ဒီတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ရရှိဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး
ကော်မတီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်း အတွင်းက တရားစီရင်ရေး ဆိုင်ရာ ဝန်ထမ်းတွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လာမယ့် စက်တင်ဘာ ၈ ရက်နေ့ တွေ့ဆုံဖို့ ရှိတယ်လို့ ရန်ကုန် တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။
အဲဒီ တွေ့ဆုံပွဲကို နေပြည်တော် ပြန်ကြားရေး၊ ကာကွယ်ရေး၊ တရားရေး ဌာနတွေက ဌာနဆိုင်ရာ အရာရှိတွေ၊ တပ်မတော် အရာရှိတွေ၊ ရဲအရာရှိတွေ အပါအဝင် တာဝန်ရှိသူ ၂ ရာကျော် တက်ရောက်မယ်လို့ သိရပါတယ်။
RFA Burmese
![]() |
| EU ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးမြင့်ဆွေတို့ အား အတူတွေ့ ရစဉ် |


0 comments:
Post a Comment