Pages

Thursday, September 6, 2012

စစ်တွေ ထောင်သားတွေ အဓမ္မလုပ်အားပေး ခိုင်းစေခံရ

မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စစ်တွေ အကျဉ်းထောင် အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူတွေကို ထောင်အာဏာ ပိုင်တွေက အဓမ္မလုပ်အားပေးခိုင်းစေနေ တယ်လို့ အခုရက်ပိုင်း အတွင်း ထောင်ဝင်စာ
သွားရောက်တွေ့ ဆုံခဲ့တဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ မောင်တော၊ စစ်တွေ ပဋိပက္ခတွေအပြီး တစ်လကျော်ခန့်အကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး လူ ၇ ဦးသေဆုံးခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာတွေက ဒေသခံ-၃၁ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီထဲက တစ်ချို့ကို အာဏာပိုင်တွေက အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပြီး စစ်တွေအကျဉ်းထောင်ထဲ မှာတော့ ၂၄ ဦး ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ဇွန်လက စတင်ပြီးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို ရုပ်သိမ်းဖို့ အစီအစဉ်မရှိသေးဘူးလို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက RFA ကို ဒီကနေ့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးကော်မရှင်ဟာ မနက်ဖြန် မနက်ပိုင်းမှာ စစ်တွေမြို့ကို စတင်ရောက်ရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese

0 comments:

Post a Comment