Pages

Wednesday, December 12, 2012

လက်ပံတောင်းတောင်အရေးမုံရွာနှုင့် ပြည်မြို့တွင် ၁၂ . ၁၂ . ၂၀၁၂ . ၁၂ နာရီအချိန် ဆန္ဒထုတ်ဖော်စတင်ပြီ

မုံရွာသံဃာတွေ ဆန္ဒထုတ်ဖော်ဖို့ ရွှေစည်း
ခုံဘုရားမှာရောက်ရှိနေ
ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့် ၁၂
နာရီမှာ မုံရွာမြို့မှာ သံဃာအပါး ၂၀၀ ဟာ လမ်းလျှောက်ကြွချီမေတ္တာပို့သဖို့အတွက်
မြို့လည်က ရွှေစည်းခုံဘုရားမှာ

စုဝေးရောက်ရှိနေပြီလို့ ဦးဆောင်သံဃာ ၁ ပါးက မိန့်ပါတယ်။

“အခု ဦးဇင်းတို့က ရွှေစည်းခုံမြောက်ဘက်မုခ်မှာပေါ့နော်။ မေတ္တာပို့မလို့ပါ။ အခုလောလောဆယ်စုနေတာပေါ့နော်။ ဦးဇင်းတို့လည်း မန္တလေး၊ ပခုက္ကူတို့ကို လှမ်းဖုန်းဆက်တယ်၊ ဆက်တော့ သူတို့က၁ နာရီမှ ထွက်မယ်ပြောတယ်။” လို့ မိန့်ပါတယ်။

မုံရွာမြို့က သံဃာတွေက သူတို့ တောင်းဆိုချက် ၆ ရပ် ကို ခုလို မိန့်ပါတယ်။

“သာသနာအမွေအနှစ် အဆောက်အဦများဖျက်စီးခြင်းကို ရပ်ဆိုင်းပေးရန်နှင့် နောက်နောင်လည်း လုံးဝမဖျက်ဆီးရန်။ ငြိမ်းချမ်းစွာဆန်ဒပြနေသော ထိခိုက်ဒဏ်ရာရ သံဃာတော်များကို နိုင်ငံတော်သမ္မတနှင့်တကွ အစိုးရအနေဖြင့် အမြန်ဆုံးဝန်ချတောင်းပန်ရန်။

သပိတ်စခန်းများကိုလည်း နောက်ထပ် မဖြိုခွင်းရန်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများ ကျေနပ်လက်ခံနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးရန်။ ငြိမ်းချမ်းစွာဆန်ဒဖော်ထုတ်နေသော သံဃာထုတရပ်လုံးကို မီးလောင်ဗုံးဖြင့် ရက်ရက်စက်စက် မီးတိုက်ဖြိုခွင်းသော တာဝန်ရှိ ဦးဆောင်ပုဂ္ဂိုလ်များကို ဥပဒေအရ ထိရောက်စွာ အမြန်ဆုံးအရေးယူပေးရန်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်လို့ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။ လက်ပံတောင်းတောင်ဒေသ ပြည်သူများနှင့်ပြည်သူဘက်မှရပ်တည်ပြီး ငြိမ်းချမ်းစွာဆန်ဒပြခဲ့သော သံဃာတော်အရှင်သူမြတ်များအပေါ် အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံတော်သံဃနာယကအဖွဲ့က သဘောတူနေပါသလား၊ သဘောမတူပါက ကန့်ကွက်ရှုတ်ချပေးပါရန်” ဆိုပြီး တောင်းဆိုထားပါတယ်၊

၁၂ရက် ၁၂လ ၁၂နာရီ၌ ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

ပြည်၊ဒီဇင်ဘာ၊၁၂ ။

ပြည်မြို့တွင် ယနေ့နေ့လည် ၁၂နာရီ၌ လူအင်အားတစ်ရာခန့်ဖြင့် လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး အတွက်ဆန္ဒထုတ်ဖော် လျက်ရှိကြောင်း ခေါင်းဆောင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက မြန်မာ့ခေတ်သို့ ပြောသည်။

ကျောင်းကြီးရပ်ကွက် တပ်လမ်းမှ မွန်းတည့်၁၂နာရီတွင် စတင်ထွက်ခွာပြီး ခရိုင်တရားရုံးသို့ချီတက်
လမ်းလျောက်မည်ဟုသိရသည်။ ထို့နောက် တိုင်းအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ဆန္ဒထုတ်ဖော်ကာ တပ်လမ်းသို့ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းဆန္ဒထုတ်ဖော်သူများက
ပြောကြားသည်။

ယင်းတို့၏တောင်းဆိုချက်များမှာ“လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ပေးပါ ၊ ပြည်သူ့အသံနားထောင်ပေးပါ ၊ ပြည်သူကိုလေးစားပါ ။“တို့ဖြစ်ကြောင်း ဆက်လက်သိရသည်။

အောင်သိုက်

DVB (မြန်မာပိုင်း)
နှုင့် The Myanma Age
လက်ပံတောင်းတောင်အရေးမုံရွာနှုင့် ပြည်မြို့တွင် ၁၂ . ၁၂ . ၂၀၁၂ . ၁၂ နာရီအချိန် ဆန္ဒထုတ်ဖော်စတင်ပြီ

မုံရွာသံဃာတွေ ဆန္ဒထုတ်ဖော်ဖို့ ရွှေစည်း
ခုံဘုရားမှာရောက်ရှိနေ
ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့် ၁၂
နာရီမှာ မုံရွာမြို့မှာ သံဃာအပါး ၂၀၀ ဟာ လမ်းလျှောက်ကြွချီမေတ္တာပို့သဖို့အတွက်
 မြို့လည်က ရွှေစည်းခုံဘုရားမှာ

စုဝေးရောက်ရှိနေပြီလို့ ဦးဆောင်သံဃာ ၁ ပါးက မိန့်ပါတယ်။

“အခု ဦးဇင်းတို့က ရွှေစည်းခုံမြောက်ဘက်မုခ်မှာပေါ့နော်။ မေတ္တာပို့မလို့ပါ။ အခုလောလောဆယ်စုနေတာပေါ့နော်။ ဦးဇင်းတို့လည်း မန္တလေး၊ ပခုက္ကူတို့ကို လှမ်းဖုန်းဆက်တယ်၊ ဆက်တော့ သူတို့က၁ နာရီမှ ထွက်မယ်ပြောတယ်။” လို့ မိန့်ပါတယ်။

မုံရွာမြို့က သံဃာတွေက သူတို့ တောင်းဆိုချက် ၆ ရပ် ကို ခုလို မိန့်ပါတယ်။

“သာသနာအမွေအနှစ် အဆောက်အဦများဖျက်စီးခြင်းကို ရပ်ဆိုင်းပေးရန်နှင့် နောက်နောင်လည်း လုံးဝမဖျက်ဆီးရန်။ ငြိမ်းချမ်းစွာဆန်ဒပြနေသော ထိခိုက်ဒဏ်ရာရ သံဃာတော်များကို နိုင်ငံတော်သမ္မတနှင့်တကွ အစိုးရအနေဖြင့် အမြန်ဆုံးဝန်ချတောင်းပန်ရန်။

သပိတ်စခန်းများကိုလည်း နောက်ထပ် မဖြိုခွင်းရန်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများ ကျေနပ်လက်ခံနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးရန်။ ငြိမ်းချမ်းစွာဆန်ဒဖော်ထုတ်နေသော သံဃာထုတရပ်လုံးကို မီးလောင်ဗုံးဖြင့် ရက်ရက်စက်စက် မီးတိုက်ဖြိုခွင်းသော တာဝန်ရှိ ဦးဆောင်ပုဂ္ဂိုလ်များကို ဥပဒေအရ ထိရောက်စွာ အမြန်ဆုံးအရေးယူပေးရန်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်လို့ ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။ လက်ပံတောင်းတောင်ဒေသ ပြည်သူများနှင့်ပြည်သူဘက်မှရပ်တည်ပြီး ငြိမ်းချမ်းစွာဆန်ဒပြခဲ့သော သံဃာတော်အရှင်သူမြတ်များအပေါ် အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံတော်သံဃနာယကအဖွဲ့က သဘောတူနေပါသလား၊ သဘောမတူပါက ကန့်ကွက်ရှုတ်ချပေးပါရန်” ဆိုပြီး တောင်းဆိုထားပါတယ်၊

၁၂ရက် ၁၂လ ၁၂နာရီ၌ ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

ပြည်၊ဒီဇင်ဘာ၊၁၂ ။

ပြည်မြို့တွင် ယနေ့နေ့လည် ၁၂နာရီ၌ လူအင်အားတစ်ရာခန့်ဖြင့် လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး အတွက်ဆန္ဒထုတ်ဖော် လျက်ရှိကြောင်း ခေါင်းဆောင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက မြန်မာ့ခေတ်သို့ ပြောသည်။

ကျောင်းကြီးရပ်ကွက် တပ်လမ်းမှ မွန်းတည့်၁၂နာရီတွင် စတင်ထွက်ခွာပြီး ခရိုင်တရားရုံးသို့ချီတက်
လမ်းလျောက်မည်ဟုသိရသည်။ ထို့နောက် တိုင်းအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ဆန္ဒထုတ်ဖော်ကာ တပ်လမ်းသို့ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းဆန္ဒထုတ်ဖော်သူများက
ပြောကြားသည်။

ယင်းတို့၏တောင်းဆိုချက်များမှာ“လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ပေးပါ ၊ ပြည်သူ့အသံနားထောင်ပေးပါ ၊ ပြည်သူကိုလေးစားပါ ။“တို့ဖြစ်ကြောင်း ဆက်လက်သိရသည်။

အောင်သိုက်

DVB (မြန်မာပိုင်း) 
နှုင့် The Myanma Age

0 comments:

Post a Comment