Pages

Thursday, December 13, 2012

ပုဂံဒေသ၌ လိုင်စင်ရဧည့်လမ်းညွှန်နှင့်ဝန်ဆောင်မှုရဲ လိုအပ်ချက် ကြီးမားနေ



Thursday, 13 December 2012

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံညောင်ဦးဒေသသို့
နေ့စဉ် နိုင်ငံခြားခရီးသွား စံချိန်တင် ၀င်ရောက်မှု များရှိနေသဖြင့်
(TOURIST GUIDES) ဧည
့်လမ်းညွှန် လုံလောက်မှု မရှိကြောင်း ၎င်းဒေသ မှဧည့်လမ်းညွှန်အသင်းထံက သိရသည်။

နေ့စဉ် ခရီးသွား လူဦးရေ (၁၀၀၀)နီးပါး ၀င်ရောက်နေမှုကြောင့် နိုင်ငံခြား
ခရီးသည်များအတွက် ဧည့်လမ်းညွှန် လိုအပ်ချက် များနေခြင်းဖြစ်သည်။

“အခုက ပုဂံမှာ ခရီးသည်တွေ အများကြီးကို ၀င်ရောက်နေတာ။ ပုဂံမှာက ဧည့်လမ်းညွှန် လုံလောက်မူ မရှိဘူး။ အခု ပုဂံမှာ ဧည့်လမ်းညွှန် (၈၀)လောက်ပဲ ရှိတယ်။ လိုင်စင်ရှိပြီးတော့ အလုပ်မလုပ်တာက (၃၀) လောက်ရှိတယ်၊ လိုင်စင်မရှိတဲ့ ဂိုက်တွေကိုလည်း ကျွန်တော်တို့က လိုင်စင်ပြန်ရအောင် လုပ် ပေးသွားမှာပါ”ဟု ပုဂံညောင်ဦး ဧည့်လမ်းညွှန်
အသင်းမှ ဒုတိယဥက္ကဌဦးက ပြောသည်။

ထိုကဲ့သို့ ဧည့်လမ်းညွှန် လုံလောက်မှုမရှိခြင်းကြောင့် မြင်းလှည်းသမားများ၊ ကားသမားနှင့် ဧည့်လမ်း ညွှန် လိုင်စင်မရှိသော်လည်း အင်္ဂလိပ်စကားပြော
တတ်သူများ စသည်တို့ကို ခေါ်ယူ အသုံးပြုနေရ ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

ထိုကဲ့သို့ခေါ်ယူ အသုံးပြုရာတွင် နိုင်ငံခြားခရီးသွားဧည့်သည်များအား
ရှေ့ဟောင်းယဉ်ကျေးမှု သမိုင်းကြောင်းကို အသေးစိတ်ရှင်းမပြနိုင်ခြင်း
များလည်း ဖြစ်ပေါ်နေသည်။ ထို့ကြောင့် နောင်နှစ် ခရီးသွားရာသီတွင် ဧည့်သည်ဝင်ရောက်မှု ထိခိုက်နိုင်ကြောင်း ဒေသခံဧည့်လမ်းညွှန် အသိုင်းအ၀ိုင်းက ဆိုသည်။

“ဧည့်လမ်းညွှန်တွေ လိုတယ်ဆိုပြီး အကုန်ဆွဲခေါ်နေလို့ အဆင်မပြေပါဘူး။ သူတို့မှာဧည့်သည် သိချင် တဲ့အတိုင်းအတာအထိ တတ်မြောက်ဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့က အများကြီး ပြင်ဆင်ထားရမှာ။
တစ်ခါတစ်လေဆိုရင် လေယာဉ် ကွင်းကနေ ဟိုတယ်အထိဘာမှ ရှင်းမပြဘဲနဲ့ ခေါ်သွားတာတွေတောင် ရှိနေပါတယ်”ဟု ဧည့်လမ်းညွှန် ကိုအောင်ရွှေက ပြောသည်။

(၁၉၉၆)မြန်မာ့ခရီးသွားနှစ်တွင် နိုင်ငံခြားခရီးသွား လူဦးရေတစ်နေ့ (၅၀၀)သာ ၀င်ရောက်ခဲ့ သော်လည်း ယခုတွင် တစ်နေ့ခရီးသွားဦးရေ
(၁၀၀၀)၀န်းကျင်ရောက်ရှိကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလမှစကာ ဒီဇင်ဘာလအထိ နေ့စဉ်လေယာဉ် (၁၅)စီး ဖြင့် ဧည့်သည်ဝင်ရောက် နေသည်ဟု သိရသည်။

၂၀၁၀-၂၀၁၁ခုနှစ် ဘဏ္ဍရေးနှစ် ဧပြီလမှ မတ်လအထိ နိုင်ငံခြားခရီးသွား
ဦးရေ (၅၇၃၂၀၀)ဦး ၊ ၂၀၁၁-၂၀၁၂ခုနှစ် ဘဏ္ဍရေးနှစ် ဧပြီလမှ
မတ်လအထိ (၁၂၀၁၉၄၀)ဦးရေ ၀င်ရောက်ပြီး၊ ယခု၂၀၁၂-၂၀၁၃
ဘဏ္ဍရေးနှစ် ဧပြီလမှယခုဒီဇင်ဘာလ (၁၀)ရက်နေ့အထိ စုစုပေါင်း
ဝင်ရောက်မှုဦးရေ (၉၀၉၆၆)ဦး ၀င်ရောက်ကာ ၂၀၁၃ခုနှစ် မတ်လ
အထိဆိုလျင် ယခင်နှစ်များထက်ပိုမိုများလာနိုင် ကြောင်းကိုလည်း သိရသည်။

ထိုကဲ့သို့ ခရီးသွားဧည့်သည်များ ၀င်ရောက်မှုများပြားလာမှုကြောင့် ပုဂံညောင်ဦးဒေသတွင် နိုင်ငံခြားခရီးသည်များ၏ လုံခြုံရေးအတွက်
(Tourism Police)ခရီးသွားဝန်ဆောင်မှုရဲများ လိုအပ်ကြောင်းကိုလည်း သိရသည်။

“ခရီးသွားဝန်ဆောင်မှုရဲတွေကတော့ တကယ်ကိုလိုအပ်ပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဆိုရင်လည်း ၀န်ဆောင်မှု ကောင်းကောင်းနဲ့ လုပ်နေတာပဲ။ ဒီမှာလည်း တကယ့်ကို အင်္ဂလိပ်စကားကောင်းပြီး ၀န်ဆောင်မှုပေးနိုင်တဲ့သူ တွေ တကယ်လိုအပ်ပါတယ်။ ဒါတွေမရှိတော့ ဌာနနဲ့မဆိုင်ပေမယ့်လည်း ကျွန်တော်တို့ဌာနက လိုက်ပြီး ဂရုစိုက်
ပေးနေရတာပေါ့၊”ဟု ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

ပုဂံရှေးဟောင်းနယ်မြေသို့ ခရီးသွားဧည့်သည်အများဆုံးဝင်ရောက်မှုမှာ ဥရောပတိုက်မှ ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်း (မြစ်မခ)
Myit Makha Mediagroup
5

0 comments:

Post a Comment