Thursday, 13 December 2012
ပုံမှာ မြင်တွေ့ရတာကို တက်တူးလို့ ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ယင်းဟာ တက်တူးမဟုတ်ပဲ မိုးကြိုးပစ်လို့ ရတဲ့ အမာရွတ် ဖြစ်ပါတယ်။
အင်္ဂလိပ်လိုတော့ Lichtenberg figure လို့ခေါ်ပါတယ်။ အမြဲတမ်း မဟုတ်ပေ မယ့် မိုးကြိုးအပစ်ခံရရင် ရတတ်တဲ့ အမာရွတ်အများစုက ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ တက်တူးထိုးထားသလိုပဲ အပွင့် ပွင့် တွေနဲ့ လှနေ ပါတယ်။ မိုးကြိုးအပစ်ခံရပြီး ကံကောင်းလို့ အသက် ရှင် သွားတဲ့ လူနာတွေ ဆီကနေ မှတ်တမ်း တင်ထားတဲ့ အမာရွတ် ဖြစ်ပါတယ်။
မိုးကြိုးသွားရဲ့  ပြင်းတဲ့အပူချိန်နဲ့ လျှပ်စစ်ကြောင်းကြောင့် အရေအပြား ပေါ် မှာ သွေးစီးကြောင်းလို ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ အချို့ က ပျောက်ပေမယ့် အချို့ ကတော့ အမာရွတ် အနေနဲ့ တစ်သက်လုံး ထင်သွား တယ်လို့ ဆိုပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Lichtenberg figure- မိုးကြိုးသွားက ထိုးပေး
လိုက် တဲ့ (တက်တူး) အမာရွတ်ကတော့ ယခုလို လှပနေတာကို မြင်တွေ့
ရပါတယ်။
---
Ref: wiki
International news for myanmar

0 comments:
Post a Comment