သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်အရ ထိုင်းမြန်မာ နယ်စပ်ကနေ ပြည်တွင်းကို
ပြန်ဝင်လာပြီး တရားရုံး မထေမဲ့မြင်ပြုမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၂၈) အရ ထောင်ဒဏ်(၆)လ ကျခံနေရသူ ကိုစောကျော်ကျော်မင်းက လာမယ့် ရက်ပိုင်းအတွင်း အယူခံ တင်မယ့်
အကြောင်း သိရပါတယ်။
သူ့အပေါ် ပြစ်ဒဏ်ချ မှတ်တာဟာ မတရားတဲ့ အတွက် အယူခံဝင်မယ်လို့ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ချိန်မှာ ကိုစောကျော်ကျော်မင်း ကပြောလိုက်ကြောင်း လုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ ကိုထွန်းထွန်းနိုင်ကRFA ကို ပြောပါတယ်။
ကိုစောကျော်ကျော်မင်းဟာ ၂၀၀၈ ခုနှစ်တုန်းက NLD ပါတီ အဖွဲ့ဝင်တွေရဲ့ အမှုကို ကူညီလိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေတဦးလည်း ဖြစ်ပါတယ်။
အဲဒီနောက် ထိုင်းမြန်မာနယ်စပ် ထွက်သွားခဲ့ပြီး ရာဇဝတ်မှု မရှိတဲ့ ပြည်ပရောက်မြန်မာတွေ ပြန်လာနိုင်တယ်ဆိုတဲ့ သမ္မတရဲ့ ဖိတ်ခေါ်ချက် အရ ပြီးခဲ့တဲ့လပိုင်းမှာ မြ၀တီမြို့ရဲစခန်းမှာ တရားဝင် အကြောင်းကြားပြီး မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။
ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးချိန်း ၄/၅ ကြိမ်အမှုရင်ဆိုင်ပြီးနောက် သြဂုတ်လ(၂၉)ရက်နေ့မှာ သူ့ကို ထောင်ဒဏ်(၆)လချမှတ်ခဲ့တာဖြစ်ပါတယ်။
RFA Burmese


0 comments:
Post a Comment