Thursday, 13 December 2012
အဖွဲ့ဝင် သင်္ဘောသားပေါင်း (သုံးသောင်း)ကျော်ရှိခဲ့ သည့်
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား များ အသင်း (MOSA)အား ဖျက်သိမ်း၍ ၄င်းအဖွဲ့၏ လုပ်ပိုင်ခွင့်များကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)သို့ ဒီဇင်ဘာ(၁၂)ရက်နေ့ နံနက်ပိုင်းက လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့သည်။
MOSA (Myanmar Overseas Seafarers Association ) မှ MSF (Myanmar Seaman’s Federation) သို့ လွှဲပြောင်း တာဝန်ပေးအပ်ရခြင်းမှာ MSFသည် နိုင်ငံတကာအဖွဲ့အစည်းများမှ အထောက်အပံ့များရရှိလျက်ရှိပြီး သင်္ဘောသားများအတွက် တွင်ကျယ်စွာ လုပ်ကိုင်နိုင်သောကြောင့် ဖြစ်သည်ဟု MOSA မှ အတွင်းရေးမှူးက ဆိုသည်။
“MOSA နဲ့ MSF ယှဉ်ရင်MSF က ပိုကျယ်ပြန့်၊ ပိုအသေးစိတ်ကျတယ်။ လုပ်ပိုင်ခွင့်ပိုရှိတဲ့အတွက် အခုလိုလွှဲပြောင်း လိုက်တာပါ။ နိုင်ငံတကာမှာ ရှိတဲ့အဖွဲ့အစည်းတွေကလည်း မိုဆာကို လူရာမသွင်း ခဲ့ဘူး။ ပြီးတော့ မိုဆာအနေနဲ့လုပ်ရင် ကန့်သတ်မှုတွေလည်း ရှိတယ် ” ဟု မိုဆာမှ အတွင်း ရေးမှူးကပ္ပတိန်စိုးမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား များအသင်း(MOSA)သည် သင်္ဘောသားများ၏ လစာနှင့် ပတ်သက်၍ လုပ်ကိုင်ပေးနိုင်စွမ်း မရှိခြင်းနှင့် နိုင်ငံတကာ အကူအညီ ထောက်ပံမှု မရှိခြင်းကလည်း အခက်အခဲဖြစ်ပေါ်စေကြောင်း ၄င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား များအသင်း (MOSA) ကို ၂၀၀၂ခုနှစ် မေလမှစ၍ စတင်ဖွဲ့စည်း ခဲ့ပြီး အဖွဲ့ဝင်သင်္ဘောသားပေါင်း (သုံးသောင်း)ကျော်ရှိခဲ့သည်ဟု သိရှိရသည်။
MOSA အသင်းမှ မလုပ်ပေးနိုင်သည့် ကိစ္စရပ်များကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ် သမားများအဖွဲ့ချုပ် (MSF)မှ တာဝန်ယူဆောင်ရွက်
ပေးမည်ဖြစ်ပြီး အဓိကအားဖြင့် အလုပ်သမား များ၏ လစာ၊
လျော်ကြေးအစရှိသည့် ကိစ္စရပ်များကို တာဝန်ယူ ဖြေရှင်းပေးမည်
ဖြစ်သည်ဟု MSFမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF)သည် သင်္ဘောသားများ ဖွဲ့စည်းထားသော အဖွဲ့ အစည်းဖြစ်ရန် လိုအပ်ကြောင်းနှင့် အဆိုပါ အဖွဲ့ချုပ်အနေဖြင့် သင်္ဘောသား များ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များကို ပွင့်လင်းစွာ ချပြရန် လိုအပ်သည်ဟု သင်္ဘောသားတစ်ဦးက အကြံ ပြုပြောဆိုသည်။
“သဘောင်္သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ရင်တော့
ကောင်းတာပေါ့။ အုံနာတွေ မပါရဘူး။ ဒီထဲမှာမှ ကွန်စတီကျူးရှင်းကို ချပြရမယ်။ သင်္ဘောသားတွေအတွက် လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ အကြောင်း ကို ၀င်တဲ့ သင်္ဘောတိုင်း ချပြရမယ်”ဟု လုပ်သက်(၈)နှစ်ရှိသူ သင်္ဘောသားကိုကျော်မြင့်ဦး က ပြောသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်(MSF)ကို စတင်ဖွဲ့လှစ်သည့် နေ့မှစ၍ သုံးလအကြာတွင် အမှုဆောင်အဖွဲ့ဝင်
များကို ရွေးကောက်တင်မြောက်သွားမည်ဖြစ်ြ ပီး အဆိုပါ ရွေးကောက်
တင်မြောက်ခြင်းကို (၂)နှစ် တစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်သည်ဟု MSF မှ သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
ယမင်း(မြစ်မခ)
Myit Makha Mediagroup
MOSA (Myanmar Overseas Seafarers Association ) မှ MSF (Myanmar Seaman’s Federation) သို့ လွှဲပြောင်း တာဝန်ပေးအပ်ရခြင်းမှာ MSFသည် နိုင်ငံတကာအဖွဲ့အစည်းများမှ အထောက်အပံ့များရရှိလျက်ရှိပြီး သင်္ဘောသားများအတွက် တွင်ကျယ်စွာ လုပ်ကိုင်နိုင်သောကြောင့် ဖြစ်သည်ဟု MOSA မှ အတွင်းရေးမှူးက ဆိုသည်။
“MOSA နဲ့ MSF ယှဉ်ရင်MSF က ပိုကျယ်ပြန့်၊ ပိုအသေးစိတ်ကျတယ်။ လုပ်ပိုင်ခွင့်ပိုရှိတဲ့အတွက် အခုလိုလွှဲပြောင်း လိုက်တာပါ။ နိုင်ငံတကာမှာ ရှိတဲ့အဖွဲ့အစည်းတွေကလည်း မိုဆာကို လူရာမသွင်း ခဲ့ဘူး။ ပြီးတော့ မိုဆာအနေနဲ့လုပ်ရင် ကန့်သတ်မှုတွေလည်း ရှိတယ် ” ဟု မိုဆာမှ အတွင်း ရေးမှူးကပ္ပတိန်စိုးမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား
MOSA အသင်းမှ မလုပ်ပေးနိုင်သည့် ကိစ္စရပ်များကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ် သမားများအဖွဲ့ချုပ် (MSF)မှ တာဝန်ယူဆောင်ရွက်
ပေးမည်ဖြစ်ပြီး အဓိကအားဖြင့် အလုပ်သမား များ၏ လစာ၊
လျော်ကြေးအစရှိသည့် ကိစ္စရပ်များကို တာဝန်ယူ ဖြေရှင်းပေးမည်
ဖြစ်သည်ဟု MSFမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF)သည် သင်္ဘောသားများ ဖွဲ့စည်းထားသော အဖွဲ့ အစည်းဖြစ်ရန် လိုအပ်ကြောင်းနှင့် အဆိုပါ အဖွဲ့ချုပ်အနေဖြင့် သင်္ဘောသား များ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များကို ပွင့်လင်းစွာ ချပြရန် လိုအပ်သည်ဟု သင်္ဘောသားတစ်ဦးက အကြံ ပြုပြောဆိုသည်။
“သဘောင်္သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ရင်တော့
ကောင်းတာပေါ့။ အုံနာတွေ မပါရဘူး။ ဒီထဲမှာမှ ကွန်စတီကျူးရှင်းကို ချပြရမယ်။ သင်္ဘောသားတွေအတွက် လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ အကြောင်း ကို ၀င်တဲ့ သင်္ဘောတိုင်း ချပြရမယ်”ဟု လုပ်သက်(၈)နှစ်ရှိသူ သင်္ဘောသားကိုကျော်မြင့်ဦး က ပြောသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား
များကို ရွေးကောက်တင်မြောက်သွားမည်ဖြစ်ြ
တင်မြောက်ခြင်းကို (၂)နှစ် တစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်သည်ဟ
ယမင်း(မြစ်မခ)
Myit Makha Mediagroup

0 comments:
Post a Comment