Pages

Wednesday, December 12, 2012

ကျေးလက်မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာလုပ်ငန်းများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါများ ခေါ်ယူ

Wednesday 12th December 2012

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ
ကျေးလက်ဒေသများတွင်ကျေးလက်မီးလင်းရေး ဆိုလာစနစ်နဲ့ စံပြအိမ်ရာ
လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များကို အိတ်ဖွင့်
တင်ဒါများ ခေါ်ယူလျက်ရှိတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

ဒီလို ကျေးလက်မီးလင်းရေး ဆိုလာစနစ်များ တင်ဒါခေါ်ယူမှုဟာ မီးမရရှိသေးတဲ့ ကျေးလက်ဒေသများ မီးရရှိစေဖို့ ရည်ရွယ်ပြီး အခုလိုခေါ်ယူတာဖြစ်ပါတယ်။ ဒီလို ခေါ်ယူရာမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုမှာ လုပ်ငန်းများ လုပ်ဆောင်သွားမှာဖြစ်ပြီး ကျေးလက်မီးလင်းရေးဆိုလာစနစ် တစ်သောင်းလေးထောင် ခုနှစ်ရာ ကျော်နဲ့ ကျေးလက်စံပြအိမ်ရာ
၅၂၀ ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကျေးလက်မီးလင်းရေး ဆိုလာစနစ်မှာ အိမ်သုံးအတွက် ၈၀၊၉၀ ၀ပ်ဆိုလာစနစ်၊ ကွန်ထရိုလာနဲ့ ဘက်ထရီများ ပါဝင်ရမှာ ဖြစ်ပြီး ၂ ပေမီးချောင်း တစ်ချောင်းနဲ့ 5 to 10 ၀ပ်ရှိ LED မီးနှစ်ပွင့်၊ ၆ နာရီကြာရှည်ခံနိုင်တဲ့ ဆိုလာစနစ် စတဲ့သတ်မှတ်ချက်များ ပါဝင်တာဖြစ်ပါတယ်။ အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူတွေဟာ သက်ဆိုင်ရာလုပ်ငန်းအတွက် သတ်မှတ်ထားတဲ့ တင်ဒါအာမခံကြေးများ ပေးသွင်းရမှာဖြစ်ပါတယ်။

အဆိုပါ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကိုတော့ ဒီဇင်ဘာလ
၇ ရက်နေ့ကတည်းက စတင်ရောင်းချမှုများ ပြုလုပ်လျက်ရှိပြီး တင်ဒါများကိုတော့ နေပြည်တော်ရှိ ရုံးအမှတ် ၁၄ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နယ်စပ်ရေးရာ ၀န်ကြီးဌာန နေပြည်တော်မှာ
ယခုလ ၂၀ ရက်နေ့အထိ လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တင်ဒါများနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၄၀၉၂၁၂၊ ၀၆၇-၄၀၉၄၁၀ သို့ ဆက်သွယ်မေးမြန်း နိုင်တယ်လို့ သတင်းရရှိပါတယ်။

MRTV - 4
ကျေးလက်မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာလုပ်ငန်းများ
ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါများ ခေါ်ယူ

0 comments:

Post a Comment