Thursday, 13 December 2012
ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာသည် ထားဝယ်ရေနက်ဆိပ်ကမ်း
ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာသို့ တနင်္လာနေ
့ (ဒီဇင်ဘာ ၁၇) တွင် လာရောက်မည်ဖြစ်ကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ်ယင်လပ်ခ်၏ ဧည့်သည်တော်အဖွဲ့တွင် လက်ထောက်
ဝန်ကြီးချုပ် ကစ်တီရတ်နာရာစန်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ချတ်ချက်စီသီပန်၊ စွမ်းအင်ဝန်ကြီး ပုန်သက်ရွတ်ခ်တာပုန်ပီဆယ်နှင့်
အတူ စာနယ်ဇင်းသမားများလည်း ပါမည်ဟု သိရသည်။
ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့ အထွေထွေ
အတွင်းရေးမှူးချုပ် အာခွန်မ်တမ်ပီတရာပိုင်ဆစ်ကလည်း ၀န်ကြီးချုပ် ယင်လပ်ခ်၏ ခရီးစဉ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး မြန်မာ-ထိုင်း ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပမည်
ဟုဆိုထားသည်။ ၎င်းက မြန်မာနှင့်ထိုင်းတို့သည် ထးဝယ်အထူးစီးပွားရေး
ဇုန်အတွက် အပြန်အလှန် ဆွေးနွေးဖလှယ်သွားမည်ဟု ပြောသည်။
Ref : The Nation
7Day News Journal
Photo : news.cn

0 comments:
Post a Comment