Saturday, December 15, 2012
အမေရိကန်ပြည်ထောင်စု ကော်နက်တီကတ်ပြည်နယ်က မူလတန်းကျောင်း
တခုမှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှူကြောင့် မနေ့က သောကြာနေ့ 
မနက်ပိုင်း ၁၀နာရီခွဲခန် မှာ (မြန်မာစံတော်ချိနိ သောကြာနေ့ ညပိုင်း)
ကလေးငယ် အယောက် (၂၀) နဲ့ လူကြီးခြောက်ယောက် သေဆုံးခဲ့ပါတယ်။
သေနတ်သမားကတော့ ကျောင်းသားတဦးရဲ့ ဖခင်ဖြစ်ပြီး
သေနတ် နှစ်လက် ကိုင်ဆောင်ပြီးပစ်ခတ်ခဲ့ တာလို့ သိရပါတယ်.
ကျောင်းအုပ်ကြီးနဲ့ ဆရာတွေလည်း ပစ်ခတ်ခံရတဲ့ အထဲမှာပါပါတယ်။
ပစ်ခတ်မှုမှာ ကျောင်းအုပ်ဆရာမပါသေဆုံးသွားပါတယ်။
နယူးရောက်မြို့နဲ့ တနာရီခွဲလောက်ကားမောင်းရတဲ့ လူနေအိမ်ခြေနဲပါးပြီး
အေးဆေးငြိမ်သက်တဲ့ မြို့မှာ ဖြစ်သွားတဲ့ ပစ်ခတ်မှုကြောင့် အားလုံးကအံ့သြနေကြပါတယ်။
နေရာမှာတင် သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို စစ်ဆေးနေဆဲမို့်
ကျောင်းအဆောက်အဦးထဲမှာဘဲ ရှိနေပါသေးတယ်။ သေနတ်ဒဏ်ရာ
တွေနဲ့ သေးငယ်လှတဲ့ ကလေးတွေကို ဘယ်သူဘယ်ဝါဆိုတာကို
သေချာအောင် ပြောနိုင်ဖို့ ဆေးဝန်ထမ်းတွေ အချိန်ယူလုပ်ဆောင်
နေရတယ်လို့ ပြောပါတယ်။ ဒီလောက်ငယ်ရွယ်တဲ့ အပစ်မဲ့ကလေးတွေ
သေဆုံးရတဲ့ ဖြစ်ရပ်က အမေရိကန်နိုင်ငံ ပစ်ခတ်မှုတွေထဲမှာ အဆိုးဝါးဆုံးပဲလို့ ပြောပါတယ်။
ပစ်ခတ်သူလို့ ယူဆရသူဟာ စိတ်ကလင့်ကလျားရောဂါ၇ှိသူဖြစ်တယ်လို့ သိရပြီး သူ့ရဲ့ အကိုတော်သူတွေကို လက်နက်ကိစ္စနဲ့ ပတ်သက်ပြီး
မေးမြန်းစစ်ဆေးနေပါတယ်။
နောက်ဆုံးသတင်းတွေအရ ပစ်ခတ်သူသေနတ်သမား ကတော့
ကျောင်းက ဆရာမတဦးရဲ့ သား ကျောင်းသားတဦးလို့ သိရပြီး သူ့ အမေဆရာမလည်း နေအိမ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။
Burma-Newselite

0 comments:
Post a Comment