Pages

Thursday, December 13, 2012

ခရီးသည်များအား မြို့ပတ်ရထားပေါ် ပြောင်းတင်ရန် မထသ အကြံပြု



Thursday, 13 December 2012

မြို့ပတ်ရထားများ အစီးရေပြည့်မှီအောင် ပြေးဆြွဲခင်း(သို့) လက်ရှိ ရထားအစီးရေထက် ပိုတိုး၍ ပြေးဆွဲပြီး ရထားလမ်းများ ထပ်မံတိုးချဲ့ထွင်
မည်ဆိုပါက ဘတ်စ်ကားများကို 
အားထားနေရသည့် ဘ၀မှ လွတ်မြောက်နိုင်ကြောင်း မထသ (ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့မြို့ပတ်ရထားတောင်အစီးရေ ပြည့်အောင် မပြေးနိုင်သေးဘူး။ အချိန်မှန်အောင် မထွက်နိုင်သေးဘူး။ အဲ့ဒီ မြို့ပတ်ရထားတွေသာ အစီးရေပြည့် ဒါမှမဟုတ် အစီးရေကို ဒီထက်တိုးနိုင်သလောက်တိုးနိုင်ရင် ဘတ်စ်ကားကို မှီခိုနေတဲ့သူတွေ တစ်နည်းအားဖြင့် လျော့သွားပြီး ရထားပေါ် ရောက်သွားနိုင်တယ်။” ဟု မထသ (ဗဟို)မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

မြို့ပတ်ရထားလမ်းနှင့် ပတ်သက်၍ ယခုလက်ရှိပြေးဆွဲနေသော ရထားလမ်းများအပြင် ရထားလမ်း အသစ်များ ထပ်မံတိုးချဲ့ရန် လိုအပ်ပြီး မြန်မာ့မီးရထားအား မထသ(ဗဟို)မှ အကြံပြုပြောကြားခဲ့သည်။

“ရထားလမ်းတွေကို အခုလုပ်ထားတဲ့လမ်းတွေအပြင် လမ်းတွေ တိုးချဲ့ဖို့လဲလိုပါတယ်။ ကျွန်တော်တို့ အခု ကမ်းနားလမ်းမှာ ရထားလမ်းတွေရှိတယ်။ ရှိသော်လည်းပဲ အရင်က ကုန်တင်ဖို့ ရထားလမ်း သေးသေးလေးတွေပဲ လုပ်ထားတယ်။ ဒီလမ်းတွေကို မွမ်းမံ ပြုပြင်လိုက်ရင် မြို့ပတ်ရထားလမ်းတွေ ပြေးနိုင်အောင်သာ လုပ်ပေးမယ်ဆိုရင် ဘတ်စ်ကားတွေကို အားထားရတဲ့ဘ၀ကနေ လွတ်မြောက် နိုင်ပါတယ်”ဟု မထသ (ဗဟို)မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

မထသ(ဗဟို)မှ ကောက်ယူထားသောစာရင်းများအရ ရန်ကုန်၌ ဘတ်စ်ကား အစီးရေ (၄၅၀၀)၀န်းကျင်ခန့်ရှိပြီး ဘတ်စ်ကား တစ်စီးတွင် ခရီးစဉ်
တစ်ကြောင်း၌ ပျမ်းမျှခရီးသည် ၁၁၇ ဦး ခန့် တင်ဆောင် ပြေးဆွဲနေကြောင်း သိရသည်။

“အခုနောက်ပိုင်း လိုင်းကားစီးရတာ အချိန်လည်းတော်တော်ကြာလာတယ်။ လူတွေပိုပြီးတော့လည်း ကျပ်လာ တယ်။ ရထားစီးဖို့ဆိုတာကလည်း ရထားလမ်းတွေက မြို့လယ်တွေကို ရှောင်ပြီး ဖောက်ထား တာလေ။ အလုပ်တွေက မြို့လယ်တွေမှာပဲရှိတော့ လက်မှတ်ခ သက်သာတယ် ဆိုပေမယ့် လိုရာခရီး မရောက်နိုင်ဘူးလေ။” ဟု မြောက်ဥက္ကလာ ပမြို့တွင်
နေထိုင်သူတစ်ဦးက ပြောသည်။

ယခုအခါတွင် မထသ (ဗဟို) အနေဖြင့် ယာဉ်လိုင်းအသစ်များတိုးချဲ့လျက်
ရှိပြီး နိုင်ငံခြားမှ တင်သွင်းလာသော ခရီးသည်တင်ဘတ်စ်ကားများအား
ယာဉ်လိုင်းတွင် ပြေးဆွဲနိုင်ရန်အတွက် CNG များရရှိရန် ထောက်ခံချက်
ပေးလျှက် ရှိသည်။

ရန်ကုန်ရှိ မြို့ပတ်ရထားခရီးစဉ်များမှာ ရန်ကုန်ဘူတာကြီးမှမင်္ဂလာဒုံသို့၊ ရွာသားကြီးဘက်သို့ ပြေးဆွဲလျက် ရှိပြီး လုပ်ငန်းများသည် မြို့လယ်ခေါင် များတွင်သာရှိပြီး ရထားလမ်းများသည် မြို့ကိုသာ ရှေုာင်ခွင်းဖောက်လုပ် ထားသည့် လမ်းများဖြစ်သည့်အတွက် ခရီးသည်တင်ဘတ်စ်ကားများကိုသာ အဓိက အားကိုး အားထားပြုနေရ ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံပြည်သူ
တစ်ဦးက သုံးသပ်သည်။

လက်ရှိအချိန်တွင် နံနက်၊ ညနေပိုင်းများ၌ ရန်ကုန်မြို့ရှိ အဓိကလမ်းကြီးများ
တွင် ယာဉ်ကြော ပိတ်ဆို့မှုများမှာမကြာခဏဖြစ်ပွားလျှက်ရှိကြောင်း
တွေ့ရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup
14

0 comments:

Post a Comment