Pages

Thursday, December 13, 2012

ရန်ကုန် ဆိပ်ကမ်းကို အများပြည်သူ ပျော်ရွှင် ကြည်နူးစေမည့် ဆိပ်ကမ်းအဖြစ် ဆောင်ရွက်မည်



Thursday, 13 December 2012

ရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင် သာယာရေး ကဏ္ဍများတွင် ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် အခန်းကဏ္ဍ အများ အပြား၌ ပါဝင်ဆောင်
 ရွက် နေကြောင်း၊ ဆိပ်ကမ်း ဖွံ့ ဖြိုး တိုးတက်ရေး အတွက် ကုန်တင်/ ကုန်ချ ဆိပ်ကမ်း များထက် အများပြည်သူ ပျော်ရွှင် ကြည်နူးစေ မည့် ရန်ကုန်ဆိပ် ကမ်း ဖြစ်လာအောင် ပညာရှင်များ အကြံပြုသည့် အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၌ ကျင်းပသည့် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာ လှပရေး အတွက် Conceptual Plan ရေးဆွဲနိုင်ရေး ညှိနှိုင်း အစည်း အဝေးတွင် ပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ် ထွန်းအောင်က ရှင်းလင်း ပြော ကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ရန်ကုန် ဆိပ်ကမ်းသည် ရန်ကုန်တိုင်း ဒေသကြီး၏ တစ်ခုတည်းသော
International Port ဖြစ် ၍ ရန်ကုန် ဆိပ်ကမ်းကို နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းအဖြစ် ဆောင်ရွက်မည့်လုပ်ငန်းများကိုကြိုဆိုပါ ကြောင်းဖြင့်
ပြောကြား သည်။

ထို့နောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးချို သန်းမောင်က ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာ လှပရေး အတွက် ဆောင်ရွက် ထားရှိမှု များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် စီမံကိန်း လျာထားချက် များကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြ သူများက ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ
4

0 comments:

Post a Comment