Pages

Saturday, September 15, 2012

၂၀၁၃ နှစ်ဆန်းမှသာ ဗီဇာ မာစတာကတ်များသုံးနိုင်မည်


အေးသီတာကျော်နှင့် မင်းဇော်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

အမေရိကန် မာစတာကတ်ကုမ္ပဏီ၏ ငွေကြေးသုံးစွဲနိုင်သည့် ကတ် အား တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

နိုင်ငံတကာနှင့် ဆက်သွယ်အသုံးပြု နိုင်မည့် မာစတာနှင့် ဗီဇာကတ် စနစ်ကို စတင်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ခွင့်ပြုပေးနိုင်မှုနှင့် နည်းပညာအချိန် ယူမှုတို့အပေါ်မူတည်ကာ ၂၀၁၃ နှစ်ဆန်းပိုင်းကာလ တွင် စတင်အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ရှင်များက ပြောသည်။

အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ကုမ္ပဏီကြီးဖြစ်သော မာစတာကတ်နှင့် မြန်မာနိုင်ငံမှ သမ၀ါယဘဏ် တို့အကြား စက်တင်ဘာလ ၆ ရက်နေ့က ပူးတွဲ လုပ်ကိုင်မှုဆိုင်ရာ သ ဘောတူညီမှု အတွက် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး အခြားပြည်တွင်းရှိ နိုင်ငံခြားဘဏ်များ နှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိကြသော ပုဂ္ဂလိက ဘဏ်များကလည်း အဆိုပါ နိုင်ငံတကာနှင့် ချိတ်ဆက်အသုံးပြုနိုင် မည့် ဘဏ်လုပ်ငန်းဆိုင်ရာ ငွေကြေးဝန်ဆောင်မှုစနစ်အတွက်ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအပေါ် ဆယ်စုနှစ် နှစ်စုကြာမျှ ကျင့်သုံးလာခဲ့သော စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများကိုဖြေလျော့ ပေး လျက်ရှိနေသလို ၂၀၁၃ ခုနှစ်တွင် စတင်မည့် အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံများအပါအ၀င် နိုင်ငံတကာနှင့် ပတ်သက်ဆက်နွယ် နိုင်မည့် အခွင့် အရေးများကြောင့် အေတီအမ်စနစ်သုံး ဈေးဝယ်ကတ်နှင့် အကြွေးဝယ်ကတ် စနစ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု လာနိုင်စေရန်အတွက်လည်း ပြည်တွင်းရှိ ဘဏ်လုပ်ငန်းအသီးသီးကလည်း လက်ရှိတွင် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်သည်။

"လုပ်ခွင့်ရပြီဆိုရင်တောင်မှ နောက် ထပ်အနည်းဆုံး ခြောက်လလောက် တော့ အချိန်ယူပြီး ပြင်ဆင်ရမယ်။ လိုအပ်တဲ့ နည်းပညာ ပိုင်း ဆိုင်ရာတွေနဲ့ ငွေပေးငွေယူ Settlement တွေလုပ် ရမယ်။ ဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့အဆင့်တွေကတော့ အများ ကြီး ပါပဲ။ ဗဟိုဘဏ်ဘက်က ခွင့်ပြုဖို့လည်းလိုသေးတယ်။ လောလောဆယ်တော့ ပြည်တွင်းမှာပဲ အွန်လိုင်းဘဏ်စနစ်ကိုစဖို့ပဲ ဖြစ်နိုင်မယ်" ဟု စီဘီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာဦးဖေမြင့် က ပြောသည်။

သို့သော် သက်ဆိုင်ရာအမေရိကန် ကုမ္ပဏီဘက်မှ လုပ်ကိုင်ခွင့်လိုင်စင် ရထားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ ကမ္ဘောဇဘဏ်၏ အ ထွေထွေမန်နေဂျာဦးဇော်လင်းထွဋ်က ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိပြီး တစ်ဘက်မှလည်း နည်းပညာများ အလွယ်တကူအသုံးပြုနိုင် သည်အထိ ပြည့်စုံလာသည်နှင့် တစ်ပြိုင်နက် အဆိုပါစနစ်ကို စတင် သွားရန် အစီအစဉ်ရှိကြောင်း ပြောသည်။

"စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်ကလျှော့ပေးလိုက်သလို တချို့ကျန်နေတာလေးတွေကလည်းရှိနေသေးတယ်။ အတိုင်းအတာ တစ်ခုထိ ပွင့်လင်းလာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ချင်ကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကတ်စနစ် နဲ့ အသုံးပြုဖို့ဖြစ်လာမှာပါ"ဟု ၎င်းက ပြောသည်။

အထူးသဖြင့် နိုင်ငံခြားဧည့်သည် များ အများဆုံးလာရောက်လေ့ရှိသော ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ အစရှိ သည်တို့ တွင် ဦးစားပေးလုပ်ဆောင်သွားရန်လည်း အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

"စစချင်းခြောက်လကနေ ကိုးလ လောက်အထိအနည်းဆုံး ကြာမယ်။ ပထမ အဆင့်အနေနဲ့ နိုင်ငံခြားကလာတဲ့ သူတွေကို ဒီနိုင်ငံမှသုံး နိုင် အောင်လုပ်ဖို့ ၀န်ဆောင်မှု ပေးမယ်။ ကိုယ့်နိုင်ငံကသူ တွေ သူများနိုင်ငံမှာ အသုံးပြုဖို့အတွက် ကိုတော့ ဒုတိယအဆင့်အနေနဲ့ ကြိုး စားသွားမှာပါ" ဟု ၎င်းက ပြောသည်။

၎င်းက လက်ရှိပြည်တွင်းတွင် အသုံး ပြုလျက်ရှိသော အေတီအမ်စနစ်သုံး ကတ်စနစ်မှာ Communication Infrastructure လိုအပ် ချက် တချို့ ကြောင့် အဆင်မပြေမှုများရှိကြောင်းလည်း ပြောသည်။

မြန်မာနိုင်ငံတွင် ကမ္ဘောဇဘဏ်နှင့် အာရှဓနဘဏ်တို့သည် ၂၀၀၃ ခုနှစ် အတွင်းက အကြွေးဝယ်စနစ်ကို စတင် ခဲ့ဖူးသော်လည်း နောက်ပိုင်းပြည်တွင်း ဘဏ်အကျပ်အတည်း ဖြစ်ပေါ်မှု ကြောင့် အဆိုပါစနစ်ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်။

ကုန်တင်ပို့သည့်ကုမ္ပဏီလုပ်ငန်းရှင် တစ်ဦးကမူ နိုင်ငံတကာလုပ်ငန်းရှင်များ မှာ ငွေသားကိုင်တွယ်အသုံးပြုခြင်းထက် ကတ်စနစ်သာ အများဆုံးသုံးလာကြ ကြောင်း ပြောသည်။

"သူတို့က အိတ်ထဲကို ပိုက်ဆံထည့်တဲ့ အကျင့်မရှိတော့ဘူး။ ငွေကြေးက ကုတ် စနစ်နဲ့ဖြစ်တဲ့ အတွက်လုံခြုံမှုရှိတယ်။ ငွေစက္ကူဟောင်း နွမ်းတာမျိုးမဖြစ်တော့ ဘူး။ မြန်မာငွေတစ်သိန်းကို ငွေစက္ကူနဲ့ဆို တစ်ယောက်တည်းပဲ ကိုင်နိုင်မှာဖြစ်ပေ မယ့် ကတ်နဲ့ ဖြစ်တဲ့အတွက် တပြိုင်တည်း ဆယ်ယောက်ကိုင်နိုင်တာမျိုး ဖြစ်ချင်ဖြစ်နေမယ်။ နောက်ပြီး ဒီစနစ်က နိုင်ငံခြားကလာတဲ့သူတွေအတွက်လည်း အဆင် ပြေတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် ဟိုးအရင်တုန်းက ဆို တရားဝင်ငွေအနေနဲ့ ဒေါ်လာ ၂၀,၀၀၀ အထိပဲ အများ ဆုံးယူလာခွင့် ရှိခဲ့တယ်။ အဲဒီအတွက် ၀န်ဆောင်မှု ကုမ္ပဏီတွေကို ဒေါ်လာ ၃,၀၀၀ ပေးရ ပြီး စရံအဖြစ် ၁,၅၀၀ ချေရတယ်။ ဘယ်လို မှ အဆင်မပြေနိုင်ခဲ့ဘူး"ဟု ၎င်းက ပြောသည်။

0 comments:

Post a Comment