Pages

Wednesday, April 3, 2013

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ပြောကြား


AddThis Social Bookmark Button
4.3.7
ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်
အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
သာသနာရေး ၀န်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီစုစုပေါင်း ၁၄၀ ခန့် ရှိကြောင်း သိရှိရသည်။
ဗလီများတွင် လက်နက်များ စုဆောင်းထားသည်ဟူသော လူထုအတွင်း ထွက်ပေါ်နေသည့် သတင်းများအရ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မောင်ငံဗလီသို့ ၀င်ရောက်စစ်ဆေးရာ လက်နက်များ စုစောင်းထားခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးသက်ချိုက မီဒီယာများသို့ ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီအများဆုံး မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သန်လျင်၊ သာကေတ၊ ကျောက်တံတားမြို့နယ်များ ဖြစ်ကြသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် တွင် ဗလီ ၁၈ ခု၊ ပန်းဘဲတန်းတွင် ၁၁ ခု၊ ဗိုလ်တထောင်တွင် ၁၀ ခု ရှိကြောင်း အကြမ်းဖျင်း သိရှိရသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဗလီအများဆုံး ပြည်နယ်မှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ဗလီပေါင်း ၁၀၀ ကျော် ရှိသည်ဟု သိရှိရသည်။ တစ်နိုင်ငံလုံး အနေဖြင့် ဗလီအရေ အတွက် ၇၀၀ ကျော် ရှိမည်ဟု ခန့်မှန်းကြသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်ပေါင်း သုံးသန်းဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

Tuesday, April 2, 2013

သံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့် ဖြေလျော့


Tuesday, April 2, 2013

ရဟန်းသံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် မြို့နယ် သံဃနာယကအဖွဲ့ ထောက်ခံချက်သာ ရယူပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ရဟန်းသံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်ကကဲ့သို့ သံဃနာကယ အဖွဲ့ အဆင့်ဆင့်၏ ထောက်ခံချက်များဖြင့် သာသနာရေး ၀န်ကြီးဌာနမှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ မလိုအပ်တော့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ဧရာဝတီ

ဆီးချို၊ သွေးချိုရောဂါအတွက် ပျားမြီးရွက်ပင်


Tuesday, April 2, 2013

ဆီးချို၊ သွေးချို (Dibetes)ရောဂါကုသရေးအတွက်

တိုင်းရင်းဆေးဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်းသိမှတ်ဖွယ်...

(၁)။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)

(၂)။ မူရင်း= ထိုင်ဝမ်

(၃)။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာင်္ပူ၊အင်ဒိုနီးရှား၊

(၄)။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။

အရွက်သည် ပျားကိုယ်အနောက်ပိုင်းနဲ့တူပြီးအရွက်ဘေးတွင် အထစ်များပါဝင်သည်။

ရင့်သောအပင်များ၏ ပင်စည်သည် နီညိုရောင်ရှိသည်။

အရိုး၊ အလက်ကိုဖြတ်၍ မြေတွင်စိုက်ရုံဖြင့် ရှင်သန်သည်။

မျိုးပွားလွယ်သည်။

(၅)။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။

(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား

ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို

ရေစင်စင်ဆေး၍ ဝါးစားရန်ဖြစ်သည်။


စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ

ရေသန့်သန့်ဖြင့်ဆေးပြီး ဝါးစားရန်ဖြစ်ပါသည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက

အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။

မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တရပ်ထားလိုက်ပါ။

(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည်

အထက်ပါ ပျားမြီးရွက်ကိုစားခြင်းဖြင့်အဆင်ပြေနိုင်ကြောင်း လေ့လာ
သိရှိရပါသည်။

ဆီးချို၊သွေးချို ရောဂါနှင့် ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ
လေ့လာထားတာရှိပါသည်။ဆီးချို၊ သွေးချို ရောဂါဆိုတာ သွေးထဲ
မှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲများပြားနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရောဂါမျိုးဖြစ်ပါသည်။

အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည် ရောဂါဖြစ်ပါသည်။ မျိုးရိုးလိုက်
၍ ဆီးချို၊သွေးချိုရောဂါ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ကြီးသူ၊ငယ်
သူ ဖြစ်ပါစေ ၊အစားအသောက် အနေအ အထိုင် မဆင်ခြင်ပါကဆီးချို၊
သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ်ဆေးလို့ ရောဂါမရှိပေ
မယ့်တစ်ချိန်ချိန်မှာ ဆီးချို၊သွေးချိုရောဂါ ရှိလာနိုင်ကြောင်းလည်း လေ့
လာသိရှိရပါသည်။

ဆီးချို၊သွေးချိုရှိလာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအ
နေ ပိုလာနိုင်ခြင်း၊ သွေးတိုးရောဂါခံရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ
ရှိလာပါက လေဖြတ်နှုန်း ပိုများလာနိုင်ခြင်း ၊ဆီးချို၊ သွေးချို ရောဂါ
ကြောင့် ဖြစ်လာနိုင်သော ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်
ခြင်း ၊ ထိုအနာများသည်လည်းပျောက်ခဲခြင်း ၊ ထိုပြင် နောက်ဆက်
တွဲရောဂါများစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ အစား
ဆင်းရဲခြင်းများပါ ခံစားရတတ်ပါသည်။

ဒါပေမယ့် ပျားမြီးရွက်ကို စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊သွေးချိုရောဂါကို သက်သာပျောက်ကင်း
အောင် ထိန်းသိမ်းထာနိုင်ကြောင်း တွေ့ရပါသည်။

ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း အ
တွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက်စားသုံး၍ ရောဂါ ကို ထိန်း
ထား(control) လုပ်နိုင်သောကြောင့် အကျိုးထိရောက်မှုရှိနေကြောင်း
သိရပါသည်။

ဆေးဖက်ဝင်ပျားမြီးရွက် နှင့် ဆေးဆောင်းပါးများ
စောငုဝါ
ကျန်းမာရေးစာတိုများစုစည်းမှု
Myawady News

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်


Tuesday, April 2, 2013

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်
ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုး
လည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင် လိုက်ပါ။

ခြေထောက်ချိတ်ထိုင်ခြင်း

ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်း
မာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်
အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း (Varicose Vein) ကို ဖြစ်
စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်
တော့ သွေးကြောတွေရဲ့ သွေးစီး ဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။

အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ် တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီ
ညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။

သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း

သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီး သွား တဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေ
က သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်
လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ် ချောင်း လဲသုံးပေးပါ။

သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာ ကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွား
တာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့
အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။

မကြာခဏ အပြင်ထွက်စားခြင်း

စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံး သူတွေကို ဆွဲဆောင်တတ် ပါတယ်။

တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်
တဲ့ အစားအစာကို မရွေးချယ် တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။

မနက်စာ မစားဘဲနေခြင်း

မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။
ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူ
တွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။

ဒေါက်မြင့်ဖိနပ် စီးခြင်း

သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေ
ဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေ
မှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်
လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်
စေနိုင်ပါဘူး။

ဆိုဖာပေါ်မှာ အိပ်ခြင်း

ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်
လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။

သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။

ခေါင်းအုံးထူထူပေါ် အိပ်ခြင်း

လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။
သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါ
ဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။

အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံး
လဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။

လေ့ကျင့်ခန်း မလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။

မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်
တိုးပြီး လေ့ကျင့်ပေးပါ။

Myawady News
64

SSA (၀မ်ဟိုင်း)အဖွဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားပြီး လက်နက်အင်အားတိုးချဲ့နေသည်. . .


Tuesday, April 2, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ SSA (၀မ်ဟိုင်း) အဖွဲ့ကို အခွန်ပေးပြီး ဘိန်းစိုက် ပျိုးရန်မြေပြင်ထားသောတောင်ယာများကို တောင်ကြီး-လာရှိုးသွား ကားလမ်း ၀ဲ၊ ယာ၌ မျက်စိ တစ်ဆုံးတွေ့နိုင်ပါသည်။

SSA (၀မ်ဟိုင်း) သည်နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဆွေးနွေးထားသော အဖွဲ့ဖြစ် ပါသည်။ သို့သော်များမကြာမီ ရက်ပိုင်း က SSPP/SSA အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်က လက်နက်ကို လုံးဝ မစွန့်လွှတ်ဘူးလို့ လူသိရှင်ကြားပြောချလိုက်ခြင်း၏ နောက်ကွယ်မှာ SSA (၀မ်ဟိုင်း) အခိုင်အမာရပ်တည်ပေးနေသည်ဟု သိရှိရသည်။

SSA (၀မ်ဟိုင်း)သည် ငြိမ်းချမ်းရေးသဘောတူညီမှုကို ဖောက်ဖျက်ကာ တပ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ဝယ်ယူ ခြင်းတို့ကို ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ SSA (၀မ်ဟိုင်း)၏ အုပ်ချုပ် မှုနယ်မြေထဲ တွင် ကျေးသီး၊ မိုင်းနောင်၊ မိုးရှုးမြို့နယ်များပါရှိပြီး ၎င်းမြို့နယ်များတွင် ပါဝင်သော ကျေးရွာအုပ်စုများမှ နှစ်စဉ်ဘိန်းခွန်ကြေးပေးဆောင် နေကြ ရသည်ဟု သိရ၏။

“ ယခု ၂၀၁၃ ခုနှစ်အတွက် ရွာတစ်ရွာကို ဘိန်းခွန်သိန်း ၃၀၀ ပေးရ မယ်လို့ ပြောထားတယ်၊ လေးလကို ၁ ကြိမ်သွင်းခိုင်းပါတယ်၊ အိမ်ထောင်တိုင်းမှာ ဘိန်းစိုက်ရုံကလွဲပြီး ကျန်တာလည်း စိုက်ပျိုးစားဖို့ အဆင်မပြေ ဘူး၊ သူတို့ဘိန်းခင်းတွေကို အစိုးရစစ်တပ်နဲ့ ဌာနဆိုင်ရာတွေ လာပြီး မဖျက်အောင် SSA (၀မ်ဟိုင်း)က ကာကွယ်ပေးထား တယ်လို့ပြော တယ်၊ မိသားစုစားဝတ်နေရေးအတွက် SSA (၀မ်ဟိုင်း) အဖွဲ့ကို ဘိန်းခွန်ပေး ပြီး စိုက်ပျိုးစားနေရတာပေါ့ ” ဟုမိုင်းရှုးမြို့ခံကျောင်းဆရာမ တစ်ဦးကပြော .ပြသည်။

SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ဘိန်းချက်စက်ရုံများရှိပြီး မူးယစ်ဆေးဝါးများကို ထုတ်လုပ်လျက်ရှိသည်ဟု သိရှိရ၏။ မူးယစ်ဆေးဝါးများ ကို တောလမ်း အတိုင်း လား၊ မြင်းများဖြင့် သယ်သလို၊ ရွာသားများကို ပေါ်တာ ဆွဲ၍ သယ်သည်။ သံလွင်ကမ်းခြေသို့ရောက်သောအခါ တရုတ်နှင့် ထိုင်းနိုင်ငံများ သို့ မူးယစ်ဆေးဝါးများ တင်ပို့သည်။ ထို့နောက်လက်နက်၊ ခဲယမ်း များ ပြန် လည် တင်သွင်းသည်ဟု ပေါ်တာပါသူ ရွာသားတစ်ဦး က ပြောပြ သည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ရောင်းချပြီး လက်နက်၊ ခဲယမ်းများထပ်မံ ၀ယ်ယူနေခြင်းမှာ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မထီမဲ့မြင်သဘောထားပြီး ပြောင်ပြောင် တင်းတင်း ကျူးလွန်နေခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ တစ်ကမ္ဘာလုံးနှင့် မြန်မာတစ်မျိုးသားလုံးအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ် ရောင်းချ အခွန်ကောက် .နေသော၊ လက်နက်အင်အား တိုးချဲ့နေသော SSA (၀မ်ဟိုင်း) အနေဖြင့် တရားမ၀င်ဥပဒေမဲ့ ဆန့်ကျင်ဘက်လုပ်ရပ်များကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း တိုက်ပွဲများဖြစ်ပွား မည်ကို မလိုလားသော ဒေသခံတစ်ဦး အနေဖြင့် အသိပေးပြောပြလိုက်ပါသည်။

မိုင်းရှုးသား
shannews
14

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို သွားမယ်


Tuesday, April 2, 2013

သမ္မတ ဦးသိန်းစိန်ဟာ ဒီရက်ပိုင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် သွားမှာဖြစ်ပါတယ်။ ခရီးစဉ် အတွင်းမှာ ဟိုင်နန်းကျွန်း ၊ ဘိုအောင်းမြို့မှာ ကျင်းပမယ့် ၂၀၁၃ အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ ကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။


တတိယ အကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်မှာ ဦးသိန်းစိန်အနေနဲ့ လတ်တလော အငြင်းပွားမှု တစုံတရာ
ဖြစ်နေတဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္မဏီ က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကိစ္စလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ သတင်းတွေ လည်း ထွက်ပေါ်နေပါတယ်။

အခုလို တရုတ်နိုင်ငံကို သွားရတာကလည်း အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံတို့ ဆက်ဆံမှုတွေ ခပ်စိပ်စိပ်နဲ့ နီးကပ်လာပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို မထိခိုက်ကြောင်း
ပြသရာလည်း ရောက်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေကြတဲ့ နိုင်ငံခြားတိုင်းပြည်များထဲမှာ အများဆုံးရင်းနှီးမြှပ်နှံ တဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။
ဧရာဝတီ
2

လယ်သမားအခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်သ


Monday, April 2, 2013

တောင်သူတွေရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် အစိုးရ
ဘက်က အတိုးနှုန်းသက်သက်သာသာနဲ့ နှစ်ရှည်ချေးပေးနိုင်ဖို့ ဥပဒေပြ
ဌာန်းဆောင်ရွက်သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင်မယ့် ဥပ
ဒေပြဌာန်းနိုင်ဖို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့က နေပြည်တော်
မှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်း
ချနိုင်ခွင့် စတဲ့အခွင့်အရေးတွေအပြင် တခြားဥပဒေအရ ပြဌာန်းသင့်တဲ့
အချက်တွေကို ဆွေးနွေးကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့
တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း
က RFA ကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ရေးရာကော်မတီ
ဝင်တွေနဲ့ တောင်သူလယ်သမားအသင်း အဖွဲ့အစည်းတွေက ကိုယ်စား
လှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်၊ မြန်မာနိုင်
ငံ တောင်သူလယ်သမားအသင်း တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ကုန်
သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဝင်း
အောင် စတဲ့ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

RFA
5