Pages

Saturday, December 15, 2012

မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့နိုင်



Friday, 14 December 2012

မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိစားသုံးသောထမင်းလုတ်ကို ကွန်ပျူတာအကူအညီရယူရေ တွက်ခြင်းအားဖြင့် ထိန်းချုပ်နိ
ုင်မှု မြင့်မားသူများကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။

မိမိဆန္ဒအလျောက် သုတေသနတွင် ပါဝင်သူများအား မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု မြင့်မားသူများနှင့် ထိန်းချုပ်နိုင်မှု နည်းသူများဟူ၍ သုတေသီများက အုပ်စုနှစ်စုခွဲလိုက်သည်။

ယင်းနောက်တွင် သုတေသီများက ၄င်းတို့အစားအစာ စားသုံးချိန်တွင် မျိုချသော ထမင်းလုတ်များကို အားကစားသမားများ အသုံးပြုသော အကြိမ် ရေတွက်စက်များဖြင့် ရေတွက်စေခဲ့သည်။

"မိမိကိုယ်ကို ထိန်းချုပ် နိုင်စွမ်းမြင့်မား သူတွေမှာတော့ ဘာမှမထူးခြားပါဘူး။ အကြောင်း ကတော့ သူတို့စားရင်းသောက်ရင်း ဘယ်လောက်ဆိုရင် တင်းတိမ် သလဲဆိုတာ သူတို့ဟာသူတို့ သိနေလို့ပဲဖြစ်ပါတယ်" ဟု သုတေသီ တစ်ဦးက ပြောသည်။

သို့သော် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းနေ သူများအား အကြိမ်
ရေတွက်သော ကိရိယာလေးများ အသုံးပြုခိုင်း သောအခါ အခြား
မိမိကိုယ်ကို ထိန်းချုပ်နိုင်သူများကဲ့သို့ပင် အစား အသောက်အပေါ်
တင်းတိမ် လာတတ်သည်ဟု Journal of Consumer Research တွင် သုတေသီများက တင်ပြခဲ့သည်။

မင်နီယာပိုးလစ်
7Day News
34

0 comments:

Post a Comment