Pages

Saturday, September 15, 2012

မန္တလေး၌ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီး အောင်မြေမန္တလာ ပြိုင်ပွဲရုံ၌ ကျင်းပမည်


လှိုင်ကျော်စိုး
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

အရပ်မြင့်၊ လူကောင်းကထွား၊ လက်သီးအားရှိတဲ့ ဖိုးကေကို တွေ့ရစဉ်။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)

မန္တလေးမှ လက်ဝှေ့ဝါသနာရှင်များ အတွက် သတ္တိပြောင်ပြောင်၊ ချွေးသွေးနဲ့ ရင်းပြဖို့ဝန်မလေးသူ ဖိုးကေ (ဧ၀ရက်)နှင့် အစွယ်ချွန်၍ နယ်ကျွံလာသော စိုးလင်း ဦးတို့၏ အထူးလက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာလ ၂၃ ရက်၊ ည ၇ နာရီ တွင် မန္တလေး၊ အောင်မြေမန္တလာ အားကစားပြိုင်ပွဲရုံ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

အဆိုပါပွဲကို မြန်မာနိုင်ငံရိုးရာ လက် ဝှေ့အဖွဲ့ချုပ်နှင့် မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာကော်မတီတို့က ကြီးမှူးပြီး စွမ်းကေကေMyanmar Traditional Boxing Promotion Group က ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"ဖိုးကေက အရပ်မြင့်တယ်၊ လူကောင် ကထွားတယ်၊ လက်သီးအား ရှိတယ်။အမှားလုပ်လို့တော့မရဘူး၊ အခွင့်ရေး ရရင်ပွဲသိမ်းသွား နိုင်တယ်"ဟု ကျားသစ် (ဦး)ရဲအောင်က ပြောသည်။

၎င်းနှင့် ထိုးသတ်မည့် စိုးလင်းဦးမှာ လူကောင်သေးသော်လည်း လျှင်မြန် သွက်လက်ကာ ခံနိုင်ရည်မြင့်ကြောင်း၊ ပွဲအတွေ့အကြုံ များကာ ပြီးခြေ ပြီးလက် ရှိကြောင်း စစ်ကိုင်း(ဦး)ကျောင်းသားက ညွှန်းထားသည်။ ၎င်းနေ့၌ အထူးပွဲငါးပွဲနှင့် ပွဲစဉ်ပေါင်း ၁၀ ပွဲပါဝင် မည်ဖြစ်ပြီး၊၂၀၁၂ ခုနှစ်၊ အာရှ မွေထိုင်းချန်ပီယံ တူးတူး(နဂါးမာန်)၊ ရွှေခါးပတ်ချန်ပီယံဒေါနအောင် (၀ါဆို)၊ ရွှေခါးပတ် ချန်ပီယံ စောသဲမင်း (မိုး သောက်ကြယ်)၊ ပြည်နယ်/တိုင်းချန်ပီယံ မိုးမခ(လင်းယုန်/မန္တလေး)၊ ၀င်းမောက် (မျိုးဇာနည်)၊ ကြည်ဇေမိုး (စွမ်းကေကေ)၊ ခွန်ရှိုင်းထက်(၀ါဆို)၊ ၀င်းသူရ(စွမ်း ကေကေ)၊ အောင်ဗဒင်(မြဇမ္ဗူ)၊ စိုင်း ၀ဏ္ဏ(စစ်ကိုင်း)၊ ထိုက်စံ(စွမ်းကေကေ)၊ မိုက်လက်သီး(မတ္တရာ)၊ တာရာအောင် (စွမ်းကေကေ)၊ ဆယ့်နှစ်တောင်ကျား (ကျားရဲ)၊ အမေ့သား (မဟာအောင်မြေ)နှင့် သားကြီး (မတ္တရာ)၊ စိန်လုံးချော (စွမ်းကေကေ) နှင့် ကောင်းမြတ်ကျော် (စိုင်းကလပ်) တို့ ပါဝင်ထိုးသတ်မည် ဖြစ်သည်။

ရုံဝင်ကြေးအဖြစ် ကျပ်ငါးထောင်၊ တစ်သောင်း သတ်မှတ်ထားသည်။ ကြို တင်လက်မှတ်များကို ကီးမားတင်ဝင်း ကဖေး၊ ၃၅ လမ်း၊ ဦးသောင်းရွှေ၊ စွမ်းကေကေ ကုန်/ပို့လုပ်ငန်း၊ ဂေါဝန် ထုံးပုံဆိပ်၊ ကမ်းနားလမ်း၊ ကိုမောင်လှိုင်၊ မြစံပယ်ဆေးဆိုင်၊ ကံ့ကော်ရုံဈေးချို၊ ကောင်းဟိန်းကဖေး၊ လမ်း ၈၀၊ ၄၁ လမ်းထိပ်၊ ကိုသန်းနိုင်၊ မန္တလေး ကျောက်ဝိုင်းအတွင်း (၄၁)လမ်း၊ ဗိုလ်ကဖေး၊ ၇၆ လမ်း၊ ၉ လမ်း မိဘဈေး အနောက်ဘက်များတွင် ၀ယ်ယူ ရရှိနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment