Wednesday, 12 December 2012
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာအချို့မှာ အရည်အသွေး
မမီခြင်း နှင့် အတုများကို စပါးစိုက် တောင်သူများ သုံးမိခြင်းကြောင့် စပါးအထွက်နှုန်းလျော့ကျခြင်းများ ဖြင့် ကြုံတွေ့နေရသည်ဟု မြောင်းမြမှ စပါးစိုက်တောင်သူများထံက သိရှိရသည်။
“ဓာတ်မြေသြဇာအိတ်မှာ ပါတဲ့အညွှန်းအတိုင်း ဘယ်လောက်
ဘယ်လောက်ထည့်ဆိုပြီး သုံးပေမယ့် စပါးအရည်အသွေးက မတက်လာဘူး ၊ အထွက်နှုန်းကလဲ မသုံးခင်နဲ့ သုံးပြီးအချိန်နဲ့ ဘာမှ မကွာဘူး” ဟု မြောင်းမြမှ စပါးစိုက်တောင်သူ တစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြေသြဇာ ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး
လုပ်ငန်းရှင်များအသင်းမှ မြေသြဇာအတုအပများ ၊ တရားမ၀င်ဆေးများ နှင့် အရည်အသွေးနိမ့်ဆေးများကို စစ်ဆေးပြုလုပ်ကာ တောင်သူလယ်သမားများ
ထံသို့ တရားဝင် အသိပေးကြေညာပေးမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ
တောင်သူလယ်သမားအသင်းမှ သိရှိရသည်။
“အဓိကက လယ်သမားတွေအတွက် အကာအကွယ်ပေးဖို့ပါ။ သူတို့သုံးစွဲနေတာ အရည်အသွေးရှိရဲ့ လားဆိုတာရယ် ရောင်းသူ ဘက်ကလည်း အရည်အသွေးကောင်းတာတွေ သုံးစွဲလာမယ်ဆိုရင်
တောင်သူတွေအတွက် အကျိုးရှိနိုင်မှာပဲလေ ” ဟု မြန်မာနိုင်ငံ
တောင်သူလယ်သမားအသင်း ဥက္ကဌ ဦးစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ
ရောင်းချနေသော ဓာတ်မြေသြဇာများကို စစ်ဆေးခြင်းများ
ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ နယ်စပ်များသို့လည်း သွားရောက်ကာ ဓာတ်မြေသြဇာများ စစ်ဆေးနိုင်ရန် စီစဉ်လျှက်ရှိသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
“ဓာတ်မြေသြဇာက ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ၀င်တယ်၊ တရုတ်ဘက်ကလည်းဝင်တယ် ဒါကြောင့် မြန်မာနိုင်ငံအတွင်းတင် မကဘဲ နယ်စပ်ဘက်တွေလည်း စစ်မယ်ဆိုရင် လယ်သမားတွေအတွက် အကာအကွယ်ပေးနိုင်မှာ အဲ့ဒါကြောင့် စိုက်ပျိုးရေးဝန်ကြီး နဲ့ စီးပွားကူးသန်းဌာနကို တင်ပြထားပါတယ်” ဟု ဦးစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းနှင့် မြေသြဇာ ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်းကာ
မြန်မာ့သြဘာလုပ်ငန်းစု၏ ဓာတ်ခွဲခန်းတွင် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများကို စစ်ဆေးခြင်းများ ပြုလုပ်
သွားမည် ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောသည်။
တောင်သူလယ်သမားများအသင်းအနေဖြင့် ဓာတ်မြေသြဇာအရည်အသွေး
နိမ့်နေခြင်းအား စစ်ဆေးခြင်းများ ပြုလုပ်သင့်ပြီး စပါးစိုက်တောင်သူများ အလိမ်မခံရစေရန် အရေးယူဆောင်ရွက်ပေး သင့်သည်ဟု မြောင်းမြမြို့မှ
ဒေသခံတစ်ဦးက အကြံပြုပြောဆိုသည်။
“တစ်ချို့ကုန်သည်တွေဆိုရင် တရုတ်အိတ်ခွံတွေကိုလှယ်ပြီး ဈေးပေါတဲ့
ဓာတ်မြေသြဇာတွေ ထည့်ပြီးရောင်း တာတွေရှိ တယ်။ ပြီးတော့ ပါတဲ့ဝိတ်ချိန်ကိုလည်း ၁ပြည် ၂ပြည်စာလောက် လျှော့ထည့်ထားသေးတယ် အဲ့ဒါမျိုးတွေကိုပါ ထိရောက်စွာ အရေးယူနိုင်မယ်ဆိုရင် ကောင်းမယ် ၊ တောင်သူတွေအလိမ်မခံရ နိုင်တော့ဘူးပေါ့ ” ဟု မြောင်းမြမြို့မှ တောင်သူ ဦးကျော်က ပြောသည်။
မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာများ
သည် တရုတ်နိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ဓာတ်မြေသြဇာများဖြစ်ပြီး အမျိုးအစားပေါင်း (၃၀)ကျော်ရှိသည့် အနက်မှ တောင်သူများသည် ရွှေခြင်္သေ့ ၊ ပုလဲ ၊ သြဘာ နှင့် အာမိုတံဆိပ်များကို အသုံးများလျက်ရှိသည်ဟုဓာတ်မြေသြ ဇာ
ရောင်းချသူများထံက သိရှိရသည်။
ယမင်း(မြစ်မခ)
Myit Makha Mediagroup
“ဓာတ်မြေသြဇာအိတ်မှာ ပါတဲ့အညွှန်းအတိုင်း ဘယ်လောက်
ဘယ်လောက်ထည့်ဆိုပြီး သုံးပေမယ့် စပါးအရည်အသွေးက မတက်လာဘူး ၊ အထွက်နှုန်းကလဲ မသုံးခင်နဲ့ သုံးပြီးအချိန်နဲ့ ဘာမှ မကွာဘူး” ဟု မြောင်းမြမှ စပါးစိုက်တောင်သူ တစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြေသြဇာ ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး
လုပ်ငန်းရှင်များအသင်းမှ မြေသြဇာအတုအပများ ၊ တရားမ၀င်ဆေးများ နှင့် အရည်အသွေးနိမ့်ဆေးများကို စစ်ဆေးပြုလုပ်ကာ တောင်သူလယ်သမားများ
ထံသို့ တရားဝင် အသိပေးကြေညာပေးမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ
တောင်သူလယ်သမားအသင်းမှ သိရှိရသည်။
“အဓိကက လယ်သမားတွေအတွက် အကာအကွယ်ပေးဖို့ပါ။ သူတို့သုံးစွဲနေတာ အရည်အသွေးရှိရဲ့ လားဆိုတာရယ် ရောင်းသူ ဘက်ကလည်း အရည်အသွေးကောင်းတာတွေ သုံးစွဲလာမယ်ဆိုရင်
တောင်သူတွေအတွက် အကျိုးရှိနိုင်မှာပဲလေ ” ဟု မြန်မာနိုင်ငံ
တောင်သူလယ်သမားအသင်း ဥက္ကဌ ဦးစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံတောင်သူလယ်သမားအသင
ရောင်းချနေသော ဓာတ်မြေသြဇာများကို စစ်ဆေးခြင်းများ
ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ နယ်စပ်များသို့လည်း သွားရောက်ကာ ဓာတ်မြေသြဇာများ စစ်ဆေးနိုင်ရန် စီစဉ်လျှက်ရှိသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
“ဓာတ်မြေသြဇာက ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ၀င်တယ်၊ တရုတ်ဘက်ကလည်းဝင်တယ် ဒါကြောင့် မြန်မာနိုင်ငံအတွင်းတင် မကဘဲ နယ်စပ်ဘက်တွေလည်း စစ်မယ်ဆိုရင် လယ်သမားတွေအတွက် အကာအကွယ်ပေးနိုင်မှာ အဲ့ဒါကြောင့် စိုက်ပျိုးရေးဝန်ကြီး နဲ့ စီးပွားကူးသန်းဌာနကို တင်ပြထားပါတယ်” ဟု ဦးစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံတောင်သူလယ်သမားအသင
မြန်မာ့သြဘာလုပ်ငန်းစု၏ ဓာတ်ခွဲခန်းတွင် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာမျ
သွားမည် ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောသည်။
တောင်သူလယ်သမားများအသင်းအနေဖြင့
နိမ့်နေခြင်းအား စစ်ဆေးခြင်းများ ပြုလုပ်သင့်ပြီး စပါးစိုက်တောင်သူများ အလိမ်မခံရစေရန် အရေးယူဆောင်ရွက်ပေး သင့်သည်ဟု မြောင်းမြမြို့မှ
ဒေသခံတစ်ဦးက အကြံပြုပြောဆိုသည်။
“တစ်ချို့ကုန်သည်တွေဆိုရင် တရုတ်အိတ်ခွံတွေကိုလှယ်ပြီး ဈေးပေါတဲ့
ဓာတ်မြေသြဇာတွေ ထည့်ပြီးရောင်း တာတွေရှိ တယ်။ ပြီးတော့ ပါတဲ့ဝိတ်ချိန်ကိုလည်း ၁ပြည် ၂ပြည်စာလောက် လျှော့ထည့်ထားသေးတယ် အဲ့ဒါမျိုးတွေကိုပါ ထိရောက်စွာ အရေးယူနိုင်မယ်ဆိုရင် ကောင်းမယ် ၊ တောင်သူတွေအလိမ်မခံရ နိုင်တော့ဘူးပေါ့ ” ဟု မြောင်းမြမြို့မှ တောင်သူ ဦးကျော်က ပြောသည်။
မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာများ
သည် တရုတ်နိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ဓာတ်မြေသြဇာများဖြစ်ပြီး အမျိုးအစားပေါင်း (၃၀)ကျော်ရှိသည့် အနက်မှ တောင်သူများသည် ရွှေခြင်္သေ့ ၊ ပုလဲ ၊ သြဘာ နှင့် အာမိုတံဆိပ်များကို အသုံးများလျက်ရှိသည်ဟုဓာတ်မြေသြ
ရောင်းချသူများထံက သိရှိရသည်။
ယမင်း(မြစ်မခ)
Myit Makha Mediagroup

0 comments:
Post a Comment