စိတ်ထိခိုက်မျက်ရည်ကျနေတဲ့ သမ္မတအိုဘားမားပါ။

ဒီလိုကိစ္စတွေနဲ့ ကြုံရင် သမ္မတတဦးထက် သမီးနှစ်ဦးရဲ့ ဖခင်
မိဘတဦးအနေနဲ့ ပိုပြီးခံစားရပါတယ်လို့ မျက်ရည်သုတ်ရင်း အရေးပေါ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာသူကပြောကြား
ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ ပစ်ခတ်မှုကြောင့် ကလေးအယောက် (၂၀) နဲ့ လူကြီးခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ပစ်ခတ်သူသေနတ်သမား
ကတော့ ကျောင်းက ဆရာမတဦးရဲ့ သား ကျောင်းသားတဦးလို့ သိရပြီး သူ့ အမေဆရာမလည်း နေအိမ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

သူကိုယ်တိုင်လည်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ ရပါတယ်လို့ NBS ရု့ပ်သံသတင်းအရသိရပါတယ်။

ထားထားမြင့် (Burma-Newselite)
ဓာတ်ပုံ AP
Burma-Newselite
51

0 comments:

Post a Comment