အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
မန္တလေးမြို့တွင်းမှ အိမ်မြေ တိုက်တာအကွက်အကွင်းတစ်ခုကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
အိမ်ခြံမြေဈေးကွက် ငြိမ်သက်ခြင်း၊ လှုပ်ခတ်ခြင်းဟာ တခြားစီးပွားရေး လုပ်ငန်းတွေ ကောင်းစွာလည်ပတ် အလုပ်ဖြစ်ခြင်းအပေါ်မှာလည်း အများ ကြီးမူတည်နေပါသေးတယ်လို့ ၀ါရင့် အိမ်ခြံမြေအကျိုးဆောင် တွေက သုံးသပ် ပြောပါတယ်။
မန္တလေးမြို့ရဲ့ လက်ရှိအိမ်ခြံမြေဈေး ကွက်အနေအထားမှာ မြို့တွင်း ဈေး ကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်အနေ အထားနဲ့သာအရောင်း အ၀ယ်ဖြစ်နေပြီး လူနေကျဲပါးသေးတဲ့ မြေလွတ်မြေရိုင်း အများစုရှိတဲ့ အကွက် အကွင်းတွေဘက်မှာ အရောင်းအ၀ယ် ငြိမ်ကာ တချို့တွေက အမြင့်ဈေးကနေ ချရောင်းလာကြတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း၊ နှစ်လတာ ကာလ အတွင်း မမျှော်မှန်းတဲ့နှုန်းထား အထိ လူနေကျဲတဲ့အပိုင်းတွေမှာ ဈေးနှုန်းတွေ ထိုးတက်၊ လူနေခွင် တွေမှာ အရောင်း အ၀ယ်တွေ သွက်ပြီးတဲ့နောက် အခု အချိန်အထိ ဈေးကွက်ထုံထိုင်း နေတဲ့ နေရာမှာ အိမ်ခြံမြေဈေးကွက် လှုပ်ခတ်ဖို့ဆိုတာ တခြားစီးပွားရေး လုပ်ငန်းတွေ ကောင်းမွန်စွာလည်ပတ် နိုင်တဲ့အပေါ်မှာလည်း မူတည်နေပြီး ငွေပိုငွေရင်းများစွာထွက်လာနိုင်တဲ့၊ ဥပမာ ကျောက်မျက်လုပ်ငန်းလို စီးပွား ရေးအကွက်အကွင်း မျိုး ကောင်းစွာလည် ပတ်လာနိုင်တဲ့အခါမျိုးမှာ အိမ်မြေဈေး ကွက်ဟာလည်း ပြန်လည်လှုပ်ခတ်လာ နိုင်တဲ့ အနေအထားမျိုး ရှိနေ တယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။
"လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ မြို့တွင်းမှာတော့ နေထိုင်ဖို့၊ လုပ်ငန်း သုံးဖို့ ဆိုတဲ့နေသူဈေးကွက်လိုအပ်ချက် အရ ဈေးနှုန်းကျဆင်း ခြင်း မရှိပါဘူး။ ဒါပေမယ့် ဈေးကွက်ကတော့ အေးပါတယ်။ ဒါကလည်း လုပ်ငန်းလုပ်တဲ့နေရာ မှာ ငွေကြေးအမြတ်အစွန်းရရှိမှု၊ ငွေကြေး ဖလှယ်မှုမှာ နည်းပါးနေလို့ပါ။ ကျောက် မျက်ဆိုရင်လည်း တရုတ်ဘက်မှာ အခွန် စနစ်တိုးလိုက်တဲ့အတွက် ဈေးကွက်က ကျနေပါတယ်။ ကားဈေးကွက်မှာလည်း အရင်လိုလှုပ်ရှားလို့ မကောင်းတော့ ဘူး။
"ခါတိုင်းဆို ကျောက်မျက်ရောင်းဝယ် ရာကနေ ပိုထွက်လာတဲ့အရင်းအနှီးကို အိမ်မြေဘက်မှာပါ ရင်းနှီးမြှုပ်နှံကြတာ တော်တော်များ ပါတယ်။ အခု ကျောက်သမားတွေလည်း မ၀ယ်သလောက်ပါ ပဲ" လို့ အကျိုးဆောင်တွေက သုံးသပ် ပြောပါတယ်။ အခု မြေဈေးကွက် ငြိမ်နေတဲ့ အနေအထားမှာ တခြားစီးပွားရေးအကွက် အကွင်းတွေ တုံ့ဆိုင်း နေတာကြောင့်လည်းပါသလို အိမ်မြေဘက်ကို ဦးစားပေး ရင်းနှီးမြှုပ်နှံဖို့ အတွက်ကျတော့ တစ်ဦးခြေလှမ်းကို တစ်ဦးက စောင့်ကြည့်နေကြတဲ့အနေ အထားမျိုး၊ ဘယ်သူမှ စပြီးမလှုပ်ရှားရဲဘဲ ရှိတဲ့ပိုင်ဆိုင်မှုကိုပဲ လက်ထဲမှာ ဆုပ်ကိုင် ထားကြတဲ့ အနေအထားမျိုးလို့ အကျိုး ဆောင်တွေက သုံးသပ်နေကြပါတယ်။
"စီမံကိန်းတွေ လာမယ်ဆိုတဲ့ဘက် တွေ မှာ ၀ယ်တဲ့သူတွေကိုကြည့်ရင်လည်း တကယ်တမ်းမှာ အိမ်မြေဘက်မှာ ရင်း နှီးမြှုပ်နှံ လေ့ရှိတဲ့ သူတွေက ၀ယ်တာ နည်းပါးပြီး စီးပွားရေးသမားတွေကပဲ ၀ယ်ကြတာများပါတယ်။ ၁၀ သိန်း၊ ၁၅ သိန်းလောက်ပဲတန်တဲ့ မြေလွတ်မြေ ရိုင်းနေရာမျိုးကို သိန်း ၁၀၀၊ သိန်း ၂၀၀ မျိုးပေးဝယ်တာက ငွေကြေးပိုလျှံတဲ့သူ တွေပဲ ၀ယ်နိုင်တာပါ။ အိမ်မြေဈေးကွက် ထဲမှာ ပုံမှန်အားဖြင့် သက်ဝင်လှုပ်ရှား နေသူတွေကတော့ မ၀ယ်နိုင်၊ မလုပ် ကိုင်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒီလို မြေလွတ်မြေရိုင်း တွေက စီးပွားရေး လုပ်ငန်းတွေ အထိုင်ချထားတာမျိုး၊ နေသူ ဈေးကွက်ဖြစ်နေတာမျိုး မဟုတ် လို့ပါ" လို့ ၀ါရင့်အိမ်မြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။
လက်ရှိ ဈေးကွက်ဟာ ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားနဲ့သာ ခရီးဆက် နေရပေမယ့် မန္တလေးမြို့ဟာ အချက် အချာကျတဲ့ နေရာမှာရှိနေတာကြောင့် ဈေးကွက်ဟာ ဆက်လက်အားကောင်း လာဦးမှာဖြစ်ကြောင်း၊ စီးပွားရေးနဲ့ ငွေကြေး လည်ပတ်မှု အနေ အထားအရ ဈေး ကွက်တန့်နေပေမယ့် ပြန်လည်သွက် လက်လာဦးမှာဖြစ်ကြောင်း အကျိုး ဆောင်တွေက်ခြုံငုံသုံးသပ်ပါတယ်။

0 comments:
Post a Comment