Pages

Saturday, September 15, 2012

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း၏ မူဘောင်သဘောတူ စာချုပ် ပြန်လည်ပြင်ဆင် ချုပ်ဆိုမည် စီမံကိန်းလျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် အစိုးရအချင်းချင်း ဆ


PDF | Print |
AddThis Social Bookmark Button
7502
ထားဝယ်အထူး စီးပွားရေးဇုန်ဧရိယာ အတွင်းရှိ လုပ်ငန်းခွင်တစ်နေရာအား စက်တင်ဘာလအတွင်းက တွေ့ရစဉ်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ မူဘောင် သဘောတူစာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆို သွားမည်ဖြစ်ပြီး လက်ရှိတွင် ကြန့်ကြာနေသည့် စီမံကိန်းလုပ်ငန်းများအား လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရန် အစိုးရအချင်းချင်း ဆက်သွယ်မှုဖြင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့ (ယာယီ)ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ယခင်အစိုးရလက်ထက် ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံမှ အီတာလျံ ထိုင်းကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့အကြား ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမူဘောင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ယခုအသစ်ပြန်လည် ပြင်ဆင်ချုပ်ဆိုမည့် မူဘောင်သဘောတူစာချုပ်မှာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် ထိုင်းနိုင်ငံ မှ အီတာလျံထိုင်းကုမ္ပဏီတို့အကြား ချုပ်ဆိုသွားမည်ဖြစ်ကာ ယခင်စာချုပ်တွင် ပါဝင်သည့်အချက်အလက်များလည်း ပြန်လည်ပါဝင်နိုင်မည် ဖြစ်ပြီး အသစ်ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များလည်း ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။


စီမံကိန်းလုပ်ငန်းတွေကို အီတာလျံထိုင်းကုမ္ပဏီကို Developer အနေနဲ့ထားပြီး လုပ်ခဲ့တယ်။ အခုကတော့ စီမံကိန်းလုပ်ငန်းမှာ ပါဝင်တဲ့ အစိုးရအချင်းချင်း ဆက်သွယ်မှုနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ။ အစိုးရတွေ ကိုယ်တိုင်ပါဝင် ပတ်သက်ပြီး လုပ်ဆောင်တဲ့ စီမံကိန်းတစ်ခုဖြစ်သွားမယ် . . .

“အရင်ကတော့ စီမံကိန်းလုပ်ငန်းတွေကို အီတာလျံထိုင်းကုမ္ပဏီ ကီုနလနူသစနမ အနေနဲ့ထားပြီး လုပ် ခဲ့တယ်။ အခုကတော့ စီမံကိန်းလုပ် ငန်းမှာ ပါဝင်တဲ့ အစိုးရအချင်းချင်း ဆက်သွယ်မှုနဲ့ ပူးပေါင်းလုပ်ဆောင် သွားမှာ။ အစိုးရတွေကိုယ်တိုင်ပါဝင် ပတ်သက်ပြီး လုပ်ဆောင်တဲ့ စီမံကိန်းတစ်ခု ဖြစ်သွားမယ်”ဟု ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူ ပြုလုပ်ငန်းအဖွဲ့(ယာယီ)ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အစိုးရအချင်းချင်း ဆက်သွယ်မှုဖြင့် ပူးပေါင်းလုပ်ဆောင်ရခြင်း၏ အဓိကအချက်မှာ စီမံကိန်း လုပ်ငန်းများလျင်မြန်စွာ ပြီးစီးရန် ငွေကြေးထောက်ပံ့မှု ပေးနိုင်ရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်နိုင်ရန် ကြိုတင်ပြင်ဆင်သည့် စီမံကိန်း Preparation Project များအား လုပ်ဆောင်လျက်ရှိကာ အဆိုပါ စီမံကိန်းလုပ်ငန်းများမှာ ၂၀၁၂ နှစ် ကုန်ပိုင်း၌ အပြီးသတ်ပြီးစီးနိုင်မည် ဖြစ်သည်။

ယင်း Preparation Project များပြီးစီးချိန်တွင် စီမံကိန်း အကောင်ထည်ဖော်မည့် ကုမ္ပဏီနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အချင်းချင်း သဘောတူစာချုပ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကာ ယင်းနောက်တွင် မှ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများကို စတင်မည်ဟု သိရှိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၁၂ ခုနှစ် မတ်လအတွင်းက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ရှိ ဧရိယာ အကျယ်အ၀န်း ၅၀၅၀၅ ဒသမ ၀၂၃၃ ဧကရှိသည့် နယ်မြေအား ထားဝယ်အထူးစီးပွားရေးဇုန် အဖြစ် သတ်မှတ်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ် အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ကာ ထားဝယ်ရေနက် ဆိပ်ကမ်းအထူးစီးပွားရေးဇုန် စီမံကိန်း အပါအ၀င် စီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သုံးခုအား လက်မှတ်ရေးထိုးခဲ့သည်။


0 comments:

Post a Comment