Pages

Saturday, September 15, 2012

လျှပ်စစ်မီတာခများကို Y-pay ဖြင့် ပေးသွင်းနိုင်


စုလှိုင်ထွန်း
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

လျှပ်စစ်မီတာသုံးစွဲသူများသည် လစဉ် ပေးသွင်းရမည့် မီတာသုံးစွဲခများကို ယခုလမှစတင်၍ အွန်လိုင်းမှ ငွေပေး ဆောင်နိုင်သည့် Y-pay စနစ်ဖြင့် ပေး သွင်းနိုင်ပြီဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့ထံ မှ သိရသည်။

အဆိုပါစနစ်ကို စံပြအနေဖြင့် နေပြည် တော်နှင့် မန္တလေးမြို့တို့တွင် စတင်မည် ဖြစ်သည်။

Y-pay စနစ်ဖြင့် သုံးစွဲလိုပါက ဘဏ် စာရင်းတစ်ခု ထားရှိရမည်ဖြစ်ကာ မြန်မာ့ စီးပွားရေးဘဏ်၊ သမ၀ါယမဘဏ် (CB)၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) နှင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) တို့၌ စတင်ပေးသွင်းနိုင်မည်ဖြစ် သည်။

အဆိုပါဘဏ်စာရင်းတွင် အနည်းဆုံး ကျပ် ၁၀,၀၀၀ ထားရှိရမည်ဖြစ်ကာ Y-pay စနစ်သုံးစွဲခအဖြစ် ကျပ် ၅၀၀ ပေးသွင်းရမည်။

Y-pay အွန်လိုင်းဘီလ် ပေးသွင်းစနစ်ကို ရတနာပုံတယ်လီပို့က ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်သည်။ "ဘဏ်အကောင့်တစ်ခုမှာ မီတာ ၁၀ လုံး ပေါင်းပြီး သွင်းနိုင်ပါတယ်။

အေးဂျင့် အနေနဲ့ လုပ်မယ်ဆို အလုံးရေအကန့် အသတ်မရှိပါဘူး။

နိုဝင်ဘာလမှာ အေးဂျင့်နဲ့ ဆောင်ရွက်တာတွေကို စနစ် တကျ လက်ခံသွားပါမယ်"ဟု ရတနာပုံ တယ်လီပို့၏ ဌာနမှူး ဦးအောင်စံမြတ် က ရှင်းလင်းပြောကြားသည်။

"ဒီစနစ်ကျင့်သုံးတဲ့အတွက် ဘေလ် ဆောင်ရာမှာ တန်းစီစောင့်တာတွေ မရှိ တော့ဘူး။ အချိန်ကုန်လည်း သက်သာမယ်၊ သွားဆောင် ဖို့ခက်တဲ့ ၀န်ထမ်းတွေ မှာလည်း သွားစရာမလိုဘဲ ဌာနရဲ့ဘဏ် အကောင့်နဲ့ ပေးသွင်းနိုင်ပါပြီ"ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့် အောင်က ပြောသည်။

0 comments:

Post a Comment