Pages

Saturday, September 15, 2012

မိုဘိုင်းဖုန်း ကတ်ပျက်စီးပျောက်ဆုံးမှုနှင့် အင်တာနက်လျှောက်ထားမှု လွယ်ကူအောင်ဆောင်ရွက်


ထူးအောင်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

မိုဘိုင်းဖုန်းများ Sim Card ပျက်စီး ပျောက်ဆုံးမှုနှင့် အင်တာနက် လျှောက်ထားမှုများကို အနီးဆုံး တိုင်း ဒေသကြီး၊ (သို့) ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာရုံးများ၊ ရန်ကုန်မြို့ရှိ မိုဘိုင်း အင်ဂျင်နီယာချုပ်ရုံး၊ ကော်မရှယ်စခန်း များသို့ သွားရောက်ဆက်သွယ်တင်ပြ လျှင် မည်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ၀ယ်ယူခဲ့သည့် မိုဘိုင်းဖုန်း ဖြစ်စေ အနီးဆုံး တိုင်းဒေသကြီး၊ (သို့) ပြည်နယ်တွင် ကျ သင့်ငွေပေးသွင်းလျက် ရယူဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားချက်အရ ကတ်ပျက်လျှင် ကတ်ကို သတ်မှတ်ထားသည့် အချက် အလက်အထောက် အထားများ ပြပြီး အခမဲ့လဲလှယ်ပေးပြီး ကတ်ပျောက်လျှင် ကျပ်နှစ်သောင်း ပေးသွင်းရသည်။

"အင်တာနက် လျှောက်ရင်လည်း ၀ယ်တဲ့နယ်မှာ ပြန်လျှောက်ခိုင်းတယ်တဲ့။ ဒီလိုဆိုရင် မဖြစ်ဘူးဆိုပြီး မည်သည့်နေရာက ဖုန်းကတ် ပျက်သည် ဖြစ်စေ၊ နီးစပ်ရာနေရာမှာ အင်တာနက် ကို မည်သည့်နေရာမှာမဆို လုပ်ပေးရ မယ်ဆိုရင် သုံးစွဲသူတွေ အဆင်ပြေလာ မယ်" ဟု ဦးသိန်းထွန်းက ပြောသည်။

မိုဘိုင်းဖုန်း အင်တာနက် ၀န်ဆောင်ခအနေဖြင့် ကျပ်တစ်သောင်းပေးသွင်းရပြီး ဂျီအက်စ်အမ်တယ်လီဖုန်းများ အနေဖြင့် အင်တာနက် အသုံးပြုခ တစ်မိနစ်လျှင် နှစ်ကျပ်ကျသင့်ပြီး WCDMA ဖုန်းများနှင့် CDMA 800 MHz ဖုန်းများအနေဖြင့် တစ်မိနစ်လျှင် လေးကျပ် ကျ သင့်သည်။

အိုင်စီတီ ညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုသူဦးရေသည် ယမန်နှစ်က ငါးသိန်းမျှသာ ရှိသော်လည်း ယခုနှစ် ဩဂုတ် လတွင် ထုတ်ပြန်ခဲ့သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ အချက်အလက်များအရ အင်တာနက် အသုံးပြုသူဦးရေသည်ခြောက်သိန်း ၀န်းကျင်ခန့်အထိ ရှိလာခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment