Pages

Saturday, December 29, 2012

ကျေးဇူးပြု၍ ပစ်မထားပါနှင့်

BY - Minmin Soe

ကျေးဇူးပြု၍ ပစ်မထားပါနှင့်.....
.........................................
မနေ့ည(ဒီဇင်ဘာ ၂၇ည ဆယ်နာရီခန့်တွင်)ဖိုးစမ်းချောင်း စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ရတနာဂူအောက်နန်းမရောက်ခင် တပြခန့်အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦးလဲနေသည်ထင်ပြီး ကျော်သွားသည်။

နာရီကြည့်တော့ ဆယ်နာရီလေးဆယ့်ငါးမိနစ်ရှိလေပြီ။ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီးဟောင်နေသဖြင့် သတိပေးရန်နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ဆိုင်ကယ်မှာ ဒူးကာများကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွားပျက်စီးနေကာ တိုက်ခံရသောလူမှာလည်း သတိမေ့နေသည်။ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ.သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ.သေပြီလားဟု တွေးမိသည်။အနားလည်း အရမ်းကြီးမကပ်ရဲ..ဆိုင်ကယ်မီးထိုးကြည့်သည်။ရွှေဆွဲကြိုးတကုံးဝတ်ထားသည်။အနွေးထည်အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တအိတ်ကို တွေ့သည်။သူစဉ်းစားသည်..ရဲကို ဖုန်းဆက်ခေါ်ရမည်။ဖုန်းက ဘက်ထရီကုန်နေသည်။ဘယ်လိုမှ ဆက်မရ။သို့နှင့် လာသမျှကားကို လက်တားသည်။တစ်စီး .နှစ်စီး ..ဆယ်စီးကျော်သွားပြီ..ဘယ်သူမှ ရပ်မပေး.ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။

သို့သော်အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြင့်၍ မောင်းထွက်သွားသည်။သူ ဆိုင်ကယ်ကို စက်နှိုး၍ အတိုက်ခံရသောလူနားတွင် ရပ်ထားလိုက်သည်။စိုးရိမ်သည်က တခြားမဟုတ်.ထိုလူအား နောက်ထပ် ကားဖြင့် ကြိတ်သွားမည်စိုး၇ိမ်သောကြောင့်ဖြစ်သည်။အနဲငယ်လမ်းလျှောက်သွားပြီးနောက် အိမ်တအိမ်သို့ ဝင်နှိုးသည်။ထိုအိမ်က ဘယ်သူလဲဟု မေးရာ လူတယောက်ဆိုင်ကယ်တိုက်ခံရသဖြင့် ဖုန်းတချက်လောက်ဆက်ခွင့်ပေးပါ..ဖုန်းမရှိလျှင် မီးပလတ်ပေါက် ခဏသုံးပါရစေ.ဖုန်းအားသွင်းရုံလေးပါဟု တောင်းပန်သည်။မရ…အင်း..ဘာတဲ့..ကိုယ့်ပြဿနာ ကိုယ်ရှင်းပါလို့တောင် အပြောခံလိုက်ရသည်..ကဲ.ကွာ..ဘာမှ ဆက်မပြောမိအောင် ပါးစပ်ကို တင်းတင်းပိတ်သည်။ဖုန်းဘက်ထရီဖြုတ်သည်။ပြန်တပ်ကြည့်သည်.အားနဲနဲပေါ်လာသည်။ထုံးစံအတိုင်း ရတနာပုံတယ်လီပို့ကိုသာ ဖုန်းဆက်တော့သည်။ဒီတခါကိုင်သည်က ယောကျာ်းလေး..လိုရင်းပြောလိုက်သည်။ဟိုကလည်း မြန်သည်..ခဏဟု ပြောပြီး ဖုန်းနံပါတ်ချက်ခြင်းရှာပေးသည်။တမီနစ်သာကြာသည်။ယခင်က မိန်းကလေးနှင့် ဘာမှမဆိုင်.နာရီကြည့်လိုက်တော့ ၁၁နာရီ ဆယ့်ခြောက်မိနစ်..တောင်မြို့ရဲစခန်း ၀၂၇၀၉၉၈ သို့ဖုန်းဆက်သည်။ချက်ခြင်းကောက်ကိုင်သည်။အကျိုးအကြောင်းပြောပြတော့ ခဏစောင့်ပါ..ယာဉ်ထိန်းရုံးနှင့်ဆိုင်သောကြောင့် မော်တော်ပီကယ်ရုံးကို ဖုန်းဆက်ပေးမည်ဟု ပြောသည်။ချမ်းမြသုခ၀၂၅၉၁၆၄ သို့ဖုန်းဆက်သည်။ချက်ခြင်းလာခဲ့မည်ဟု ပြောသည်။ထိုသို့ သူ အလုပ်များနေခိုက်. ကုန်တင်ကားတစ်စီး မောင်းလာသည်။ထုံးစံအတိုင်း သူတားသည်။မှတ်မှတ်ရရ အစီး သုံးဆယ်မြောက်..မရပ်ပေးပါ..တော်တော်လေး ကျော်သွားသည်။ပြိးမှ ကားရပ်ပြီး ကားဒရိုင်ဘာနှင့် ယာဉ်အကူ သူ့ဆီပြေးလာသည်။ဘာဖြစ်တာလဲဟု မေးပြီးထိုလူနားတွင် နေပေးသည်။တောင်မြို့ရဲစခန်းကို ထပ်ဖုန်းဆက်သည်။ကားတစ်စီးရပ်ပေးတယ်။ဘာဆက်လုပ်ရမလဲ.ခဏစောင့်ပါ..သူတို့ထွက်လာပြီဟု အကြောင်းပြန်သည်။ခဏအကြော..ပွမ်ပွမ်ဖြင့် ချမ်းးမြသုခအရေးပေါ်တင်ကားရောက်လာချေပြီ..မြန်လှပေစွ..ဖုန်းဆက်ပြီး ဆယ့်ငါးမိနစ်ဝန်းကျင်သာ ရှိသေးသည်.ရောက်ရောက်ချင်း လူနာကို ဖုန်းဖြင့် ဓာတ်ပုံရိုက်သည်။ရွှေဆွဲကြိုးအစရှိသည့် ထိုလူ၏ ပစ္စည်းများကို မိမိတို့ရှေ့တွင် သက်သေယူဓာတ်ပုံရိုက်သည်။ထို့နောက် မိမိနှင့် ညှိသည်။ရဲလာလျှင် အကုန်ဖြေရှင်းပေးမည်။လူနာအား ဆေးရုံကြိးသို့ သယ်သွားသည်မှာ အကောင်းဆုံးဟု ဝိုင်းဝန်းသဘောတူလိုက်သည်။ဘေးက ဒရိုင်ဘာက တားသည်။မင်း အမှုပတ်လိမ့်မည်တဲ့..ကိစ္စမရှိဟု ပြောလိုက်သည်.ထိုစဉ် ရဲတယောက် အရက်မူးပြီး ရောက်လာသည်။အရပ်ဝတ်ဖြင့်.ဆိုင်ကယ်အား ဒယိမ်းဒယိုင်မောင်းလာသည်။မိမိတို့အား ပေါက်တက်ကရလာမေးသည်။လူတွေရုံးစုရုံးစုဖြစ်ခိုက်..ငယ်တိုးရပ်ကွက်မှ ဆယ်အိမ်ခေါင်းစသည့်လူများထွက်လာသည်..ထိုရဲက တာဝန်ဖြင့်မဟုတ်.ဆေးခွင့်ယူထားသည်ဟု မိမိတို့မေးမြန်းချက်အရ သိလိုက်ရသည်။ချမ်းမြသုခမှ တာဝန်ရှိသူက ထိုရဲအားအဖက်မလုပ်..လူနာအား ပြုစုစရာရှိသည်ကိုသာ ပြုစုပြီးကားပေါ်တင်သည်။မိမိလည်း လျှိုလို့မရတော့.ဂျာနယ်တခုမှ သတင်းထောက်ပါဟုအသိပေးလိုက်သည်။အမရပူရလွှတ်တော်အမတ် နာမည်နှင့် ဖုန်းနံပါတ်ပါ ထည့်ပြောလိုက်ရသည်။ထိုအရပ်ဝတ်နှင့်ရဲ ပြန်လှည့်သွားသည်။အဖြစ်အပျက်ကားမြန်လွန်းပေစွ.ငါးမိနစ်ခန့်သာကြာမည်.ကျန်ခဲ့သည့် ဆိုင်ကယ်အား အုပ်ချုပ်ရေးမှုးရုံးသို့ပို့ရန် တိုင်ပင်ပြီး ထိုရပ်ကွက်မှ လူများဖြင့်တွန်းလာခဲ့သည်။ဘီးသုံးလှိမ့်ခန့် လှိမ့်ရသေးသည်။ဆိုင်ကယ်သုံးစီးအမြန်မောင်းလာသည်ကို တွေ့ရသည်။မှန်ပါ့.တောင်မြို့ရဲစခန်းမှ စခန်းမှုးကိုယ်တိုင် လိုက်လာခြင်းဖြစ်သည်။ဒုရဲအုပ်လည်းပါသည်။တခြားအဆင့်လည်းပါသည်။မိမိတို့အား ကောင်းကောင်းမွန်မွန်မေးသည်။အကြောင်းစုံပြောသည်။ဆိုင်ကယ်တူးဘောက်အား ဖွင့်ကြည့်မှ ထို ဆိုင်ကယ်အတိုက်ခံရသောသူသည်လည်း စစ်ကိုင်းမှ ရဲတယောက်ဖြစ်ကြောင်းသိလိုက်ရသည်။လိုအပ်သည်များမေးမြန်းပြီး မိမိအား ချက်ခြင်းပြန်လွှတ်လိုက်သည်။ကျေးဇူးတင်ကြောင်းအထပ်ထပ်အခါခါပြောသည်..ဘေးက လူများအား နာမည်နှင့်လိပ်စာမေးသောအခါ ပြဿနာစလေပြီ..ထိုလူများကား တယောက်နှင့်တယောက် နာမည်လွဲချနေသည်။မိမိစိတ်မကောင်းမိ.သူတို့ကိုလည်း အပြစ်မပြောလို..သူတို့သည်လည်း ရဲနှင့်ပက်သက်လျှင် ဇာတ်လမ်းမျိုးစုံ.ကြားဖူးပေလိမ့်မည်..တရားရုံးနှင့်မပက်သက်လိုသည်ကိုလည်း ကောင်းကောင်းနားလည်သည်။ကိုယ်ရည်သွေးသည်လည်း ထင်ပါ့..ပြောပြလိုက်ပါသည်..လုံးဝကြောက်စရာမလိုပါ..မိမိတစ်ဦးတည်းအနေဖြင့် ယခု ၂၀၁၂အတွင်း ဆိုင်ကယ်တိုက်မိ၍ ဒဏ်ရာရသူများအား ရဲစခန်းဖုံးဆက်.ဆေး၇ုံလိုက်ပို့စသည်ဖြင့် လုပ်ခဲ့သည်မှာ ခြောက်ဦးရှိလေပြီ..မည်သည့်တရားရုံးမှ သက်သေလိုက်စရာမလို.တခါတော့ ခေါ်ခံရဖူးသည်.မိမိမအားပါဟု ပြောလိုက်သည်.အတင်းအကျပ်မခေါ်ပါ..မိမိကြောင့်လည်း လူတယောက် ပိုက်ဆံအိတ်ပျောက်ဖူးသည်..ခင်စောမူကွေ့တွင် အတိုက်ခံရစဉ်က ထိုလူ၏ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ခြင်းထဲတွင် ထည့်ထားလိုက်စဉ် မည်သူယူသွားလည်း မသိ..ပျောက်သွားသည်..ရဲကလည်း အမှုမဖွင့်ပါ.မော်တော်ပီကယ်ကလည်း အပြစ်မပြောပါ.ပျောက်သူကလည်း ဘာမှမပြောပါ.သူ့အသက်ရှင်၍ လွန်စွာကျေးဇူးတင်လှကြောင်းသာ အထပ်ထပ်အခါခါပြောသည်..အထူးသတိရနေသည်မှာ ၇၈ လမ်းပေါ်ရှိ ဂရိတ်ဝေါဟိုတယ်ရှေ့တွင် လွန်ခဲ့သော ငါးလခန့်က ဆိုင်ကယ်တိုက်ခံရပြီး သွေးလွန်သေဆုံးသွားသည့် လူတယောက်ကြောင့် ဒီစာကို ရေးခြင်းပါ..ထိုစဉ်က ညနေ ခြောက်နာရီခွဲခန့်ရှိချေပြီ.လူတွေ မျက်လှည့်ပွဲကြည့်သလို အုံခဲနေပြီ.မိမိလည်း ဘာလည်းဟု ဝင်အကြည့် လမ်းပေါ်တွင် လူတယောက့် ပုံလဲနေသည်..သွေးတွေက ယိုစီးကျသည်မှာ ရဲပတောင်းခတ်နေသည်..ဘယ်အချိန်က ဖြစ်တာလဲဟု ဘေးက လူကိုမေးကြည့်တော့ ခြောက်နာရီလောက်ကတည်းကတဲ့..ကားတစ်စီးက သုံးစီးဆင့်တိုက်ပြိး ထွက်ပြေးရာက အဲဒီဆိုင်ကယ်သမားအချောင်ခံလိုက်ရတာဟု ပြောသည်..ထိုစဉ်က မိမိတွင် ဖုန်းမဝယ်နို်င်သေး..ဘေးနားက လူတွေကို ဖုန်းဆက်ပေးဖို့ပြောတော့ လူတယောက်ကြေ့ပာသည်..ဖုန်းဖိုး မင်းပေးမှာလားတဲ့.အမှုပတ်ရင်ကော မင်းတာဝန်ယူမှာလားတဲ့. ပယ်ပယ်နယ်နယ်ဆဲပစ်လိုက်သည်.နောက်မှ ဘေးနားက လူတယောက် ဖုန်းဆက်ပေးသည်.မိမိက ထိုလူကို ဝင်ထူသည်.သွေးတွေ အကျီကို စွန်းသွားသည်မှာ မြင်မကောင်း.ထိုအခါမှ ဘေးနားက လူများကလည်း လိုအပ်သည်ကို ဝိုင်းလုပ်ပေ့းကြသည်..ပဘလစ်ကာ ကားသမားတယောက်က ချက်ခြင်းရပ်ပြီး လူနာကို ဆေးရုံပို့သည်.မိမိတို့မှ သူ့ဆိုင်ကယ်ကို စောင့်ပေ့းလိုက်သည်..ယာဉ်ထိန်းရဲရောက်လာပြီး ဆေးရုံကြိးကို ဖုန်းဆက်ပေးသည်..မိမိတို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောပြီး မိမိနာမည်.မှတ်ပုံတင်.လိပ်စာမှတ်ထားလိုက်သည်..မည်သည့်အမှုမှ မပတ်ပါ.မည်သူမျှ လာမရစ်ပါ..ပြောချင်သည်မှာ ဆိုင်ကယ်စီးသူများအနေဖြင့် မိမိမှားသည်ဖြစ်စေ.မှန်သည်ဖြစ်စေ.ယာဉ်တိုက်မှုဆိုသည်မှာ ဒဏ်ရာအသေးအကြီးသာ ကွာမည်.ကြုံဖူးကြမည်သာဖြစ်ပါမည်.ထို့အတူ ယာဉ်တိုက်မှုဖြစ်နေသူကိုလည်း တွေ့ဖူးကြမည်သာဖြစ်ပါသည်.ကျေးဇူးပြု၍ ကူညီပေးလိုက်ပါ..ကူညီပေးသည့်အတွက် အမှုပတ်မည်ဆိုလျှင် ကျွန်တော်တက်နိုင်သလောက် လာရောက်ဖြေရှင်းပေးပါ့မည်..မင်းက ဖွတ်ကျားသတင်းထောက်အဆင့်နဲ့ဘာကူညီနိုင်မှာလဲဟု မေးလျှင် တက်နိုင်သလောက် ကူညီပါ့မည်ဟုသာပြောလိုသည်..ကျွန်တော်မနိုင်လျှင် မန္တလေးမြို့မှ ပိုက်ဆံကောက်နေသော ယာဉ်ထိန်းများ.ရဲများ.ဘာမှန်းမသိသည့် လုံခြုံရေးဝတ်စုံဝတ်ထားသည့်လူများ.(မန္တလေးကျွဲဆည်ကန်ကားကြီးဝင်းအနားမှစကာ ရွှေစာရံအထိ ပိုက်ဆံကောက်သည့်အဖွဲ့ မနေ့ကအထိ ဆယ်ဖွဲ့ကျော်ပုံမှန်ရှိပါသည်)ကို တွေ့တိုင်း အကြီးဆုံးလူကြီးအထိ အမြဲတမ်းဖုန်းဆက်။လွှတ်တော်မှ ပြန်ရောက်သည့်အခါတိုင်း ၎င်းရုံးသို့ခေါ်ကာ ပြောလေ့ရှိသည့် လွှတ်တော်အမတ်တစ်ဦး၏ ဖုန်းနံပါတ် ထည့်ပေးလိုက်ပါသည်..၀၉၂၀၀၉၃၀၆ (ဦးသိန်းထွန်းဦးပါ)မိမိအမြဲတမ်းသွားသတင်းယူနေသည့် အမတ်တစ်ဦးမို့ သူ့အကြောင်းကောင်းကောင်းသိပါသည်.မိမိဖုန်းနံပါတ် ၀၉၄၄၄၀၁၆၀၂၉ပါ။ထိုကိစ္စမျိုးကြုံခဲ့ရင် အချိန်မရွေးဆက်နိုင်ပါသည်.)
ကိုယ်ရည်သွေးသည့် ပို့စ်ပါဟု သက်မှတ်လည်း ခံပါမည်…လွန်ခဲ့သောတနှစ်က ပြင်ဦးလွင် မန္တလေးလမ်းပေါ်တွင် ကားတိုက်ခံရကာ သုံးနာရီကျော်ကြာ လမ်းဘေးတွင် ပစ်ထားခံရပြီး ကယ်သူမဲ့ သေပွဲဝင်သွားရသော သူငယ်ချင်းတယောက်က ကျွန်တော့်၏ ဘာသိဘာသာနေတက်သော စိတ်ဓာတ်ကို ပြောင်းလဲပေးလိုက်သောကြောင့် ယခုပို့စ်ကို ဖတ်လိုက်ရသော မိတ်ဆွေများထဲမှ တစ်ဦးခန့် လမ်းဘေးတွင် ဆိုင်ကယ်တိုက်ခံရနေသူ တစ်ဦးအား သက်ဆိုင်ရာသို့ဖုန်းဆက်ကာ လိုအပ်သည်များလုပ်ပေးသည်ဆိုလျှင် ကျွန်တော် ဝေဖန်ခံရကျိုး.အဆဲခံရကျိုး ပင်ပန်းခံရကျိုးနပ်ပါပြီဟု မျှော်လင့်ပါသည်.)

မနေ့ည(ဒီဇင်ဘာ ၂၇ည ဆယ်နာရီခန့်တွင်)ဖိုးစမ်းချောင်း စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ရတနာဂူအောက်နန်းမရောက်ခင် တပြခန့်အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦးလဲနေသည်ထင်ပြီး ကျော်သွားသည်။

နာရီကြည့်တော့ ဆယ်နာရီလေးဆယ့်ငါးမိနစ်ရှိလေပြီ။ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီးဟောင်နေသဖြင့် သတိပေးရန်နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ဆိုင်ကယ်မှာ ဒူးကာများကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွားပျက်စီးနေကာ တိုက်ခံရသောလူမှာလည်း သတိမေ့နေသည်။ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ.သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ.သေပြီလားဟု တွေးမိသည်။အနားလည်း အရမ်းကြီးမကပ်ရဲ..ဆိုင်ကယ်မီးထိုးကြည့်သည်။ရွှေဆွဲကြိုးတကုံးဝတ်ထားသည်။အနွေးထည်အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တအိတ်ကို တွေ့သည်။သူစဉ်းစားသည်..ရဲကို ဖုန်းဆက်ခေါ်ရမည်။ဖုန်းက ဘက်ထရီကုန်နေသည်။ဘယ်လိုမှ ဆက်မရ။သို့နှင့် လာသမျှကားကို လက်တားသည်။တစ်စီး .နှစ်စီး ..ဆယ်စီးကျော်သွားပြီ..ဘယ်သူမှ ရပ်မပေး.ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။

သို့သော်အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြင့်၍ မောင်းထွက်သွားသည်။သူ ဆိုင်ကယ်ကို စက်နှိုး၍ အတိုက်ခံရသောလူနားတွင် ရပ်ထားလိုက်သည်။စိုးရိမ်သည်က တခြားမဟုတ်.ထိုလူအား နောက်ထပ် ကားဖြင့် ကြိတ်သွားမည်စိုး၇ိမ်သောကြောင့်ဖြစ်သည်။အနဲငယ်လမ်းလျှောက်သွားပြီးနောက် အိမ်တအိမ်သို့ ဝင်နှိုးသည်။ထိုအိမ်က ဘယ်သူလဲဟု မေးရာ လူတယောက်ဆိုင်ကယ်တိုက်ခံရသဖြင့် ဖုန်းတချက်လောက်ဆက်ခွင့်ပေးပါ..ဖုန်းမရှိလျှင် မီးပလတ်ပေါက် ခဏသုံးပါရစေ.ဖုန်းအားသွင်းရုံလေးပါဟု တောင်းပန်သည်။မရ…အင်း..ဘာတဲ့..ကိုယ့်ပြဿနာ ကိုယ်ရှင်းပါလို့တောင် အပြောခံလိုက်ရသည်..ကဲ.ကွာ..ဘာမှဆက်မပြောမိအောင် ပါးစပ်ကို တင်းတင်းပိတ်သည်။ဖုန်းဘက်ထရီဖြုတ်သည်။ပြန်တပ်ကြည့်သည်.အားနဲနဲပေါ်လာသည်။ထုံးစံအတိုင်း ရတနာပုံတယ်လီပို့ကိုသာ ဖုန်းဆက်တော့သည်။ဒီတခါကိုင်သည်က ယောကျာ်းလေး..လိုရင်းပြောလိုက်သည်။ဟိုကလည်း မြန်သည်..ခဏဟု ပြောပြီး ဖုန်းနံပါတ်ချက်ခြင်းရှာပေးသည်။တမီနစ်သာကြာသည်။ယခင်က မိန်းကလေးနှင့် ဘာမှမဆိုင်.နာရီကြည့်လိုက်တော့ ၁၁နာရီ ဆယ့်ခြောက်မိနစ်..တောင်မြို့ရဲစခန်း ၀၂၇၀၉၉၈ သို့ဖုန်းဆက်သည်။ချက်ခြင်းကောက်ကိုင်သည်။အကျိုးအကြောင်းပြောပြတော့ ခဏစောင့်ပါ..ယာဉ်ထိန်းရုံးနှင့်ဆိုင်သောကြောင့် မော်တော်ပီကယ်ရုံးကို ဖုန်းဆက်ပေးမည်ဟု ပြောသည်။ချမ်းမြသုခ၀၂၅၉၁၆၄ သို့ဖုန်းဆက်သည်။ချက်ခြင်းလာခဲ့မည်ဟု ပြောသည်။ထိုသို့ သူ အလုပ်များနေခိုက်. ကုန်တင်ကားတစ်စီး မောင်းလာသည်။ထုံးစံအတိုင်း သူတားသည်။မှတ်မှတ်ရရ အစီး သုံးဆယ်မြောက်..မရပ်ပေးပါ..တော်တော်လေး ကျော်သွားသည်။ပြိးမှ ကားရပ်ပြီး ကားဒရိုင်ဘာနှင့် ယာဉ်အကူ သူ့ဆီပြေးလာသည်။ဘာဖြစ်တာလဲဟု မေးပြီးထိုလူနားတွင် နေပေးသည်။တောင်မြို့ရဲစခန်းကို ထပ်ဖုန်းဆက်သည်။ကားတစ်စီးရပ်ပေးတယ်။ဘာဆက်လုပ်ရမလဲ.ခဏစောင့်ပါ..သူတို့ထွက်လာပြီဟု အကြောင်းပြန်သည်။ခဏအကြော..ပွမ်ပွမ်ဖြင့် ချမ်းးမြသုခအရေးပေါ်တင်ကားရောက်လာချေပြီ..မြန်လှပေစွ..ဖုန်းဆက်ပြီး ဆယ့်ငါးမိနစ်ဝန်းကျင်သာ ရှိသေးသည်.ရောက်ရောက်ချင်း လူနာကို ဖုန်းဖြင့် ဓာတ်ပုံရိုက်သည်။ရွှေဆွဲကြိုးအစရှိသည့် ထိုလူ၏ ပစ္စည်းများကို မိမိတို့ရှေ့တွင် သက်သေယူဓာတ်ပုံရိုက်သည်။ထို့နောက် မိမိနှင့် ညှိသည်။ရဲလာလျှင် အကုန်ဖြေရှင်းပေးမည်။လူနာအား ဆေးရုံကြိးသို့ သယ်သွားသည်မှာ အကောင်းဆုံးဟု ဝိုင်းဝန်းသဘောတူလိုက်သည်။ဘေးက ဒရိုင်ဘာက တားသည်။မင်း အမှုပတ်လိမ့်မည်တဲ့..ကိစ္စမရှိဟု ပြောလိုက်သည်.ထိုစဉ် ရဲတယောက် အရက်မူးပြီး ရောက်လာသည်။အရပ်ဝတ်ဖြင့်.ဆိုင်ကယ်အား ဒယိမ်းဒယိုင်မောင်းလာသည်။မိမိတို့အား ပေါက်တက်ကရလာမေးသည်။လူတွေရုံးစုရုံးစုဖြစ်ခိုက်..ငယ်တိုးရပ်ကွက်မှ ဆယ်အိမ်ခေါင်းစသည့်လူများထွက်လာသည်..ထိုရဲက တာဝန်ဖြင့်မဟုတ်.ဆေးခွင့်ယူထားသည်ဟု မိမိတို့မေးမြန်းချက်အရ သိလိုက်ရသည်။ချမ်းမြသုခမှ တာဝန်ရှိသူက ထိုရဲအားအဖက်မလုပ်..လူနာအား ပြုစုစရာရှိသည်ကိုသာ ပြုစုပြီးကားပေါ်တင်သည်။မိမိလည်း လျှိုလို့မရတော့.ဂျာနယ်တခုမှ သတင်းထောက်ပါဟုအသိပေးလိုက်သည်။အမရပူရလွှတ်တော်အမတ် နာမည်နှင့် ဖုန်းနံပါတ်ပါ ထည့်ပြောလိုက်ရသည်။ထိုအရပ်ဝတ်နှင့်ရဲ ပြန်လှည့်သွားသည်။အဖြစ်အပျက်ကားမြန်လွန်းပေစွ.ငါးမိနစ်ခန့်သာကြာမည်.ကျန်ခဲ့သည့် ဆိုင်ကယ်အား အုပ်ချုပ်ရေးမှုးရုံးသို့ပို့ရန် တိုင်ပင်ပြီး ထိုရပ်ကွက်မှ လူများဖြင့်တွန်းလာခဲ့သည်။ဘီးသုံးလှိမ့်ခန့် လှိမ့်ရသေးသည်။ဆိုင်ကယ်သုံးစီးအမြန်မောင်းလာသည်ကို တွေ့ရသည်။မှန်ပါ့.တောင်မြို့ရဲစခန်းမှ စခန်းမှုးကိုယ်တိုင် လိုက်လာခြင်းဖြစ်သည်။ဒုရဲအုပ်လည်းပါသည်။တခြားအဆင့်လည်းပါသည်။မိမိတို့အား ကောင်းကောင်းမွန်မွန်မေးသည်။အကြောင်းစုံပြောသည်။ဆိုင်ကယ်တူးဘောက်အား ဖွင့်ကြည့်မှ ထို ဆိုင်ကယ်အတိုက်ခံရသောသူသည်လည်း စစ်ကိုင်းမှ ရဲတယောက်ဖြစ်ကြောင်းသိလိုက်ရသည်။လိုအပ်သည်များမေးမြန်းပြီး မိမိအား ချက်ခြင်းပြန်လွှတ်လိုက်သည်။ကျေးဇူးတင်ကြောင်းအထပ်ထပ်အခါခါပြောသည်..ဘေးက လူများအား နာမည်နှင့်လိပ်စာမေးသောအခါ ပြဿနာစလေပြီ..ထိုလူများကား တယောက်နှင့်တယောက် နာမည်လွဲချနေသည်။မိမိစိတ်မကောင်းမိ.သူတို့ကိုလည်း အပြစ်မပြောလို..သူတို့သည်လည်း ရဲနှင့်ပက်သက်လျှင် ဇာတ်လမ်းမျိုးစုံ.ကြားဖူးပေလိမ့်မည်..တရားရုံးနှင့်မပက်သက်လိုသည်ကိုလည်း ကောင်းကောင်းနားလည်သည်။ကိုယ်ရည်သွေးသည်လည်း ထင်ပါ့..ပြောပြလိုက်ပါသည်..လုံးဝကြောက်စရာမလိုပါ..မိမိတစ်ဦးတည်းအနေဖြင့် ယခု ၂၀၁၂အတွင်း ဆိုင်ကယ်တိုက်မိ၍ ဒဏ်ရာရသူများအား ရဲစခန်းဖုံးဆက်.ဆေး၇ုံလိုက်ပို့စသည်ဖြင့် လုပ်ခဲ့သည်မှာ ခြောက်ဦးရှိလေပြီ..မည်သည့်တရားရုံးမှ သက်သေလိုက်စရာမလို.တခါတော့ ခေါ်ခံရဖူးသည်.မိမိမအားပါဟု ပြောလိုက်သည်.အတင်းအကျပ်မခေါ်ပါ..မိမိကြောင့်လည်း လူတယောက် ပိုက်ဆံအိတ်ပျောက်ဖူးသည်..ခင်စောမူကွေ့တွင် အတိုက်ခံရစဉ်က ထိုလူ၏ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ခြင်းထဲတွင် ထည့်ထားလိုက်စဉ် မည်သူယူသွားလည်း မသိ..ပျောက်သွားသည်..ရဲကလည်း အမှုမဖွင့်ပါ.မော်တော်ပီကယ်ကလည်းအပြစ်မပြောပါ.ပျောက်သူကလည်း ဘာမှမပြောပါ.သူ့အသက်ရှင်၍ လွန်စွာကျေးဇူးတင်လှကြောင်းသာ အထပ်ထပ်အခါခါပြောသည်..အထူးသတိရနေသည်မှာ ၇၈ လမ်းပေါ်ရှိ ဂရိတ်ဝေါဟိုတယ်ရှေ့တွင် လွန်ခဲ့သော ငါးလခန့်က ဆိုင်ကယ်တိုက်ခံရပြီး သွေးလွန်သေဆုံးသွားသည့် လူတယောက်ကြောင့် ဒီစာကို ရေးခြင်းပါ..ထိုစဉ်က ညနေ ခြောက်နာရီခွဲခန့်ရှိချေပြီ.လူတွေ မျက်လှည့်ပွဲကြည့်သလို အုံခဲနေပြီ.မိမိလည်း ဘာလည်းဟု ဝင်အကြည့် လမ်းပေါ်တွင် လူတယောက့် ပုံလဲနေသည်..သွေးတွေက ယိုစီးကျသည်မှာ ရဲပတောင်းခတ်နေသည်..ဘယ်အချိန်က ဖြစ်တာလဲဟု ဘေးက လူကိုမေးကြည့်တော့ ခြောက်နာရီလောက်ကတည်းကတဲ့..ကားတစ်စီးက သုံးစီးဆင့်တိုက်ပြိး ထွက်ပြေးရာက အဲဒီဆိုင်ကယ်သမားအချောင်ခံလိုက်ရတာဟု ပြောသည်..ထိုစဉ်က မိမိတွင် ဖုန်းမဝယ်နို်င်သေး..ဘေးနားက လူတွေကို ဖုန်းဆက်ပေးဖို့ပြောတော့ လူတယောက်ကြေ့ပာသည်..ဖုန်းဖိုး မင်းပေးမှာလားတဲ့.အမှုပတ်ရင်ကော မင်းတာဝန်ယူမှာလားတဲ့. ပယ်ပယ်နယ်နယ်ဆဲပစ်လိုက်သည်.နောက်မှ ဘေးနားက လူတယောက် ဖုန်းဆက်ပေးသည်.မိမိက ထိုလူကို ဝင်ထူသည်.သွေးတွေ အကျီကို စွန်းသွားသည်မှာ မြင်မကောင်း.ထိုအခါမှ ဘေးနားက လူများကလည်း လိုအပ်သည်ကို ဝိုင်းလုပ်ပေ့းကြသည်..ပဘလစ်ကာ ကားသမားတယောက်က ချက်ခြင်းရပ်ပြီး လူနာကို ဆေးရုံပို့သည်.မိမိတို့မှ သူ့ဆိုင်ကယ်ကို စောင့်ပေ့းလိုက်သည်..ယာဉ်ထိန်းရဲရောက်လာပြီး ဆေးရုံကြိးကို ဖုန်းဆက်ပေးသည်..မိမိတို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောပြီး မိမိနာမည်.မှတ်ပုံတင်.လိပ်စာမှတ်ထားလိုက်သည်..မည်သည့်အမှုမှ မပတ်ပါ.မည်သူမျှ လာမရစ်ပါ..ပြောချင်သည်မှာ ဆိုင်ကယ်စီးသူများအနေဖြင့် မိမိမှားသည်ဖြစ်စေ.မှန်သည်ဖြစ်စေ.ယာဉ်တိုက်မှုဆိုသည်မှာ ဒဏ်ရာအသေးအကြီးသာ ကွာမည်.ကြုံဖူးကြမည်သာဖြစ်ပါမည်.ထို့အတူ ယာဉ်တိုက်မှုဖြစ်နေသူကိုလည်း တွေ့ဖူးကြမည်သာဖြစ်ပါသည်.ကျေးဇူးပြု၍ ကူညီပေးလိုက်ပါ..ကူညီပေးသည့်အတွက် အမှုပတ်မည်ဆိုလျှင် ကျွန်တော်တက်နိုင်သလောက် လာရောက်ဖြေရှင်းပေးပါ့မည်..မင်းက ဖွတ်ကျားသတင်းထောက်အဆင့်နဲ့ဘာကူညီနိုင်မှာလဲဟု မေးလျှင် တက်နိုင်သလောက် ကူညီပါ့မည်ဟုသာပြောလိုသည်..ကျွန်တော်မနိုင်လျှင် မန္တလေးမြို့မှ ပိုက်ဆံကောက်နေသော ယာဉ်ထိန်းများ.ရဲများ.ဘာမှန်းမသိသည့် လုံခြုံရေးဝတ်စုံဝတ်ထားသည့်လူများ.(မန္တလေးကျွဲဆည်ကန်ကားကြီးဝင်းအနားမှစကာ ရွှေစာရံအထိ ပိုက်ဆံကောက်သည့်အဖွဲ့ မနေ့ကအထိ ဆယ်ဖွဲ့ကျော်ပုံမှန်ရှိပါသည်)ကို တွေ့တိုင်း အကြီးဆုံးလူကြီးအထိ အမြဲတမ်းဖုန်းဆက်။လွှတ်တော်မှ ပြန်ရောက်သည့်အခါတိုင်း ၎င်းရုံးသို့ခေါ်ကာ ပြောလေ့ရှိသည့် လွှတ်တော်အမတ်တစ်ဦး၏ ဖုန်းနံပါတ် ထည့်ပေးလိုက်ပါသည်..၀၉၂၀၀၉၃၀၆ (ဦးသိန်းထွန်းဦးပါ)မိမိအမြဲတမ်းသွားသတင်းယူနေသည့် အမတ်တစ်ဦးမို့ သူ့အကြောင်းကောင်းကောင်းသိပါသည်.မိမိဖုန်းနံပါတ် ၀၉၄၄၄၀၁၆၀၂၉ပါ။ထိုကိစ္စမျိုးကြုံခဲ့ရင် အချိန်မရွေးဆက်နိုင်ပါသည်.)
ကိုယ်ရည်သွေးသည့် ပို့စ်ပါဟု သက်မှတ်လည်း ခံပါမည်…လွန်ခဲ့သောတနှစ်က ပြင်ဦးလွင် မန္တလေးလမ်းပေါ်တွင် ကားတိုက်ခံရကာ သုံးနာရီကျော်ကြာ လမ်းဘေးတွင် ပစ်ထားခံရပြီး ကယ်သူမဲ့ သေပွဲဝင်သွားရသော သူငယ်ချင်းတယောက်က ကျွန်တော့်၏ ဘာသိဘာသာနေတက်သော စိတ်ဓာတ်ကို ပြောင်းလဲပေးလိုက်သောကြောင့် ယခုပို့စ်ကို ဖတ်လိုက်ရသော မိတ်ဆွေများထဲမှ တစ်ဦးခန့် လမ်းဘေးတွင် ဆိုင်ကယ်တိုက်ခံရနေသူ တစ်ဦးအား သက်ဆိုင်ရာသို့ဖုန်းဆက်ကာ လိုအပ်သည်များလုပ်ပေးသည်ဆိုလျှင် ကျွန်တော် ဝေဖန်ခံရကျိုး.အဆဲခံရကျိုး ပင်ပန်းခံရကျိုးနပ်ပါပြီဟု မျှော်လင့်ပါသည်.)

ကျေးဇူးပြု၍ share ပေးကြပါခင်ဗျာ

ကျေးဇူးပြု၍ share ပေးကြပါခင်ဗျာ----

--------------------------------------------------
(12-10-2012)

မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီးးတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း မိုးကာတဲလေးက ကလေးငယ်လေးအား အသက်ရှင်ဖို့ စိုးရိမ်စရာအခြေအနေပါ။ လမ်းဘေးလေးမှာ မလုံမခြုံနေရတာကြောင့် ဈေးသူဈေးသားများလည်း စိတ်မချမ်းမသာဖြစ်နေကြတယ်။ ကူညီမယ့်သူကိုလည်း မျှေ
ာ်လင့်နေကြတယ်။ မနက်ပိုင်း နေ့ခင်းပိုင်းမှာ(ဈေးဖွင့်ချိန်မှာ) ၀ိုင်းပြီးကူညီကြ၊ ရိုင်းပင်းကြ၊ ပေးကြ ကမ်းကြပါတယ်။ အထူးသဖြင့် မအိဖောင်းက အစစအရာရာ ဂရုစိုက်ပေးပါတယ်။ ထမင်းပို့ပေးတယ်။ တဲလေးလုပ်ပေးတယ်။ မွေးဖွားခါနီးမှာ ဆရာဝန်များနဲ့ ပြသပေးခဲ့ပါတယ်။ ခက်နေတာက ဈေးသူဈေးသားတွေ မရှိတော့တဲ့ ညဘက်ဆိုရင် မိခင်ရဲ့လုံခြုံရေးကလည်း ရင်လေးစရာပါ။ ကလေးအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရပါတယ်။ စိတ်ရောဂါရှင်ဟာ လူမဆန်တဲ့လူများကြောင့် ကလေးရခဲ့တာပါ။ လိင်လုပ်သားတစ်ဦးမဟုတ်ကြောင်းကိုလည်း ပတ်ဝန်းကျင်ကပြောကြပါတယ်။ မြင်းခြံမြို့ ဘူတာဝန်းကျင်မှာ ရောက်နေတာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စိတ်ရောဂါရှင်ဖြစ်လို့ စိတ်ထင်ရာလျှောက်သွားရင်း မြင်းခြံကိုရောက်လာဟန်တူပါတယ်။ သူမနာမည်ကို အမှန်မပြောနိုင်သေးပါ။ “မမုန်တိုင်း” လို့လဲပြောတယ်။ “မသက်သက်ခိုင်” လို့လဲပြောပါတယ်။ ကလေးဖွားပြီးမှ မိခင်စိတ်ရှိလာတယ်။ စိတ်မှန်စပြုလာတယ်လို့ ပြောပါတယ်။ (အချို့ကလည်း မိုးကုတ်ဘက်ကတဲ့၊ အချို့ကလည်း ပုပ္ပါးဘက်ကတဲ့၊ အချို့က မော်လမြိုင်ဘက်ကတဲ့၊ အမျိုးမျိုးပြောကြပါတယ်။) သူမအတွက် (ယာယီဖြစ်ဖြစ်) လုံခြုံရာနေရာတစ်ခုရဖို့ စီစဉ်နေပါတယ်။
အကယ်၍ facebook မိတ်ဆွေများ သိခဲ့လျှင် သူမမိဘများနဲ့ဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ နေရာဒေသအတိအကျသိရင် အောက်ပါဖုန်းနံပါတ်များနဲ့လည်း ဆက်သွယ်သတင်းပေးကြပါခင်ဗျား-----
အောက်ပါဖုံးနံပါတ်များနဲ့လည်းဆက်သွယ်နိုင်ပါတယ် ။

၀၉/၄၃၀၃၆၉၃၉
အရှင်ဝဏ္ဏိတ၊ အလင်းဥယျာဉ်ပညာရေးကျောင်း၊ ထနောင်းတိုင်
၀၉/၄၀၂၅၄၁၃၂၆
အရှင်နန္ဒ၀ံသ၊ စွန်းလွန်းဂူကျောင်း၊မြင်းခြံ၊
-

မူလတန်းကလေးမိဘများ သတိထားရန်

မူလတန်းကလေးမိဘများ သတိထားရန်

ဒီဇင်ဘာလ ၂၉ ရက်

စက်တင်ဘာ ၁၃ စက်တင်ဘာ ၁၃ ရက်နေ့က ရွှေပြည်သာမြို့နယ် ၁ ရပ်ကွက်ရှိ အမက (၄၂) ဒုတိယတန်း (ဂ) မှ ကျောင်းသူမအေးပြည့်စုံ (၇) နှစ်၊ မစုဒါလီ (၈) နှစ်တို့သည် နေ့လည် ၁၁ နာရီကျော်က

ကျောင်းတက်ရန် ကျောင်းသို့ အလာ ကျောင်းနားရောက်ခါနီး တွင်
အရပ် ၅ ပေခန့် အသားညို ပိန်ပိန်ပါးပါးအသက် (၃၀) ခန့် အမျိုးသမီးတစ်ဦးသည်ကလေးနှစ် ယောက်ကို နာရီဗူးကလေးများကို ပြ၍ “မဲနှိုက်ပေးမယ်လိုချင်ရင် လိုက်ခဲ့”ဟု ခေါ်သွားရာ 

တညင်းကုန်း
ရထားသံလမ်းအရောက်တွင် မအေးပြည့်စုံ၏ ကိုးသောင်းကျပ် တန်ရွှေနားကပ်ကို ပြုတ်ကျသွားမယ်ချွတ်ပြီး ဗူးထဲထည့်ပေးထား မယ်”ဟု ပြောပြီး။ နားကပ်ကို ချွတ်၍ ဗူးထဲထည့်ကာ ဗူးကို မအေးပြည့်စုံထံ ပြန်ပေးထားလိုက်သည်။

လေတပ်ဘူတာမှ မြို့ပတ် ရထားစီး၍ အင်းစိန်ဘူတာဆင်း ပြီးနောက် အင်းစိန်ပန်းခြံမှ ရွှေပြည်သာသို့သွားသည့်ကား ပေါ်တင်ပေးကာစပယ်ယာကို
မြင်းလှည်းဂိတ်မှတ်တိုင်ချပေးရန် ပြောလွတ်လိုက်ပါသည်။

ကားဂိတ်တွင် ယောင်ပေပေဖြစ်နေသော ကလေးနှစ်ယောက်ကို
ကျောင်းသားမိဘတစ်ဦးမှ ကျောင်းသို့ ခေါ်လာပြီး ကျောင်းအုပ်ကြီးထံ အပ်နှံခဲ့သည်။ နားကပ်ထည့်ထား သော ဗူးကိုဖွင့်ကြည့်ရာ နားကပ် မရှိဘဲ ကျောက်ခဲလေးသာတွေ့ရ သည်။

ဤကဲ့သို့ဖြစ်စဉ်မျိုးကို မူလတန်း ကျောင်းများတွင် မကြာခဏဖြစ်ပေါ်
နေပါသည်။ ကလေးများကို အိမ်မှ တစ်ဦးဦးကြို/ပို့ ပြုလုပ် သင့်ပါသည်။ ပို့သူမရှိရင်လည်း စိတ်ချယုံကြည်ရမည့်အဖော်များ နှင့် ကြို/ပို့
လုပ်သင့်သည်။ 

အထူး သဖြင့် အရွယ်မရောက်သေးသည့် ကလေးငယ်များကို ရွှေငွေလက် ၀တ်ရတနာဆင်မပေးတာကလေး များအတွက် အန္တရာယ်အကင်းဆုံး ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ပါသည်။

ဝင်းနောင် (ရွှေပြည်သာ)

Who's who 2012 (12) ဒေါ်အောင်ဆန်းစုကြည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘော မတူသောကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလိုဟု ၄င်း၏ ဆန္ဒသဘောထား ပြောကြား ခဲ့သော်လည်း NLD ပါတီကိုမူ အများဆန္ဒဖြင့် ဆုံးဖြတ်ရန် ခွင့်ပြုခဲ့သူ၊ ၂၀၁၁ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်နှင့် သီးသန့် တွေ့ဆုံပြီးနောက် ယခု ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်

ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် NLD ပါတီနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ၊ အစိုးရ သစ် လက်ထက်တွင် အစိုးရသစ်က ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနှင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ အနေနှင့် လည်းကောင်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အနေနှင့်လည်း ကောင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ယခုနှစ်အတွက် ထူးခြား၊ ထင်ရှားသူအဖြစ် ရွေးချယ် လိုက်ပါသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် မြန်မာ့ နိုင်ငံရေး အတွက် အချိုးအကွေ့ တစ်ခုဖြစ်ခဲ့ခြင်း၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းမဟာ အင်အားကြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ အကြား ဆက်ဆံရေးတွင် အခရာကျလာသော စိန်ခေါ်မှုဖြစ်သည့် လက်ပံတောင်း တောင် အရေးတွင် "ဒီမိုကရေစီရဲ့အခြေခံ လိုအပ်ချက်က ဘာလဲဆိုတော့ အခက်အခဲတွေ ရှိရင်၊ မပြေလည်တာတွေ ရှိရင် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ ပြေလည်မှုရအောင် ကြိုးပမ်းကြရမယ့် တာဝန်ပဲ" ဟု ပြောကြားခဲ့ရာ အများကြိုက်မလုပ်ခဲ့ဘဲ မျှမျှတတ ပြောကြားခဲ့ခြင်း၊ ထိုပြောကြား ချက်နှင့် ၄င်း၏ ရပ်တည်ချက်မှာ အများကြိုက် မဟုတ်ဘဲ ပြဿနာ၏ အဖြေဟုပင် နိုင်ငံရေး လေ့လာ စောင့်ကြည့်နေသူများက ပြောကြား ခဲ့ရသည်အထိ သက်ရောက်မှုများစွာ ရှိခဲ့ခြင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ အနေနှင့် သံဃာတော်များ မီးဒဏ် သင့်ခဲ့သည့် သပိတ်စခန်းဖြိုခွဲမှု၊ ယင်းစီမံကိန်းနှင့် ပတ်သက်ကာ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်းသာ တွေ့ရှိမှုတို့ကို ရဲရဲဝံ့ဝံ့ အမှန်အတိုင်း တင်ပြသွားမည်ဟု ပြောကြားထားခြင်း တို့မှာ ယခုနှစ်အတွင်း အထူးမှတ်တမ်း တင်ရမည့် ဆောင်ရွက်ချက်များ ဖြစ်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ လွှတ်တော်အတွင်း ရောက်ရှိပြီးနောက်ပိုင်း လွှတ်တော် နိုင်ငံရေးမှာ များစွာ သိသာထင်ရှားစွာ အသက်ဝင်ခဲ့ပြီး ၄င်းတင်သွင်းခဲ့သော ရန်ကုန် တက္ကသိုလ် မြှင့်တင်ရေးနှင့် ပတ်သက်သည့်အဆို၊ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အဆိုတို့မှာလည်း မဲအပြတ်အသတ်ဖြင့် ထောက်ခံမှု ရရှိခဲ့ရာ ၄င်း ရွေးကောက်ပွဲဝင်စဉ်က ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်အမတ် ၂၅ ရာခိုင်နှုန်း ရှိနေ၍ မည်သည့် အဆိုတင်တင် မဖြစ်နိုင်ဟူသော ယူဆ ချက်များ၊ ဝေဖန်ထောက်ပြမှုများ မှားယွင်းကြောင်း သက်သေ ပြသကဲ့သို့ ဖြစ်နေပါသည်။

နိုင်ငံတိုးတက်ရေး အတွက် သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတွဲ လုပ်ဆောင် နေစဉ်အတွင်း ၄င်းတို့နှစ်ဦးစလုံး အမေရိကန် ပြည်ထောင်စုသို့ သွားရောက် ခဲ့သည့်အပြင် အမေ ရိကန်သမ္မတ ဘားရက်ခ် အိုဘားမား သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်ခဲ့ရာ မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သည်။

အခြား တစ်ဖက်တွင်လည်း အစိုးရအတွက် အကျပ်အတည်း တွေ့နေသော ရခိုင်ပြည်နယ် ပဋိပက္ခ၊ တိုင်းရင်းသား လက်နက်ကိုင် အရေးတို့တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် ရခိုင်အရေးတွင် တရားဥပဒေ စိုးမိုးရေး ရှိရန်လိုအပ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာ ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား အရေးတွင် လည်း ကမ်းလှမ်းလာပါက ဝင်ရောက်ပါဝင် ဆောင်ရွက်လိုကြောင်း၊ စစ်မှန်သော ဖက်ဒရယ် စနစ် ဖော်ဆောင်မှသာ ငြိမ်းချမ်းရေး အစစ်အမှန်ကို ရရှိမည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း ထင်သာမြင်သာသည့် လက်တွေ့ လုပ်ဆောင်မှုများ မြင်တွေ့လိုကြောင်း ပြည်ပမီဒီယာများနှင့် နိုင်ငံ ရေး လေ့လာစောင့်ကြည့်သူ များက ထောက်ပြပြော ဆိုခဲ့ကြသည်။

ထူးခြားချက် အနေနှင့် ပြည်သူလူထု ကောင်းစားရေးအတွက် လုပ်ပေးချင်သော ဆန္ဒရှိ သည့်အတွက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြီး လျှင် သမ္မတ ဖြစ်လိုကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့က တနင်္သာရီတိုင်း၊ ကျွန်းစုမြို့ အမှတ် (၄) ရပ်ကွက် မြို့သစ် အားကစားကွင်းတွင် ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောကြားလိုက်ရာ မြန်မာ့နိုင်ငံရေး အလားအလာ မည်သို့ ဖြစ်လာမည် ဆိုသည်နှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ဖြစ်လာခဲ့သည်။

ကိုယ်တိုင် ရွေးကောက်ပွဲ လမ်းကြောင်းကို ရွေးချယ် ထားသော်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီများကို ယနေ့ အချိန်အထိ တရားဝင် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်းမရှိ သေးခြင်း၊ များစွာ ထိလွယ်ခိုက်လွယ်၊ ခံစားလွယ် သည့် ရခိုင်အရေးကိစ္စ အစောပိုင်း ကာလတွင် သတင်းအချက်အလက် စုံစုံ မရရှိသေးခင် မှတ်ချက် စကား ထုတ်ဖော်ပြောကြား ခဲ့ခြင်းတို့ အပေါ် ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ၂၀၁၂ ခုနှစ် အတွင်းတွင် ကုန်ခဲ့သည့် နှစ်များနှင့် မတူခြား နားစွာ ၄င်း၏ ရပ်တည်ချက်၊ အများကြိုက် မဟုတ် သော ပြောကြားချက်၊ လုပ်ဆောင်ချက်များကို သိသိသာသာ အရွေ့တစ်ခု အဖြစ် တွေ့မြင် လာရ ပြီး ထွန်းသစ်စ မြန်မာနိုင်ငံအတွက် ကောင်းမွန် သော အပြောင်းအလဲ လုပ်ဆောင်မှုများ ဖြစ်နေ သည့် အပြင် သမ္မတဦးသိန်းစိန်နှင့်အတူ ညင်သာ သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ နိုင်ငံ အနာဂတ်၊ ဂုဏ်သိက္ခာနှင့် ယုံကြည်မှု တည်ဆောက် ရေးလုပ်ငန်းစဉ်များ လုပ်ဆောင် နေသည်များကို အသိအမှတ် ပြုသောအားဖြင့် ၂ဝ၁၂ ထူးခြား ထင်ရှားသူအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

Written by Voice Weekly

Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသုံးရပ် သီးခြားစီ ခွဲခြားကျင့်သုံး အုပ်ချုပ် သည့် စနစ်သို့ ပြောင်းသွားပြီး နောက် ယခင်နှစ် ၂၀ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ခဲ့သည့် တပ်မ တော် သည်လည်း မြန်မာ့တပ်မတော် အနေနှင့် သီး ခြားစွာ တည်ရှိကာ တိုင်းပြည်အေးချမ်း သာယာရေး ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပြည်ပ ရန်စွယ်များကို

တွန်းလှန်တိုက်ခိုက် ခြင်းဟူသည့် တပ်မတော်၏ မူလတာဝန် နှစ်ရပ် ကိုသာ တစ်စိုက်မတ်မတ် ထမ်းဆောင်လာစေရန် ဦးဆောင်ဦးရွက် ပြုနေသူ တစ်နည်းအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်း ကာလကို အေးချမ်း တည်ငြိမ်မှု ရှိရန် အကူအထောက်ပြုသူ၊ စစ်တက္က သိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉) ဆင်း၊ သထုံ အခြေစိုက် တပ်မ (၄၄) တပ်မမှူး ၊ တြိဂံတိုင်းဒေသ စစ်တိုင်းမှူး၊ တပ်မတော်အမှတ် (၂) အထူး စစ်ဆင်ရေး အဖွဲ့မှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး စသည့် ရာထူး အဆင့်ဆင့်တို့ ထမ်းဆောင်ခဲ့ပြီး လက်ရှိ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မ...Continue Reading

အရက်သောက်ခြင်းက ရေဒီယိုဓာတ် အဆိပ်သင့်မှု ပျောက်ကင်းစေ

28 DECEMBER 2012 | BY ရိုးရာလေး
....တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာ တွေ့ရှိချက် ဖြစ်ပါတယ်။ တကယ် လည်း
ရေဒီယိုဓာတ် ရောင်ခြည်အဆိပ်သင့်မှုကို အရက်က ကာကလည်း ကာကွယ်ပေးသလို ပျောက်လည်းပျောက်ကင်းစေတယ် လို့ အမေရိကန် ဆေးပညာရှင်များက ၂၀၀၈ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အရက်ရယ်လို့မဟုတ်ပါဘူး။ အယ်ကိုဟော ဓာတ်ကြွယ်ဝတဲ့ ဘီယာ၊ ဝိုင်၊ အရက်၊ ဗော့ကာ အစရှိသဖြင့် အမျိုးအစားအားလုံးက အထောက် အကူ ပြုတယ်လို့ ဆိုပါတယ်။ ၁၉၈၆ ခုနှစ်၊ ဧပြီလ ယူကရိန်က နျူကလိယ စက်ရုံ ပေါက်ကွဲမှုမှ ရရှိတဲ့ သင်ခန်းစာလည်း ဖြစ်ပါတယ်။ အဲ့ဒီမှာ ဝိုင်နီ သောက်ထားတဲ့ သူများက အဆိပ်သင့်မှု လျော့နည်းပြီး အချို့ ဆို လုံးဝကို အဆိပ်မသင့်ကို အံ့သြစွာ တွေ့ရှိခဲ့ရပါတယ်။ ဆေးပညာအရ ဒီလို ဖြစ်ပါတယ်။
ရေဒီယိုဓာတ်ရောင်ခြည် ဟာ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ပြီဆိုရင် ဆဲလ်တွေ ကို သေစေပါတယ်။ ဖွဲ့စည်းထားတဲ့ DNA တွေကို ပုံစံပြောင်း ပျက်ဆီး စေပါ တယ်။ ရောဂါလက္ခဏာ အနေနဲ့ကတော့ မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝန်းလျှော်ခြင်း တို့က ၂၄ နာရီအတွင်း ဖြစ်ပြီး ကင်ဆာ အစရှိတဲ့ ရောဂါများ က နောက်ဆက် တွဲ ဖြစ်ပါတယ်။ အဆိုးရွားဆုံးကတော့ သေစေတဲ့ အထိ ဖြစ်ပါတယ်။ ဒါတွေကို အရက် (အယ်လ်ကိုဟော) က ကယ်နိုင်ပါ တယ်။
အထက်ပါ ဓာတုအဆိပ်သင့်တဲ့အခါ ဆဲလ်တွေ ပျက်ဆီးဖို့ စပါတယ်။ ယင်း ပျက်ဆီးဖို့၊ ကွဲပြားဖို့ ဖြစ်လာတော့မယ် ဆဲလ်တွေကို ပုံမှန်အတိုင်း စုစည်းနေအောင်၊ ရေဒီယိုဓာတ်ကို ဖယ်ရှားနိုင်အောင် သွေးဆဲလ် တွင်း မော်လီကျူးတစ်မျိုးက အလုပ်လုပ် ပါတယ်။ ယင်း မော်လီကျူးကို သာမန်အခြေအနေမှာ ထုတ်လုပ်ဖို့ မလွယ်ကူပါတယ်။ တွန်းအားပေးဖို့ မလွယ်ကူပါဘူး။ သို့ပေမယ့် ယင်း မော်လီကျူးကို အယ်လ်ကိုဟောက ပါရှိ တဲ့ အော်ဂဲနစ်ဓာတ်များက တွန်းအားပေး အထောက်အကူ ပြုပါတယ်။ အကျိုးဆက်ကတော့ အရက်သောက်ထားရင် ဓာတုရောင်ခြည်၊ ရေဒီ ယိုရောင်ခြည် အဆိပ်သင့်ဖို့ ခဲယဉ်းခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အရက်သောက်ထားသူဟာ နျူကလိယစက်ရုံ ပေါက်ကွဲတဲ့၊ ပျက်ဆီးတဲ့ ဒေသမှာ အသက်ရှင်ရန် ပိုမိုလွယ်ကူတယ် လို့ တွေ့ရှိ ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: Medic-Facts

Who's who 2012-ကျော်သူ

နာမည်ကျော် သရုပ်ဆောင်ဘဝကို စွန့်လွှတ်ကာ နေ့စဉ်နေ့တိုင်း သေဆုံးသူ ပျမ်းမျှ ၄၅ ဦးမှ ၅၀ ဦးခန့် အထိကို အခမဲ့ သင်္ဂြိုဟ်ပေးသည့် နာရေး ကူညီမှု လုပ်ငန်းကို ၂၀၀၁ ခုနှစ်မှ စတင်ကာ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ရုံ သာမက သုခကုသိုလ်ဖြစ် ဆေးခန်းဖွင့် လှစ်၍ ငွေကြေး မတတ်နိုင်သည့် ဝေဒနာရှင်များကို အခမဲ့

ကုသပေးနေခြင်း၊ မြန်မာနိုင်ငံ အနှံ့ရှိ ရေရှားပါးသော ဒေသများ သို့ သောက်သုံးရေသန့်များ လိုက်လံဝေငှခြင်း၊ အဝီစိတွင်း တူးပေးခြင်း၊ ရေတွင်း ရေကန်များ တူးဖော်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပွားသော ဒေသများတွင် ကူညီ ထောက်ပံ့ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး အမင်္ဂလာ အလုပ်တစ်ခု အဖြစ် ရှောင်ကြဉ် ခဲ့ကြသော ရုပ်ရှင်၊ ဂီတလောကသား အများစုကို လူမှုရေး လုပ်ငန်းများတွင် ပါဝင် လာစေရန် စံနမူနာပြ စည်းရုံးနိုင်ခဲ့သူ တစ်ဦးဖြစ်ခြင်း တို့ကြောင့် ယခုနှစ်အတွင်း လူမှုရေး ကဏ္ဍတွင် ထူးခြား ထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ်လိုက်ပါသည်။

ယခု ၂၀၁၂ ခုနှစ်အတွင်းတွင် အရေးပေါ် လူနာတင်ယာဉ် ထူထောင် ကူညီခြင်း၊ မျက်စိဝေဒနာရှင် များကို ခွဲစိတ်ကုသ ပေးခြင်း၊ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲ ခံရမှုကြောင့် မီးလောင် ဒဏ်ရာရရှိသော သံဃာတော်များကို ဆေးကုသစရိတ် လှူဒါန်းခြင်းစသည့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး စသည့် လူမှုရေးလုပ်ငန်း များအပြင် ကလေးငယ်များ အတွက် ယဉ်ကျေး လိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံ သင်တန်းများ၊ လူငယ်များ အတွက် ကွန်ပျူတာ သင်တန်း၊ အင်္ဂလိပ်စာ (ရေး၊ ဖတ်၊ ပြော) သင်တန်းများ၊ စီမံခန့်ခွဲခြင်းနှင့် ခေါင်းဆောင်မှု စွမ်းရည်မြှင့် တင်ခြင်း ဆိုင်ရာ သင်တန်း၊ အလုပ်အကိုင် ရှာဖွေရေး အတွက် စာရင်းကိုင် သင် တန်း၊ ဟိုတယ် ဝန်ဆောင်မှု သင်တန်း၊ ဒီဇိုင်နာသင်တန်း များကိုပါ ဖွင့်လှစ် ပေးလျက်ရှိရာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ အဓိက အရေးပါသည့် ပညာရေးကဏ္ဍနှင့် နိုင်ငံ၏ အနာဂတ် ကလေးသူငယ်နှင့် လူငယ်များ၏ ဘဝအာမခံချက် ရရှိရေး အသက်မွေးဝမ်း ကျောင်း အတတ်ပညာ တို့ကိုလည်း အခမဲ့သင်ကြား ပေးနိုင်ရန် ပံ့ပိုး ကူညီ နေသူဖြစ်ခြင်း ကြောင့် ယခုကဲ့သို့ ရွေးချယ်ရခြင်း ဖြစ်ပါသည်။

မြန်မာ့သားကောင်း
Who's who 2012-ကျော်သူ
===============================

ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ တစ်ထောင်ဝန်းကျင်

ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ တစ်ထောင်ဝန်းကျင်... စစ်သား တယောက်မှာ ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် သုံးသိန်းဖိုး... တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်တဲ့ အပြင် ထပ်ဖြည့်ရတယ်...သေနတ်တလက် ၁၀သိန်းတန် တယ်...ဗုံးဆန်တလုံး အနဲဆုံး သိန်းကဏန်းရှိတယ်....

တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်... စားစရိတ်... ထောက်ပို့... လစာ... ဆေးဝါး... သယ်ယူပို့ဆောင်ရေးယဉ်... ဆက်သွယ်ရေးစက်ကိရိယာ... စက်ဆီကအစ... စစ်အ၀တ်အစား... အရာရှိများအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင်းကုန်တယ်.... အခု KIA ကိုထိုးစစ်ဆင်နေတဲ့ တပ်ရင်း တစ်ရာကျော်တယ်...

စစ်လေယဉ်တခါထွက်ရင် သိန်းထောင်ပိုင်းကုန်တယ်.... လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။

KIA ဖက်ကတွက်တာတော့ စစ်သားတစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀ ခန့်ရှိတယ်....

အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာ.. မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန နဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်း ရဲ့ ငါးနှစ်စာ အသုံးစရိတ်ဖြစ်ပါတယ်။

ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်... သူတို့ကို ကျွေးမွေးစရိတ် မပါသေးဘူး... နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက်ရင်တော့.......

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...
နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။
မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်...(Duwa Kachin)
By: ခွန် ဒီး

Who's who 2012 (12) နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

Written by Voice Weekly

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး အာဏာကို နှစ် ၅၀ နီးပါးခန့် တပ်မတော်က ကိုင်တွယ် စီမံခဲ့ပြီး နောက် ဒီမိုကရေစီ နိုင်ငံသစ် တစ်ခုတည်ဆောက် ရန်အလို့ငှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အရပ်သား အစိုးရအသွင် ပြောင်းပြီး အစိုးရ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်း အံ့အားသင့်ဖွယ် အပြောင်းအလဲ များ အကောင်အထည် ဖော်ခဲ့သူဖြစ်သည့် အပြင် ရိုးသား ဖြောင့်မတ်သူ၊

ဟိတ်ဟန်မများ မာန်မာန နည်းသူ၊ သြဇာအာဏာ အလွဲ မသုံးခဲ့သူ၊ ကိုယ်တိုင်ရော မိသားစု၊ ဆွေမျိုးသားချင်း များပါ မည်သည့် အခွင့်ထူးကိုမျှ မရယူခဲ့သူ၊ မည် သည့် စီးပွားရေးလုပ်ငန်းရှင် နှင့်မျှ ကိုယ်ကျိုးစီးပွား မရောယှက်ခဲ့သူ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်း အဝိုင်းတို့၏ စဉ်ဆက်မပြတ် စောင့်ကြည့် ခံနေရပြီး ယခု နှစ်အတွင်း တိုင်းပြည် ၏ မျှော်လင့်ထားသော ပြဿနာများ၊ မျှော်လင့် မထားသော ပြဿနာ များ၊ တစ်နည်းအားဖြင့် စိန်ခေါ်မှု၊ ပြဿနာ အခက်အခဲ များကိုပါ စနစ်တကျ တုံ့ပြန်ဖြေရှင်း နိုင်ခဲ့သူ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ်၏ ထူးခြား ထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။

သမ္မတဦးသိန်းစိန်၏ နိုင်ငံ တည်ဆောက် ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ရပ်များစွာ ရှိသည့်အနက် ၂၀၁၂ ခုနှစ် အတွက် မြန်မာ့ နိုင်ငံရေး ကန့်လန့်ကာ ဖွင့်လှစ်မှုဟု ဆိုအပ်သော ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာပြည်သူ အများစု၏ အချစ်တော် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ လွှတ်တော် နိုင်ငံရေး ကစားကွင်းထဲသို့ တရားဝင် ဝင်ရောက်ခွင့် ရရှိရေး အတွက် လွတ်လပ်ပြီး တရားမျှတမှု ရှိအောင် ဖန်တီး ပေးခဲ့ခြင်း၊ ပြီးခဲ့သည့် ဇွန်လက ရခိုင်ပြည် နယ်တွင်း ဆူပူအကြမ်းဖက်မှု များနှင့် လူစုဖွဲ့ အုံကြွမှု များကို ပြည်တွင်းမှ သက်ဆိုင်သူ များသာမက နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဘာသာရေးနှင့် လူမှု ရေးအဖွဲ့ အစည်းများ လက်သင့်ခံလာ သည်အထိ သတိကြီးကြီး ထားကာ စိတ် ရှည်လက်ရှည် ကြိုးပမ်းဖြေရှင်းခဲ့ ခြင်း၊ ယခင်အစိုးရ လက် ထက်က ရန်သူသဖွယ် သဘောထားခဲ့သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၊ ငြိမ်း ချမ်းရေးနိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာ သည့် အချိန်မှစ၍ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် သက် ဆိုင်သောလုပ်ငန်းများကို တစ်လှေတည်းစီး၊ တစ်ခရီး တည်းသွား ဒီမိုကရေစီ မောင်နှမများ သဖွယ် ပူးပေါင်းလက်တွဲ လုပ်ကိုင်နိုင်ခဲ့ခြင်း အစရှိသည် တို့မှာ ယခုနှစ်အတွင်း ထူးခြားသော လုပ်ရပ်များ ဖြစ်ပါသည်။

သမ္မတကြီးအတွက် ယခုနှစ်အတွင်း အပြောင် မြောက်ဆုံး လုပ်ရပ်များမှာ ကက်ဘိနက် အဖွဲ့တွင် ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်လိုသူ၊ သို့မဟုတ် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို နားလည်သဘော မပေါက်သူ ဝန်ကြီးများအား ရာထူးနေရာ ပြောင်းရွှေ့ခန့်ထားခြင်း၊ အငြိမ်းစား ယူခွင့်ပြုခြင်းနှင့် မြန်မာနိုင်ငံ အပေါ် နှစ်ပေါင်း အတန်ကြာ စီးပွား ရေးပိတ်ဆို့ထားခဲ့ပြီး သံအဆင့် အတန်းလျှော့ချ ထားခဲ့သည့် အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်ခ်အိုဘားမား၏ သမိုင်းဝင် ခရီးစဉ်တွင် မိမိ၏ မာန်မာနကို နှိမ့်ချကာ မိမိတိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမေရိကန်-မြန်မာ ဆက် ဆံရေးကို ဦးစားပေးခဲ့မှု ပင်ဖြစ်သည်။ မာန်မာန နှိမ့်ချသည်ဟု ဆိုရသည်မှာ သမ္မတကြီးဦးသိန်းစိန် အနေဖြင့် အိုဘားမားကို မြန်မာအစိုးရ အဖွဲ့ တရားဝင်ရုံးစိုက်ရာ နေပြည်တော် ၌သာ လက်ခံ တွေ့ဆုံရမည် ဖြစ်သော်လည်း ခြောက်နာရီမျှ ကြာသော အိုဘားမား၏ မြန်မာခရီးစဉ် အစစ အရာရာ အဆင်ပြေချောမွေ့ စေရေးအတွက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေသည့် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်မှ ရန်ကုန်မြို့တော်သို့ ပြန်လာကာ လက်ခံတွေ့ဆုံ ပေးခဲ့ခြင်း ဖြစ်ပါ သည်။ (နိုင်ငံ့ခေါင်းဆောင် ဟူသမျှသည် မိမိနိုင်ငံ သို့ လာရောက်လည်ပတ်သော နိုင်ငံတကာ သံခင်းတမန်ခင်း စည်းကမ်းများအရ အခြား နိုင်ငံ ခေါင်းဆောင်များကို မိမိအစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တွင်သာ လက်ခံတွေ့ဆုံလေ့ ရှိစမြဲပင် ဖြစ်ပါသည်။)

ယင်းမှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြမှုတွင် လူအုပ်စု ထိန်းချုပ်ရေး အဆင့် မြင့် နည်းဗျူဟာ (Advanced Crowd-Control Tactics) အကြောင်း တစ်လုံးတစ်ပါဒမျှ နား မလည်သည့် အပြင် ဒီမိုကရေစီ သဘောသဘာဝ များနှင့် ကောင်းစွာယဉ်ပါးမှု မရှိသေးသည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၏ နှိမ်နင်းမှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သော ဗုဒ္ဓဘာသာ ရဟန်းတော်များကို အချိန်ကာလ အားဖြင့် နှောင့်နှေး သော်လည်း တရားဝင်ဝန်ချ တောင်းပန် ခဲ့ခြင်းပင် ဖြစ်ပါသည်။

ယခင်ခေတ် အဆက်ဆက် ပြည်သူလူထု၏ ဆန္ဒကို အလေးထားခြင်း နှင့် ပြည်သူလူထုကို တန်ဖိုး ထားရကောင်းမှန်း မသိခဲ့သည့် ယခင် အကျင့်စရိုက် ဟောင်းများကို တစ်ဖက်တွင် ပြောင်း လဲပစ်ရန် ကြိုးပမ်းနေသည့် အပြင် အခြားတစ်ဖက် တွင်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် အရေး စသည်ဖြင့် ပြဿနာ ပေါ်တိုင်း အဆိုပါ ၂၁ ရာစု စံနှုန်းများနှင့် ဖိအား ပေးပြောဆိုသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မိမိအစိုးရ အဖွဲ့ကို လက်သင့် ခံလာအောင် ကြိုးပမ်း နေရသည့် အကျပ်အတည်း အခြေအနေ နှင့်လည်း ရင်ဆိုင်နေရသူ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ အထူးသဖြင့် လက်ရှိ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှင့် တပ်မတော် အကြား စစ်မက်ပဋိပက္ခ ချုပ်ငြိမ်းရေး အစရှိသည်တို့မှာ သမ္မတကြီးဦးသိန်းစိန် အတွက် ၁၈ ရာစု သို့မဟုတ် ၁၉ ရာစုခေတ်မှ ပြဿနာ ဟောင်းမျိုးကို ၂၁ ရာစု စံချိန်စံနှုန်း များဖြင့် ဖြေရှင်းနေရခြင်း ဖြစ်ပါသည်။

သမ္မတ အနီးအနားတွင် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး များမှ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ လူထု ဆက်ဆံရေး၊ လူထုရေးရာ မူဝါဒ အစရှိသည့် ပညာရပ်များကို နိုင်ငံတကာ အဆင့်မီ လေ့လာသင်ကြား တတ်မြောက်ထားသည့် အရပ် သား ပညာရှင် အားနည်းနေခြင်းကြောင့် လူထု ဆက်ဆံရေး နည်းနာများ အရ ချက်ချင်း တုံ့ပြန်ရ မည့် အရေးကိစ္စများ နှောင့်နှေးခြင်း၊ အောက်ခြေ အဆင့်တွင် ယခင်အုပ်ချုပ်သည့် စနစ်ဟောင်း အတိုင်း ပြဿနာများကို တုံ့ပြန်ဆဲ ရှိနေခြင်းတို့ အရေးတကြီး ပြုပြင်ရန် လိုအပ်နေသည်ဟု ဝေဖန် အကြံပြု ခံနေရလင့်ကစား နှလုံးခုန်နှုန်း တစ်မိနစ် လျှင် အကြိမ် ၄၀ အောက် ရောက်နေသောကြောင့် Pacemaker (နှလုံးခုန်စက်) အကူအညီဖြင့် နေထိုင် လုပ်ကိုင်နေရသည့် သမ္မတ ဦးသိန်းစိန်သည် ယခုနှစ်အတွင်း ပေါ်ထွက် လာသော အရေးကိစ္စကြီး များနှင့် ပြဿနာကြီးများကို ပြည်တွင်း၌ သာမက နိုင်ငံတကာ အသိုင်းအဝိုင်း ကပါ အများစု လက်သင့်ခံအောင် အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင် ပေးနိုင်ခဲ့ခြင်း တို့ကြောင့် ၂၀၁၂ ခုနှစ်၏ ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ်ရခြင်း ဖြစ်ပါသည်။

Voice Weekly

Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနက် ဦးသန့်ရှင်း (Mr.Clean) ဟု ပြည်ပက အသိအမှတ် ပြုခံရသော ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၌ စီးပွား ရေးလုပ်ငန်း များစွာကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော SPA (Myanmar) Ltd. နှင့် First Myanmar Investment Co.,Ltd. (FMI) အများပိုင် ကုမ္ပဏီတို့၏ အကြီးအကဲနှင့် ဥက္ကဋ္ဌဖြစ်သည်။

FMI ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ယခုအခါ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍဟူသည့် လုပ်ငန်းကဏ္ဍကြီး ငါးခုခွဲ၍ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

ဦးသိမ်းဝေသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းက ပြည်တွင်းစီးပွားရေး ကျဆင်းမှုနှင့် FMI ကုမ္ပဏီပိုင် လုပ်ငန်းအများစု အပေါ် ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးတို့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရချိန် က ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရဲဝံ့စွာရင်ဆိုင် ဖြတ်သန်းနိုင်ခဲ့သူ အဖြစ် နာမည် ကျော်ကြားခဲ့ပြီး ယခု ၂၀၁၂ ခုနှစ် အတွင်းတွင်လည်း လုပ်ငန်း စီမံကိန်းသစ်များကို တိုးချဲ့ရင်းနှီး မြှုပ်နှံခဲ့သဖြင့် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ၌ ထင်ရှားသူ တစ်ဦးအဖြစ် The Voice Weekly က ရွေးချယ်လိုက်ရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော ထင်ရှားသည့် လုပ်ငန်း မှာ သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာ စီမံကိန်း၊ နာမည်ကျော် Parkson Department Store လာ ရောက်ဖွင့်လှစ်မည့် FMI Centre၊ ဘုရင့်နောင်ရှိ နှစ်ထပ် ခုံးကျော်တံတားနှင့် သြဂုတ်လက ပြန် လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိသည့် ရိုးမဘဏ်တို့ ဖြစ်ကြပြီး လာမည့် ၂၀၁၂-၂၁၃ ဘဏ္ဍာရေးနှစ် အတွင်း ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများမှာ ရန်ကုန်မြို့လယ်ရှိ FMI စင်တာ၊ Grand Meeyahta Executive Residences၊ မီးရထားရုံးချုပ် အဆောက်အအုံဟောင်း နေရာတို့တွင် ဟိုတယ်များ၊ Shopping Mall များ၊ Service Apartment များ၊ ရုံးခန်းများနှင့် အိမ်ခန်းများ ပါဝင်သော ၁၀ ဧကခန့် ကျယ်ဝန်းမည့် အထပ်မြင့် မြို့ပြ စီမံကိန်းသစ်၊ လေယာဉ်စင်းလုံး ငှားရမ်းမှုနှင့် ပြည်တွင်း ၌ ပျံသန်းပြေးဆွဲမည့် လေကြောင်းလိုင်းသစ်၊ ဂျပန်နိုင်ငံမှ ဟီးနိုးအမှတ် တံဆိပ် မော်တော်ယာဉ် များ တင်သွင်း ရောင်းချခြင်းနှင့် Service Centre ဖွင့်လှစ်မည့် Hino Service Station တို့ဖြစ်သည်။

ယခုအခါ ကုမ္ပဏီ၌ အစုရှယ်ယာရှင် စုစုပေါင်း ၄၇၀၀ ဦးရှိပြီး အခက်အခဲ အကျပ်အတည်းများနှင့် ကြုံခဲ့ ရသော်လည်း ရှယ်ယာရှင် များကို နှစ်စဉ်မပျက် မကွက် အမြတ်ငွေများ ခွဲဝေ ပေးနိုင်ခဲ့သည်။

SPA (Myanmar)Ltd. ကို ၁၉၉၁ ခုနှစ် တွင် ဟောင်ကောင်မှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ တည်ထောင်ခဲ့ပြီး ယခုအခါ FMI ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ Yoma Strategic Holding Ltd. တို့နှင့် လုပ်ငန်းများ ပူးပေါင်းရင်းနှီးမြှုပ်နှံ ဆောင် ရွက်လျက် ရှိသည်။

မြန်မာ့သားကောင်း
Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun
===========================

Samsung Galaxy S4 ဗီဒီယိုထွက်ပေါ်(Aung Kham (TSJ team))

Samsung Galaxy S4 ဖုန်းကြော်ငြာ ဗီဒီယိုပါ ဆိုပြီး rozetked ဝဘ်ဆိုဒ်က Youtube မှာ တင်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းကို ကြည့်ရှုသူ ၁ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

Samsung က တရားဝင်ကြေညာထားခြင်း မဟုတ်သေးတော့ ယင်း ဗီဒီယိုထဲက Samsung Galaxy S4 ကတော့ fake ပဲဖြစ်ပါတယ်။ သို့ပေမယ့် ဗီဒီယို ဖန်တီးသူတို့ တော်တော် တော်ပါတယ်။ သူတို့ ခန့်မှန်းခြေက အနီးစပ် ဆုံး ဖြစ်တယ်လို့တောင် ချီးကျူးထားကြပါတယ်။

ဗီဒီယိုထဲကအတိုင်းဆိုရင် S4 ကို လေဆာကီးဘုတ်နဲ့တောင် ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကင်မရာက 13 megapixel ရှိပြီး ၅ လက်မ မကတဲ့ မျက်နှာပြင်က 1080p resolution အဆင့်ရှိတဲ့ Grand AMOLED အမျိုး အစား ဖြစ်ပါတယ်။ Processor ကလည်း 2.0GHz 4 quad core ဖြစ်ပါ တယ်။ quad core တောင် လေးခု ပါတယ်ဆိုတဲ့ သဘောဖြစ် ပါတယ်။

အရွယ်ပိုကြီးလာပြီး ပိုလည်းပါးသွားပါတယ်။ မော်ဒယ်ကုဒ်နံပါတ်ကို GT-I9500 လို့တောင် အမည်ပေးထားပါသေးတယ်။ တကယ် ထုတ်ဖော်ပြ သတဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ CES မှာမှ တကယ်ဟုတ် မဟုတ် မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

Samsung Galaxy S4 ကြာ်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/p5YPaBkhKZI

ကျးဇူးဆပ်သော အလှစစ်ပိုင်ရှင်

နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမကူညီရန် မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်သို့ နာရေးကိစ္စများအားကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/သားများချိတ်ဆွဲ လေ့ရှိသော အသင်းတံဆိပ်နှင့် ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် ချိတ်ဆွဲလျှက် ဈာပန လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီချိန်ကတည်းက အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာ ရောက်နှင့်နေပြီဖြစ်သည်။ နန်းခင်ဇေယျာသည် ၂.၁၂.၂ဝ၁၂ ရက်နေ့ကလည်း ပထမဦးဆုံးအကြိမ် ယခုကဲ့သို့ နာရေးကူညီမှုလမ်းကြောင်း (၂) ကြောင်းအား လိုက်လံပို့ဆောင် ကူညီ သင်္ဂြိုလ်ပေးခဲ့ဖူးသည်။ နံနက် (၁ဝးဝဝ) နာရီ စတင်ထွက်ခွါပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ရောက်သည်နှင့် နန်းခင်ဇေယျာသည် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန် (Silence) လုပ်လိုက်သည်။ ယခုအချိန်လောက် အရေးကြီး သော အချိန်မရှိဟူသော အဓိပ္ပါယ်ပင်။ အဘယ့်ကြောင့်ဆိုသော သူမ ယနေ့ တစ်နေ့တာလုံး အမြင့်မြတ် ဆုံးသော ကုသိုလ်အလုပ်များကိုသာ လုပ်ဆောင်တော့မည်ဖြစ်သည်။ သူမ၏ ပေးဆပ်မှုမှာ နံနက် (၁ဝးဝဝ) နာရီအချိန်မှစ၍ ညနေ (၅းဝဝ) နာရီအချိန်ထိပင်။ အလှမယ် နန်းခင်ဇေယျာ၏ တစ်နေ့တာပေးဆပ်မှုမှာ အပြည့်အဝဆုံး အဖြူစင်ဆုံး မေတ္တာများဖြင့် ပေးဆပ်ခဲ့ခြင်း ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ Volunteer ယောင်္ကျားလေးမှသာ တစ်နေ့တာ နာရေးကူညီမှု လမ်းကြောင်း (၄) ကြောင်းထိ လိုက်နိုင်ကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ပူအိုက်လှသော နေ့လည် ခင်း၊ ကား၏အပူရှိန် အငွေ့အသက်၊ နာရေးရှင်တို့၏ ပူဆွေးသောကတို့အား မျှဝေခံစားခြင်း၊ နေအိမ်မှ -ရေဝေးသုဿန်သို့၊ ရေဝေးသုဿန်မှ-နေအိမ်သို့၊ သို့တည်းမဟုတ် ဆေးရုံများသို့ တစ်နေ့တာ အကြိမ်ကြိမ် ပေးဆပ်မှုများကို ကျော်ဖြတ်ကြရခြင်းသည် မောပန်းပင်ပန်းလှသည်ပင်။ သို့သော်အလှမယ် နန်းခင် ဇေယျာ တစ်ယောက်သည် တက်ကြွစွာဖြင့် နာရေးကူညီမှုလမ်းကြောင်း (၄) ကြောင်းအား မပင်မပန်း လိုက်ပါကူညီခဲ့သည်။ သူမသည် သာမန်မိန်းကလေးမဟုတ် အလှမယ်တစ်ဦးဖြစ်ပြီး အချိန်တိုင်း မိမိအလှ ပေါ်တွင် ဂရုစိုက်နေရမည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ သို့သော် သူမသည် နာရေးကူညီမှု လမ်း ကြောင်း (၄) ကြောင်းလုံးတွင် ကြောက်လန့်ခြင်း၊ ရွံ့ရှာခြင်း၊ ငြိုငြင်ခြင်း အလျဉ်းမရှိခဲ့။ တည်ငြိမ် အေးချမ်း သော စကားများဖြင့် နာရေးရှင်အား ရှင်းလင်းပြောကြားနေသော သူမသည် ရုပ်သာမက စိတ်ပါလှသော အလှစစ်တစ်ခုကိုပါ ပိုင်ဆိုင်ထားသူ တစ်ဦးပင်ဖြစ်သည်ဟု ကျွန်မစိတ်မှာ အမှန်တကယ် မှတ်ယူ လိုက်တော့သည်။ သူမ ပေးဆပ်ရန် သွားရောက်နေစဉ်ချိန်တွင်း သူမ၏ အောင်မြင်မှုကြောင့် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန်(Silence) လုပ်ထားသော်လည်း လက်ကိုင်ဖုန်းမှ ဖုန်းခေါ်တုန်ခါမှု (Vibration) ခဏ…ခဏ မြည်သည်။ သူမက ဖုန်းများအားလုံးကို မိမိယခုလမ်းကြောင်း လိုက်နေ၍ စကားအနည်းငယ်သာ ပြောပါရန် နှင့် နာရေးလမ်းကြောင်း လိုက်နေစဉ်ချိန်သည် အားလုံးထက် အရေးကြီးနေကြောင်း ကြားရသူ တစ်ဖက်မှ သိသွားလောက်သော အသံဖြင့် ညှင်သာစွာ ဖြေကြားခဲ့သည်။ နန်းခင်ဇေယျာ ဖေးမ သယ်ယူ သဂြိုလ်ပေးခဲ့သော နာရေးလမ်းကြောင်း များမှာ-ကင်ဆာရောဂါဖြင့် မြောက်ဒဂုံ(၄၅)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သွားသော ဦးဝင်းကြည် အသက်(၆၄)နှစ်၊ အသည်း ရောဂါဖြင့် (၇/၈) ဆေးရုံတွင် ကွယ်လွန်သော ဦးခင်မောင်ရင် အသက်(၅၅)နှစ်၊ အဆုတ် ရောဂါဖြင့် အရှေ့ဒဂုံ(၁၃၃)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သော ဒေါ်သောင်းစိန် အသက်(၆၉)နှစ်၊ လူကြီးရောဂါဖြင့် မင်္ဂလာဒုံ၊ ၃/ခရပ်ကွက် နေအိမ်တွင် ကွယ်လွန်သော ဒေါ်စန်းရင် အသက်(၆၄)နှစ် တို့အား ပို့ဆောင် သဂြိုလ်ပေးခဲ့သည်။ နန်းခင်ဇေယျာသည် သေဆုံးသူတို့အား သူမကိုယ်တိုင် စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကူညီ သယ်ပေးခြင်း တို့ကို လက်အိတ်မပါ၊ နှာခေါင်းစည်းတို့အား အသုံးမပြုဘဲ ရိုးသားဖြူစင်သော စိတ်ထားဖြင့် ပေးဆပ်ခဲ့သည်။ တစ်နေ့တာ ပေးဆပ်မှုလုပ်ငန်းများ ပြီးစီးသွား၍ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ရောက် ရှိသောအခါ ဥက္ကဌဦးကျော်သူအား အိမ်ပြန်တော့မည့် အကြောင်း လာရောက် ပြောကြား သောအခါ ဦးကျော်သူမှ တအံ့တသြဖြင့် “သမီး အသားတွေတောင် မဲကုန်ပြီ” ဟုပြောကြားခဲ့သော အခါတွင်လည်း ကျေနပ် ပီတိအပြုံးဖြင့် နှုတ်ခွန်းဆက်ကာ ထွက်သွားသည်ကို မြင်တွေ့ မိလိုက်ရသည်။ ထိုသို့ မမောနိုင် မပမ်းနိုင်အလှမယ်လေးတစ်ဦး၏ အသားအရေများ နေလောင်ဒဏ်ကြောင့် ညိုမဲသွားလောက်အောင် ပေးဆပ်ခဲ့မှု သည် အများပြည်သူ ပရိတ်သတ် တို့အပေါ် ထိုက်ထိုက်တန်တန် ပြန်လည် ကျေးဇူးဆပ်ခဲ့ခြင်း ပင်ဖြစ်သည်။ ထိုကဲ့သို့ အများပြည်သူတို့အပေါ် အပြည့်အဝ အမြင့်မြတ်ဆုံး အမွန်မြတ်ဆုံးသော ကုသိုလ်အလုပ်မျိုးဖြင့် မိမိ၏ အလှတရားကိုပင် ဂရုမပြုတော့ဘဲ မြင့်မြတ်စွာ ကျေးဇူးဆပ်ခဲ့ခြင်းအပေါ် သာဓု . . . သာဓု . . . သာဓု ဟူ၍ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သာဓု(၃)ကြိမ်ခေါ်ဆိုပြီး မေတ္တာပို့သလိုက်ရပါတော့သည်။ “ပြင်ပ ရှုပါအလှတရား ထက် အတွင်းစိတ်၏ အလှတရားသည် လွန်စွာမှ မြင့်မြတ်လှပေသည်” ဇူးဇူး (နာရေးကူညီမှုအသင်း)

ဗိုလ်ချုပ်အောင်ဆန်းကိုဘယ်သူသတ် သလဲ...?

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်(၉) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို
အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း
ကျင်းပခဲ့ကြသည်။

အာဇာနည်များ...

ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊
ဘုရင်ခံအမှုဆောင်ကောင်စီ၏
ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏
ဝန်ကြီးချုပ်၊၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန်
(၁၃)ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဒီးဒုတ်ဦးဘချို (၅၄) နှစ်

စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊
ပြန်ကြားရေးဝန်ကြီး၊သူ့အသက်အရွယ်နှင့်ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင်နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက်ရှိနေသေးသည်။

သခင်မြ (၄၉) နှစ်

လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကိုထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင်
ပွဲချင်းပြီးသေဆုံးသည်။

ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်

မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆)
ချက်ရရှိပြီးနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ဦးဘဝင်း (၄၆) နှစ်

ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊
ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသည်။

မန်းဘခိုင် (၄၃) နှစ်

ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က
ပြန်လည်ခုခံတော်လှန်ရာ၌
ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅)
ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

စပ်စံထွန်း (၄ဝ) နှစ်

ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ
အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့
မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌
သေဆုံးသွားသည်။

ဦးအုန်းမောင် (၃၄) နှစ်

သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊
ဒုတိယအတွင်းဝန် (I.C.S) အစီရင်ခံစာတခုကို
လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။
နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။

ကိုထွေး (၁၈) နှစ်

ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ
မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့်
အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏
ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄) ချက်ရရှိပြီး ဆေးရုံတွင်
သေဆုံးသည်။

လူသတ်သမားများ......

ဦးစော

၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏
ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊
သမ္ဘာရင့်
လက်ျာနိုင်ငံရေးသမားဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိကပြိုင်ဘက်ဖြစ်သည်။
သူရိယသတင်းစာကို
စတင်ထူထောင်သူနှင့် မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်သည်။ ၁၉၄ဝ ခုနှစ်၊
စက်တင်ဘာလမှ
၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလအထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင်
အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင်ချုပ်ဆိုသော
အောင်ဆန်း-အက်တလီ
စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူဖြစ်၍ ဦးအောင်ဆန်းနှင့်
သူ့အမှုဆောင်ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊
ဇူလိုင်လ
(၁၉) ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့်အတိုင်း အပြစ်ပေးခံရပြီး၊ ၁၉၄၈
ခုနှစ်၊
မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။

မောင်စိုး (သေနတ်သမား)

မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဦးစော၏ အနီးကပ်
နောက်လိုက်ဖြစ်၍ သူ့ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူဖြစ်သည်။
သေဒဏ်ပေးခံရသည်။
၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီ
ရင်ခံရသည်။

သက်နှင်း (သေနတ်သမား)

ကျိုက်လတ်မြို့မှ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယင်းမြို့ မျိုးချစ်ပါတီ၏
အတွင်းရေးမှူးဖြစ်သည်။
ဦးစောကို အထူးကြည်ညိုပြီး လုံးဝဥဿုံယုံကြည်ကိုးစားသူဖြစ်သည်။
သေဒဏ်ပေးခံရသည်။ ၁၉၄၈
ခုနှစ် မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။

မောင်စိန် (သေနတ်သမား)

ကြို့ပင်ကောက်မြို့မှဖြစ်၍ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏
ဗမာ့တပ်မတော်သားဖြစ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
သူ့မိဘများမှာ မျိုးချစ်ပါတီကို လိုလားနှစ်သက်သူများဖြစ်၍ သူ့ကို ဦးစော၏
နောက်လိုက်ဖြစ်ရန် သိမ်းသွင်းဆွဲဆောင်ခဲ့ကြသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈
ခုနှစ်၊ မေလ
(၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

ရန်ကြီးအောင် (သေနတ်သမား)

အသက် (၁၈) နှစ်သာရှိ၏။ အသက်အငယ်ဆုံး သေနတ်သမားဖြစ်သည်။ ဦးစော
တဝမ်းကွဲညီ၏သားဖြစ်သည်။ စတုတ္ထမြောက်သေနတ်သမား။ လိုအပ်လာသည့်
နောက်ဆုံးအချိန်ကျမှ
သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏ တဇောက်ကန်းအကျင့်ကြောင့်
သေနတ်သမားအဖြစ်
အံဝင်ခွင်ကျဖြစ်ခဲ့သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်
ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

သုခ

လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့်
မောင်းပို့ပေးခဲ့သူဖြစ်သည်။
ရန်ကုန်မြို့ရှိ
အစိုးရအထက်တန်းကျောင်းမှ (၉) တန်းအောင်မြင်ခဲ့သည်။ စစ်ပြီးနောက်
ကျိုက်လတ်မြို့
ဖဆပလအဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦးဖြစ်သည်။ သက်နှင်းက သူ့ကို
ဦးစောနှင့်
မိတ်ဆက်ပေးခဲ့သည့်အပြင် မျိုးချစ်ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ်
စာရင်းတင်ပေးခဲ့သည်။
ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှုမတိုင်မီ နောက်ဆုံးရောက်ရှိလာသူဖြစ်သည်။
သေဒဏ်ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ
အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့
လျှော့ချခြင်းခံရသည်။

ခင်မောင်ရင်

ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့စီးသော
ဖို့ဒ်ဆန်ထရပ်ကားကို မောင်းသူဖြစ်သည်။ ဦးစောဇနီးသည်၏ တူတော်သည်။
ဝန်ကြီးအဖွဲ့အစည်းအဝေးထိုင်နေကြောင်း လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပြီး
လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ်အပေးခံရသော်လည်း
နောက်ပိုင်းတွင်
အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့
လျှော့ချခြင်းခံရသည်။

မောင်နီ

ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့်
လိုက်ပါသွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန်
အကူအညီပေးရေးအတွက် ခြောက်လုံးပြူးသေနတ်တလက်ဖြင့် အတွင်းဝန်များရုံး
အထွက်ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်အပေးခံရသော်လည်း
အလုပ်ကြမ်းနှင့်ထောင်ဒဏ်
အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရပြီး ယင်းသတင်းကို သုခနှင့်တပြိုင်နက်တည်း
အသိပေးခံခဲ့ရသည်။

မှုန်ကြီး

ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့်
လိုက်ပါသွားခဲ့သည်။ အုတ်ဖိုမြို့အနီးမှ ကျေးရွာသားဖြစ်ပြီး
အလုပ်ကြမ်းသမားတဦးဖြစ်သည်။ ဦးစောက သူ့ကို အစေခံတဦးကဲ့သို့ ခိုင်းခဲ့သည်။

ဝန်ကြီးအဖွဲ့စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။
သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌
သေဒဏ်အစီရင်ခံရသည်။

ဘညွန့်

ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့တွင် ပါဝင်သည်။
ဦးစော၏လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင်ဖြစ်ပြီး သူတဦးသာ
ဦးစော၏အိမ်အတွင်း
နေထိုင်ခွင့်ရသည်။ အသိဉာဏ်ရှိ၍ အိုးသည်ကုန်းတရားရုံးတွင် စာရေးဖြစ်ခဲ့သည်။
သခင်နုအားသတ်ရန် တာဝန်အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ်
ဘက်ပြောင်းထွက်ဆိုရန် သဘောတူခဲ့သူဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ သူ့အား
အပြစ်မှခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သောထောင်ဒဏ် (၁ဝ)
နှစ်နှင့် (၆) လ ချမှတ်ခံခဲ့ရသည်။

ဓါတ်ပုံမှာ - ဦးစော နှင့် ၎င်းအားကြိုးပေးသတ်ခဲ့သောပုံဖြစ်ပါတယ် ။

မှတ်ချက်။ ။ ဦးခင်အောင်ရေးသားသော “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်မှ
ကောက်နုတ်တင်ပြသည်။

Thursday, December 27, 2012

လက်မ ၁၀၀ လေဆာ တီဗီ LG ထုတ်မည်

လက်မ ၁၀၀ တောင် ကျယ်ဝန်းတဲ့ အိမ်သုံး Cinematic တီဗီ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို Cinematic 100-inch Class Laser TV လို့ အမည်ပေး ထားပါတယ်။

LED, LCD တို့ မသုံးပါဘူး။ သို့ပေမယ့် HD resolution ထုတ်လုပ်နိုင် တဲ့ လေဆာ ပရိုဂျက်တာကို အသုံးပြုမှာ ဖြစ်ပါတယ်။ အပြင်က လက်မ ၁၀၀ အပြည့်ဖန်သားပြင်ပေါ်ကို ၂၂ လက်မအရွယ် လေဆာ ပရို၈ျက်တာ ကနေ ရောင်ပြန်ထွက်စေမှာ ဖြစ်ပါတယ်။ ရုပ်ထွက် ကြည်လင် ပျက်သားမှု ကတော့ အကောင်းဆုံး ဖြစ်စေရမယ့်လို့ LG က ကတိပေး ထားပါတယ်။

ကမ္ဘာ့ပထမဆုံး အကြီးဆုံး 3D HD TV, အသံထိန်းချုပ်စနစ်သုံး တီဗီ အစရှိ သဖြင့်တို့ကို ဖန်တီးလို့ တောင်ကိုရီးယား LG အီလက်ထရောနစ်က တီဗီ လောကမှာ တော်တော်လေး နာမည်ရနေ ပါတယ်။ ယခုလည်း လက်မ ၁၀၀ တောင်ရှိမယ့် တီဗီကို ထုတ်လုပ်မယ်ဆိုတော့ ပထမဦးဆုံးပဲ ဖြစ် ပါတယ်။ အရွယ်အစားအနေနဲ့ အကြီးဆုံးများ ရှိနေပမယ့် HD resolution နဲ့ ဆိုတော့ ပထမဆုံးပဲ ဖြစ်ပါတယ။်

HDMI port လည်းပါမယ်။ Wi-Fi လည်းပါရှိမယ်။ အင်တာနက်တီဗီ ချယ်နယ်များလည်း ကြည့်ရှုလို့ရမယ်ဆိုတော့ အဆင့်မြင့် တီဗီပဲ ဖြစ်ပါ တယ်။ ဈေးကလည်း တော်တော်ကြီးမယ့် အနေအထားမှာ ရှိပါတယ်။ ၂၀၁၃ ဇန်နဝါရီလ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် ကုန်စည် ပြပွဲ CES မှာ ဝင်ရောက် မိတ်ဆက် ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: slacshgear
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/lg.html
31

iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထား

iFixit အမည်ရ နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ iPad mini ကို တစ်စစီ ဖြုတ်ကာ လေ့လာခဲ့ခြင်း ဖြစ်ပြီး Samsung က ကုန်ပစ္စည်း နှစ်ခုတွေ့ရှိခဲ့ပါတယ်။

ယင်းကတော့ iPad mini ရဲ့  1024 x 768 pixels resolution ရှိတဲ့ LCD Display နဲ့ stereo speakers ဖြစ်ပါတယ်။ Samsung ထုတ်ကုန် နှစ် မျိုး ဖြစ်ပြီး Apple မှ ကန်ထရိုက်နဲ့ မှာယူနေတာ ဖြစ်ပါတယ်။ စာချုပ် သက်တမ်း ကလည်း ရှိနေသေးတဲ့အတွက် မှာယူနေရပါသေးတယ်။ ကုန်ကြမ်းလည်း ရှားတဲ့အတွက် ဖြစ်ပါတယ်။ LG နဲ့ Sharp တို့ဆီက လည်း Display မှာယူပေမယ့် Samsung ဆီက ယူရတာလည်း ရှိနေသေးလို့ ဖြစ်ပါ တယ်။

လက်ရှိ တရားရုံးမှာလည်း ပြိုင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး Samsung ကုန်ပစ္စည်း သုံးစွဲနေရမှုအပေါ် Apple ကလည်း မရပ်တည် ချင်တော့သလို Samsung ကလည်း လက်တွဲဖြုတ်ချင်နေပြီ ဆိုတာ လူတိုင်း သိနေပါတယ်။ သို့ပေမယ့် Apple ရဲ့  အကောင်းဆုံး ကုန်ပစ္စည်းများမှာ Samsung ရဲ့  ပစ္စည်းများ အသုံးပြုနေရတာတော့ ငြင်းမရတဲ့ အခြေအနေ အခြေအနေတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
----
Ref: pocketlint.
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/ipad-mini-samsung.html

---
58