Pages

Wednesday, December 12, 2012

‎"ယနေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ဆန္ဒထုတ်ဖော်မူ ( သတင်း ဓါက်ပုံများ)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာ
တော်များ ဆန္ဒထုတ်ဖော်ခြင်းဖြင့် ယနေ့
နေ့လည်တစ်နာရီတွင် သံဃာတော်များ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်
မည်ဖြစ်ပြီး တောင်းဆိုချက်များကို

မလိုက်လျောသဖြင့်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ကြောင်း ဂဠုန်နီဆရာတော်မှ မိန့်ကြားသည်။ ဦးပွားဘုရားအတွင်းမှ စတင်ထွက်ခွာမည်ဖြစ်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ၁၀ရက်နေ့တွင် ဖွဲ့စည်းလို
က်ပြီး အောက်ပါအချက်များကို ကြေညာတောင်းဆို ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဥိးဆောင်ကော်မတီ ကြေညာချက်အမှတ် ၁/၂၀၁၂

၁။ အောက်မြန်မာနိုင်ငံသံဃာတော်များနှင့်အထက်မြန်မာနိုင်ငံသံဃာတော်များပူးပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင် ရာ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ၁၀.၁၂.၂၀၁၂ရက်နေ့ တွင်ဖွဲ့စည်းလိုက်သည်။

၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမျိုးဘာသာ သာသနာနှင့်ပြည်သူတို့၏ အကျိုးကို မျှော်ကိုးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူများကို လူမဆန်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ များ ပြင်းထန်စွာ ရရှိခဲ့ပါသည်။

ထို့အပြင် သံဃာတော် အရှင်သူမြတ်များနှင့် ပြည်သူလူထုအပေါင်းမှမိမိနိုင်ငံအတွင်း အထွဋ်အမြတ်ထား ကိုးကွယ်လျှက်ရှိသော သံဃာတော်များကို မီးလောင်ဗုန်းဖြင့် လူမဆန်စွာ မီးလောင်တိုက် ချေမှုန်းမှုကို ရှုတ်ချသောအားဖြင့် တစ်ညီတစ်ညွတ်ထဲ ပူးပေါင်းပါဝင်ကြရန် အလေးအနက်တိုက်တွန်းလိုက်သည်။

၃။ မြန်မာနိုင်ငံ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ အောက်ပါအချက်များ ကို တောင်းဆိုလိုက်သည်။
(က) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့မှ ထိခိုက်ဒဏ်ရာ ရကြသူများနှင့် သံဃာထုတစ်ရပ် လုံးကို ၀န်ချတောင်းပန်ရန်၊
(ခ) အကြမ်းဖတ်ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ်အရေးယူပေးရန်။

(ဂ)ကြေးနီစီမံကိန်းနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် အထက်ပါတောင်းဆိုချက် ၃ချက်ကို ၁၂.၁၂.၂၀၁၂ရက်နေ့နေ့လယ် ၁၂နာရီ တွင် နောက်ဆုံးထားလိုက်လောခြင်းမရှိပါက မြန်မာနိုင်ငံတစ်ဦးလုံးရှိ သံဃာတော် များနှင့် ပြည်သူလူထုများပူးပေါင်းပြီး အထွေထွေသပိတ်ကြီး ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။
"ယနေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ဆန္ဒထုတ်ဖော်မူ ( သတင်း ဓါက်ပုံများ)

0 comments:

Post a Comment