Pages

Saturday, September 15, 2012

အာရှတော်ဝင် ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကိုမကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူ


PDF Print
Sunday, 16 September 2012 11:27
AddThis Social Bookmark Button
7504
တိုင်းတရားရုံးအား စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်

အာရှတော်ဝင်ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကို မကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူခဲ့ကြောင်း တိုင်ကြားခဲ့သည့် မိသားစုဝင်များ၏ ပြောကြားချက်အရ သိရှိရသည်။

စမ်းချောင်းမြို့နယ်၊ အာရှတော်ဝင် ဆေးကုခန်းရှေ့ရှိ မြန်မာ့ရိုးရာ ထမင်းဆိုင်တွင် ထမင်းစားနေသည့် တက္ကစီယာဉ်မောင်းဖြစ်သူ ကိုတင်မောင်ဆွေ(အသက် ၃၆ နှစ်)ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက် နေ့ည ၁၁ နာရီအချိန်ခန့်တွင် လူကိုးဦးခန့်က တုတ်များဖြင့် ၀ိုင်းဝန်းရိုက် နှက်ခဲ့သဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင်တရား သူကြီး(၃)မှ ပြစ်ဒဏ်ချမှတ်လိုက်သည့်အပေါ် မမျှတဟု ယူဆသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင်ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထား ခဲ့ရာ ယခု စက်တင်ဘာလအတွင်း ပြန်လည်စစ်ဆေးကြား နာမည်ဖြစ်ကြောင်း မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ဝိုင်းဝန်း၍ ရိုက်နှက်ခံရသူကို တင်မောင်ဆွေမှာ အခင်းဖြစ်သည့် နေရာ၌ပင် ပါးစပ်နှင့်ဦးခေါင်းမှ သွေး များထွက်ရှိကာ သတိမရတော့ဘဲ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အစ်ကိုဖြစ်သူဦး မောင်မောင်လွင်က ပြောပြခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင်တရား ရုံး ဒု-ခရိုင်(၃)တွင် ဦးမောင်မောင်လွင်မှ ၂၀၁၁ ခုနှစ်ပြစ်မှုကြီးမှုအမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလိုပြုလုပ်၍ တရားခံများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့်ကျော်ထွေး တို့အပေါ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မကြီး ၃၀၂(၂)ဖြင့် တရားစွဲဆိုခဲ့သည်။ ထိုသို့စွဲဆိုပြီးနောက် တရားလို တရားခံများအပါအ၀င် သက်သေအသီးသီး အားစစ်ဆေးပြီး ၂၀၁၂ ခုနှစ် ဖေဖော် ၀ါရီလ ၂၄ ရက်နေ့တွင် ရုံးတော်မှ တရားခံညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပြီး တရား ခံ ကိုကိုဝင်းနှင့် ကျော်ထွေးတို့အား ပုဒ်မ ၃၂၅/၁၁၄ အရ ထောင်ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော့်ညီက ၀ိုင်းဝန်းရိုက်နှက်ခဲ့လို့ သေဆုံးသွားတဲ့ဖြစ်စဉ်ကို ခရိုင်တရားရုံးက အပြင်းအထန် ဒဏ်ရာရတဲ့ပုဒ်မနဲ့ပဲအမိန့်ချခဲ့တဲ့အတွက် မကျေနပ်လို့ တိုင်းတရားရုံးကို ထပ်ဆင့်တိုင်ကြားခဲ့ရာ ခြောက်လကြာခဲ့မှ ပြန်လည်စစ်ဆေးမယ်လို့ စက်တင်ဘာလ၁၄ရက်နေ့က ခေါ်ယူပြီးပြောခဲ့ပါတယ်။ အခုလာမယ့် ၂၈ရက်နေ့ မှာ စတင်ပြီးတော့ကြားနာမယ်လို့ တိုင်းတရားရုံးက ဥပဒေအရာရှိတစ်ဦးက ကျွန်တော်တို့ကို ခေါ်ယူပြီး ပြောခဲ့ပါတယ်။ ပြန်စစ်ဆေးမယ်လို့ သိရတဲ့အတွက် ပထမအဆင့်တော့ ရင်အေးသွားပါပြီ။ ပြန်စစ်ဆေးတဲ့ အခါမှာလည်း မျှတမှုရှိတဲ့ အမိန့်တစ်ခုကို ပြန်ပြီးတော့ ချမှတ်မလား ဆိုတာကို စောင့်ကြည့်သွားရဦးမှာပါ” ဟု သေဆုံးသူ၏အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင်က ပြောကြားခဲ့သည်။

ဆက်လက်၍၎င်းက “ကျွန်တော့် ညီက ဆေးရုံရှေ့က ထမင်းဆိုင်မှာ ထမင်းစားနေရင်းနဲ့ တုတ်တွေကိုင်ဆောင်ထားတဲ့ လူကိုးယောက်လောက်က ဆိုင်ထဲဝင်လာပြီးတော့ ကားသမားတွေ အကုန်လုံးကိုရိုက်ကွာလို့ အော်ပြီးတော့ ၀င်ရိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ညီက ဘာမှမဆိုင်ဘဲနဲ့ ၀ိုင်းရိုက်ခံရလို့ ဆေးရုံရောက်ပြီး နာရီဝက်အကြာမှာပဲ သေဆုံးသွားခဲ့တယ်။ ကျွန်တော်စုံစမ်းတော့ ၀ိုင်းရိုက်တဲ့တရားခံတွေနဲ့ တခြားယာဉ်မောင်းတွေက စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ စကားများထားတယ်ဆိုတာကို သိရပါတယ်” ဟု ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ တင်မောင်ဆွေမှာ ဦးခေါင်းဝဲယာစောင်းဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာနှင့် ၀ဲလက်ဖျံဖူး ရောင်၊ ၀မ်းဗိုက်ချက်အောက်ညိုမည်း၊ ယာပုခုံးဝဲယာပါးခါးတို့တွင် ဒဏ်ရာအသီးသီးရရှိ၍ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရောက် ပြီး နာရီအနည်းငယ်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူအများဝိုင်းရိုက်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့မှုကြောင့် ကိုမောင်မောင်လွင်မှ တရားလိုပြု၍ စမ်းချောင်းရဲစခန်း (ပ)၄၆၈/၂၀၁၀ ပြစ်မှု ပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/ ၃၂၆/ ၁၁၄ သို့ ပြောင်းလဲအမှုဖွင့် ခဲ့ပြီး အမှုစစ်ဖြစ်သူ ဒုရဲအုပ်ငွေစိုးက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှုမှ တရားခံ (၁) ဖြစ်သူ တရားခံ ကိုကိုဝင်းနှင့်တရားခံ(၄) ဖြစ်သူ တရားခံကျော်ထွေးတို့မှာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၅/၁၁၄အရ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်နှင့်သုံးလ ကျခံစေ သော်လည်း တရားခံများအား အထုတ်ခံရသော ၂၀၁၀ ဒီဇင်ဘာလ ၄ ရက်မှ စ၍ ချုပ်ရက်များကို ထောင်ဒဏ်မှ ထုတ်နှုတ်ကျခံစေကြောင်း သိရသည်။

0 comments:

Post a Comment