Pages

Thursday, December 13, 2012

မျက်နှာပြင် နှစ်ဖက်ပါသော စမတ်ဖုန်း ရုရှားက ထုတ်မည်

Thursday, 13 December 2012

စမတ်ဖုန်းဈေးကွက်ကို ရုရှားကုမ္မဏီတွေ စတင်ထိုးဖောက်တော့မှာ ဖြစ် ပါတယ်။ စများစတော့လည်း touch screen မျက်နှာပြင် နှစ်ဖက်ပါတဲ့ စမတ်ဖုန်း နဲ့ စတင်တာ ဖြစ်ပါတယ်။

ရုရှား Yota Design ကုမ္မဏီက တီထွင်ဖန်တီးခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅ သန်းရင်းလို့ research လုပ်ထားတဲ့ ဖုန်း ဖြစ်ပါ တယ်။ ဒါဆိုရင် ဘယ်လောက်တောင် ပြင်ဆင်ထားတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ မျက်နှာပြင် လုပ်တဲ့ ရည်ရွယ်ချက်က တစ်ဖက်မှာ E-book ဖတ်ဖို့ ဖြစ်ပြီး တစ်ဖက်ကတော့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် နှစ်ဖက်လုံးရဲ့ လုပ်ဆောင်ချက်ကတော့ လိုသလို ပြောင်းလဲယူလို့ ရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာ LCD မျက်နှာပြင်၊ အခြားတစ်ဖက်မှာ electronic paper ဖြစ် ပါတယ်။ အကြမ်းလည်း ခံပါတယ်။ Google ရဲ့  Android OS ကိုပဲ အသုံးပြုဖြစ်ဖို့ များတယ်လို့ ဆိုပါတယ်။

Amazon ရဲ့ အီးဘုတ်ရော၊ ယနေ့အိုင်တီခေတ်ရဲ့  အကောင်းဆုံး စမတ်ဖုန်းကိုပါ နှစ်မျိုးလုံးကို ဖုန်းတစ်လုံးနဲ့ ပိုင်ဆိုင်ရစေမယ့်လို့ Yota ရဲ့  စီအီးအိုမှ ကြွေးကြော်ထားပါတယ်။ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၅၀၀ ပဲသတ်မှတ်ထားပါတယ်။ ဒါကြောင့် မြန်မာပြည်ရောက်လာရင် ၅ သိန်း ဝန်းကျင် သာရှိပြီး iPhone ထက်လည်း ဈေးသက်သာမှာ ဖြစ်ပါတယ်။

Applicatoin ထောက်ပံ့မှုတွေ၊ user interface တွေ နဲ့ အတွင်း Hardware ပစ္စည်းများကအစ ယနေ့ အဆင့်မြင့် စမတ်ဖုန်းများနဲ့ ယှဉ်ပြိုင်နိုင်မယ့် ကုန်ကြမ်းများကိုပဲ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ဖေဖော်ဝါရီလ Mobile World Congress မှာ စတင်မိတ်ဆက်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: online.wsj
Aung Kham (TSJ team)
TechSpace Journal

0 comments:

Post a Comment