Pages

Sunday, September 30, 2012

ချင်းတွင်းမြစ်အတွင်း အစုန်စက်လှေ တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း" ၁၃၃၀၀ "တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိကြောင်းသိရ


စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ချင်း
တွင်းမြစ်အတွင်း အစုန်စက်လှေတစ်စီးပေါ်မှ
 ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင်
သုံးရာ ခုနစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ
ဓါက်ပုံ(ယခင်ကမူးယစ်ဆေးများဖျက်ဆီးခဲ့ပုံ)internet
မူးယစ်ဆေးများ ဖမ်းမိကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ
ကလေးဝမှ စုန်ဆင်းလာသော မြင်းကောင်ရေ ၂၅ တရုတ်အင်ဂျင် တပ်ဆင်ထားသော
အစိမ်းနုရောင် စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁၃၃၇၅တန်ဖိုးရှိ မူးယစ်ဆေးများ မုံရွာမူးယစ်အထူးအဖွဲ့ ဦးဆောင်သော အဖွဲ့ က တရားခံ ၅ ဦးနှင့်အတူ
 တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလျား၄၅ ပေ အနံ ၃ ပေခွဲ ရှိ အဆိုပါစက်လှေပေါ်မှ ဆူဒိုအက်ဖ်ဒရင်း အာနိသင်ပါ
 နှာစေးပျောက်ဆေးပြား ၂သောင်းပါဆေးထုပ် ၁၀ ထုပ်ပါသည့် ဆာလာအိတ်
တစ်အိတ်လျှင် ၃၆ ကီလိုပါ ၁၄အိတ် ဆေးပြားပေါင်း ၂၈သိန်း စုစုပေါင်း
တန်ဖိုး သိန်း ၂၈၀၀ ၊

ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ်
၂၇အိတ် ဆေးပြား ၅၄ သိန်းပြား တန်ဖိုး ကျပ်သိန်း ၅၄၀၀၊ ဆူဒိုအက်ဖ်ရင်းအာနိသင်ပါ
 နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂၁ အိတ် ဆေးပြား ၄၂သိန်းပြား
တန်ဖိုး ကျပ်သိန်း ၄၂၀၀၊

ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ်
၂ အိတ် ဆေးပြား ၄ သိန်းပြား တန်ဖိုး ကျပ်သိန်း ၄၀၀၊ ဆူဒိုအက်ဖ်ရင်း အာနိသင်
ပါနှာစေးပျောက်ဆေး လိမ္မော်ရောင်ပါ ဆာလာအိတ် ၁အိတ် ဆေးပြား၂ သိန်း
 ၆ သောင်းပြား တန်ဖိုး ကျပ်သိန်း ၂၆၀၊ ဂျပ်ဖာ အတွင်းမှ အက်ဖ်ဒရင်း ဟုယူ
ဆရသည့်  ၉ ကီလိုဂရမ် အဖြူရောင်အမှုန့်  တစ်ထုပ် တန်ဖိုး၃၁၅ သိန်း တို့ကို
ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန်ဖိုး ၁၃၃၇၅ သိန်းတန်ဖိုးရှိသော မူးယစ်ဆေးဝါး
များဖြစ်ကြောင်း သိရသည်။

“စက်တင်ဘာ ၂၉ ရက် ညပိုင်းက ကနီမြို့ နယ် လက်ပံစုရွာအနီးမှာ ဝင်းမနား
ရဲစခန်းက ရဲတွေနဲ့အတူ မုံရွာမူးယစ်အထူးအဖွဲ့ က ဖမ်းမိတာလို့ သိရတယ်။
စက်လှေပေါ်မှာ တရားခံ ၅ ဦီး နဲ့ အတူ လက်ကိုင်ဖုန်း ၃ လုံး တို့နဲ့အတူ
မိတယ်လို့သိရတယ်။

ကလေးဝက စုန်ဆင်းလာတဲ့ စက်လှေလို့ သိရပြီး အိန္ဒိယဘက်က မူးယစ်ဆေးပြားတွေ
သယ်ယူမှုတွေ အဖမ်းခံရမှု များတယ်လို့ သိရတယ်။” ဟူ၍
 ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါအမှုအတွက် ကနီမြို့ နယ် ဝင်းမနားရဲစခန်းမှ မူးယစ်ဆေးဝါးမှုဖြင့် မူးယစ်(ပ)
 ၁/၁၂   ပြစ်မှုပုဒ်မ ၁၅၊၁၆(ခ)၊၂၁ တို့ဖြင့်  တရားခံများဖြစ်သော သူရစိုး ခေါ် စိုးကြီး ခေါ်
 ဇော်ဝင်းကို ၃၄ နှစ်(ဘ-ဦးကျော်စိုး) ဈေးရောင်း ခမိတ်ရွာ တမူးမြို့ နယ်၊

 ဆောင်းလင်း ၃၅ နှစ် (ဘ-ဦးတင်မြင့်) တောင်သူ မြို့ မ ၇ ရပ်ကွက်တမူးမြို့ ၊
 ကျော်ကျော်ဝင်း ၄၉နှစ် (ဘ- ဦးညွန့် တင်) ဘက်ထရီ လုပ်ငန်းချိုင်ရွာ ကနီမြို့ နယ်၊
 မောင်လှိုင် ၃၇ နှစ် (ဘ- ဦးတင်ရှိန်) တောင်သူ ခမိတ်ရွာ တမူးမြို့ နယ်၊ ဖိုးသဲ ၂၅ နှစ်
(ဘ-ဦးအေးမြင့်  ) တောင်သူ ခမိတ်ရွာ တမူးမြို့နယ် တို့  ၅ ဦးအား အေ၇းယူ
ထားကြောင်း သိရသည်။

Eleven Media Group 

ပုဒ်မ ၁၄၄ ထုတ်၊ စုံစမ်းရေး ကော်မရှင်ဖွဲ့၊ ကျောင်းနှင့် လူနေအိမ်များ ဆက်တိုက်ခိုက်ခံနေရ


Bangladeshi-Radical-Muslims-Torch-Buddhist-Templesဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ရာမူးတွင် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ
 တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ပွားရာ
 ဒေသများတွင်  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး


  ယခုအခါ ပြည်ထဲရေး ၀န်ကြီးမှ စုံစမ်းရေး ကော်မရှင် တစ်ခုကိုလည်း ဖွဲ့စည်း
လိုက်ပြီ ဖြစ်ကြောင်း သိရသည်။


သို့သော်လည်း တိုက်ခိုက်မူများမှာ ရပ်မသွားဘဲ ယမန်နေ့ ညနေပိုင်းထိ
ဆက်လက် ဖြစ်ပွားခဲ့သည်။

“ ကျွန်တော်တို့ ၀ါးခွပ်ချောင်း ဈေးနားရွာကို ညနေ (၇) နာရီမှာ လာတိုက်ခိုက်ပါတယ်။
လာတိုက် ခိုက်ခဲ့တဲ့ လူပေါင်းက ၁၀၀၀ ကျော် ပါဝင်တယ်။ အိမ် (၇) အိမ် မီးရှို့
ခံရပါတယ်။

ဘုန်းကြီးကျောင်းကို လာတိုက်ခိုက်တော့ ဘီဂျီပီ နယ်ခြားစောင့်တပ်နဲ့ ရဲက
 သေနတ် ၁၅ ချက်ခန့် ပစ်ခတ်တော့ လူစုကွဲပြီး ထွက်ပြေး သွားကြပါတယ်” ဒိုင်းနက်
အမျိုးသား ဦးကျော်လှစိန် က ပြောသည်။

ဝါးခွပ်ချောင်းကျေးရွာမှ ဒိုင်းနက် အမျိုးသားများ နေထိုင်သောကျေးရွာ ဖြစ်ပြီး
 မောင်တောမြို့နယ်နှင့် မျက်နာချင်းဆိုင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ  နတ်မြစ် တဘက်
ကမ်းတွင် တည်ရှိသည်။

တခြား ယမန်နေ့က တိုက်ခိုက်ခံရသော နေရာတခုမှာ စစ်တကောင်းမြို့ ပိုတီယာ
 အရပ်တွင် ဖြစ်ပြီး မာရမာကြီး (ဘရ၀ါ) ဘုန်းကြီးကျောင်း (၄)  ကျောင်းနှင့် ဟိန္ဒူ ကျောင်း
(၁)  ကျောင်းတို့ ပျက်စီး သွားသည်ဟု သိရသည်။

ကော့စ်ဘဇားခရိုင် တောင်ပိုင်း အိုကီးယားမြို့နယ် ကုပ်ဘဇာ အရပ်တွင်လည်း
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း(၃) ကျောင်း ယမန်နေ့ နေ့လည်က ဆက်လက် မီးရှို့
ဖျက်ဆီးခံခဲ့ရသည်။

ရာမူး ပန်းဝါမှ ပြဿနာများ တိုးပွားလာမည်ကို စိုးရိမ်၍ မီးရှို့ခံရသော ကျောင်းမှာ
 (၆)  ကျောင်းဟု ရခိုင်ဒေသခံများက အရေအတွက်ကို လျော့ချ ပြောကြားသော်လည်း
ယနေ့ထုတ် The Daily Star သတင်းစာတွင်  ရာမူးမြိုနယ် တစ်ခုတည်း၌ မီးရှို့ဖျက်ဆီးခံခဲ့ရသော ကျောင်းမှာ ၁၂ ကျောင်း ထိ ရှိပြီး အများစုမှာ ရှေးရခိုင်များ တည်ဆောက်ထားခဲ့သော ဘုန်းတော်ကြီးကျောင်းနှင့် သိမ်များ ဖြစ်ကြသည်။

ယခု မီးရှို့ခံရသော ကျောင်းများကို ပြန်လည် တည်ဆောက်ပေးမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားသော်လည်း ယဉ်ကျေးမူ အနုပညာများလက်ရာများ
တည်ရှိရာ အဆောက်အဦးများ ဖြစ်သဖြင့် အစားထိုးမရသော ဆုံးရှုံးမူကြီး တစ်ရပ် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

အဆိုပါ ကျောင်းများထဲတွင် တချို့ကျောင်းများမှာ နှစ်ပေါင်း ၂၅၀ ခန့် ကြာမြှင့်နေပြီ
 ဖြစ်သည်ဟု ဆိုသည်။

ယခု လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် အတိုက်အခံ ဘီအန်ပီ ပါတီမှ အဆိုပါ တိုက်ခိုက်
မူကို ရှုတ်ချလိုက်ပြီး ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်
 ဖြစ်ကြောင်း ပြောဆိုသည်။

သို့သော်လည်း အစိုးရနှင့် အတိုက်အခံအကြားတွင်  ဗုဒ္ဓဘာသာကျောင်းများနှင့်
 မိသားစုများ တိုက်ခံ ခံရမူ အပေါ်  တစ်ဘက်နှင့် တစ်ဘက် ပြစ်တင် ဝေဖန်လျှက်
ရှိနေကြသည်။

ဒေသခံများ၊ နိုင်ငံရေး သမားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကမူ  ယခု တိုက်ခိုက်မူကို
အစွန်းရောက် စစ်သွေးကြွ များနှင့် ရိုဟင်ဂျာများက နောက်ကွယ်က  လုံဆော်
လုပ်ဆောင်သည်ဟု  သံသယ ဖြစ်နေကြောင်း ယနေ့ထုတ် The Daily Star
က ပြောသည်။

ယခုအခါ အဖမ်းအဆီးများ ရှိနေပြီး ပိုတီယာတွင် တိုက်ခိုက်သူ ၂၆ ဦးကို ရဲက
ဖမ်းဆီးခဲ့သည်။
 ယခုအခါ နေရာအတော်များများတွင် လူစု လူဝေး မလုပ်ရဟု တားမြစ်ထားပြီး
 အမိန့်မနာခံသူများကို ပစ်ခတ်သွားရန် အမိန့်ထုတ်ထားသည်ဟု ဆိုသည်။

ယခု အရေးအခင်းမှာ ဘာသာရေး လူမျိုးရေး အဓိဂရုဏ်း မဟုတ်ဘဲ ဆူပူလိုသူများမှ
တိုင်းပြည် တည်ငြိမ်ရေးကို မလိုလားသဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့
သတင်းပြန်ကြားရေး ၀န်ကြီး မစ္စတာ အီနုရ်က သတင်းထောက်များသို့ ပြောသည်။

ဘင်္ဂလာဒေခ်ျ့ ပြည်သူအများစုက ယခုကဲ့သို့ ငြိမ်းချမ်းစွာ နေထိုင်သော လူနည်းစု
ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မူကို မလိုလားကြကြောင်း
သိရသည်။

တိုက်ခိုက်မူ အတွင်း ထောင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်များမှာ ဘေးလွှတ်ရာသို့
ထွက်ပြေးခိုလုံခဲ့ကြရပြီး အများစုကို စိတ်ကောင်း စေတနာကောင်းရှိသူ
မွတ်ဆလင် ဘင်္ဂလီများက နေအိမ်များတွင် ခိုလုံခွင့်ပေးထားခဲ့ကြောင်း
သိရသည်။

ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်ခံရစဉ် အတွင်း ရွာကြီးဘက် ကျောင်းဆရာတော်ကို
သူနှင့် ရင်းနှီးသူ မွတ်ဆလင် ဘင်္ဂလီ လူငယ် တစ်စုက ကယ်တင်ကာ ဆရာတော်အား ၎င်းတို့နေအိမ်တွင် နေရာချပေးထားကြောင်း ဆရာတော်က နိရဉ္စရာသို့
 မိန့်ကြားသွားသည်။

နိရဉ္စရာသတင်းဌာန

တောင်းရမ်းစားသောက်သည့် ကလေးများ၏ နောက်ကွယ်မှ ထိန်းသည့်သူများကို အဓိက ဖမ်းဆီးသွားမည်


မန္တလေးမြို့တော် စည်ပင်သာယာရေး
 ကော်မတီနယ်နိမိတ်အတွင်းတောင်းရမ်း
စားသောက်သည့် ကလေးများ၏ နောက်
ကွယ်မှ ထိန်းသည့်သူများကို

အဓိကဖမ်းဆီးရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်
မတီ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

"မန္တလေးမှာ တောင်းရမ်းစား သောက်သူပပျောက်ရေးကို စီမံချက်ရေးပြီး
ဆောင်ရွက်ရမှာပါ။ ရန်ကုန်မှာက လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်မှာရှိတဲ့ 
သက်ဆိုင်ရာဌာနတွေကို အသက်အပိုင်းအခြားအလိုက် အပ်နှံသွားတာကို
 လေ့လာတွေ့ရှိရပါတယ်။ 
မန္တလေးအနေနဲ့ကတော့ အနာကြီးရောဂါသည်တွေကို မတ္တရာမြို့နယ်က 
အနာကြီးရောဂါဆေးရုံကို ပို့လို့ရပါတယ်။ ကျန်ဖမ်းဆီးရမိသူတွေကိုတော့ 
ကျန်းမာရေးဌာနက အသက်အပိုင်းအခြားအလိုက် သတ်မှတ်ပြီး လူမှုဝန်ထမ်း
ဦးစီးဌာနကို ပို့ဆောင်ရပါမယ်။ နောက်ကွယ်က ထိန်းတဲ့သူတွေကို အဓိကဖမ်းရ
ပါ မယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

တောင်းရမ်းစားသောက်သူများကို တရားစွဲဆိုရန် စည်ပင်သာယာ ဥပဒေတွင် မပါရှိသဖြင့် တောင်းရမ်းစားသောက်သူများ ရှင်းလင်းပပျောက်ရေး ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ အရေးယူပိုင်ခွင့်ရှိသည့် မြို့နယ်ရဲ
တပ်ဖွဲနှင့် မြို့နယ်တရားရုံးများ၏ ပူးပေါင်းပါဝင်မှုနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ 
ပူးပေါင်းပါဝင်မှုလည်း လိုအပ်ကြောင်း သိရသည်။

"အရင်တုန်းက တောင်းရမ်း စားသောက်တဲ့သူတွေ၊ ကလေးတွေကို စည်ပင်သာယာရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးခြံတွေမှာ အလုပ်ပေးပါတယ်။ ဒါပေမယ့်သူတို့တွေက ထွက်ပြေးကြတယ်။ နောက်ပြီးမိဘတွေ ကိုယ်တိုင်က တောင်းခိုင်းတာတွေရှိတယ်။
 နောက်ကွယ်က ခိုင်းတာတွေ လည်းရှိတယ်။ ဒါတွေကို အရေးယူပိုင်ခွင့်စည်ပင်မှာ 
မရှိပါဘူး။ 
 ဒါ့ကြောင့် အရေးယူပိုင်ခွင့်ရှိတဲ့ ဌာနတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုအပ်ပါတယ်
"ဟု သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

ယခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း
တောင်းရမ်းစားသောက်သူ ပပျောက်ရေးကို စတင်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ
၂၄ ရက်နေ့က ၃၅ လမ်း ခုံးကျော်တံတားတွင်တောင်းရမ်းစားသောက်သူနှစ်ဦးအား 
အမှတ်(၈)ရဲ စခန်းမှ ရဲအက် ၄၀ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

Eleven Media Group

အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ်

 ၅၂ အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၅၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


စစ်တွေတွင်အမျိုးသမီးများ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အာဏာပိုင်များ တားမြစ်


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီးဦးရေ
၂၀၀ လောက်က ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်ခွင့် လျှောက်ထားခဲ့ရာမှာ
အဲဒီအမျိုးသမီးတွေကို အာဏာပိုင်တွေ
ဘက်က မနေ့က ခေါ်ယူတွေ့ဆုံပြီး

တားမြစ်လိုက်ပါတယ်။

အဲဒီအမျိုးသမီးတွေက ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စီတန်းလှည့်လည်ခွင့်
 ရရှိဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က စတင်လျှောက်ထားခဲ့ပြီး မြို့
နယ်ရဲစခန်းက ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို အကြောင်းပြကာ အဲဒီနေ့မှာပဲ
ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ၂၇ ရက်နေ့မှာ ပြည်နယ်ရဲစခန်းမှူးဆီကို ဆက်လက်အယူခံ
ဝင်ရောက်ခဲ့ရာမှာလည်း မနေ့ နေ့လည်ပိုင်းက အမျိုးသမီးတွေကို ခေါ်
ယူတွေ့ဆုံပြီး အချိန် ၂ ပတ်ဆိုင်းငံ့ကာ ကန့်သတ်မှုတွေ ပြုလုပ်လိုက်တာ
 ဖြစ်တယ်လို့ ဦးဆောင်သူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ညိုအေးက RFA
 ကိုပြောပါတယ်။

"အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ဘက်က နည်းနည်းလေး ကသိကအောင့်
 ဖြစ်တာပေါ့လေ။ အမှန်တကယ်က ကျွန်မတို့က ငြိမ်းချမ်းစွာ စီတန်းလှည့်
လည်ခွင့်ကို ကျွန်မတို့မှာ ဒီကဥပဒေပိုင်းဆိုင်ရာ အကုန်လုံး မငြိဖို့အတွက်
 ပွင့်လင်းမြင်သာမှုရှိအောင် လုပ်လိုက်တာ။ 

အဲဒီ ၂ ပတ် အတွင်းမှာ သူတို့က ဘယ်နေ့မဆို သူတို့က အကြောင်းပြန်နိုင်
တယ်ပေါ့နော်။ ကျွန်မတို့မှာ အချက်အလက်တွေ အားလုံးဟာ ပြည်ထောင်
စုပြိုကွဲရေးမူ တစ်ခုမှ မပါဘူး"

အာဏာပိုင်တွေဆီကို လျှောက်ထားတဲ့အချက်တွေထဲမှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး
အတွက် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို လိုက်နာလေးစားပါ၊ မြန်မာ့ပြည်တွင်းရေးကို OIC ဝင်မစွက်နဲ့၊ မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊ မြန်မာ့အမျိုးသမီးများဘဝ
လှပလုံခြုံမှုရှိပါစေ စတဲ့ စာတန်းတွေပါဝင်တဲ့ စာတန်း ၈ ခုထဲက တစ်ချို့ကိုလည်း အာဏာပိုင်တွေဘက်က ပြန်လည်ပြင်ဆင် လျှောက်ထားဖို့ ပြောဆိုခဲ့တယ်လို့
 ဒေါ်ညိုအေးက ပြောပါတယ်။


RFA (မြန်မာပိုင်း)

အာဖဂန်မှာ သေဆုံးသူ အမေရိကန်စစ်သား ၂၀ဝ၀ ရှိပြီ


အာဖဂန် ပဋိပက္ခတွေ အတွင်း အမေရိကန်
စစ်သားတွေ သေဆုံးရမှုဟာ အခုဆိုရင်
အယောက် ၂၀ဝ၀ ရှိသွားပြီ ဆိုတာကို
အမေရိကန် အရာရှိ တဦးက အတည်ပြု
 ပြောကြား လိုက် ပါတယ်။


အခုနောက်ဆုံး ဖြစ်ပျက်ခဲ့တဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် တဦးရဲ့ တန်ပြန် တိုက်
ခိုက်မှု တခုကြောင့် သေဆုံးသွားတဲ့ အမေရိကန် စစ်သားတဦး ဟာ အယောက် ၂၀ဝ၀ မြောက် သေဆုံးသူ ဖြစ်ပါတယ်။

ဝါးဒက်ခ် ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သားတဦးနဲ့ အရပ်သားတဦး သေဆုံးသွားခဲ့ တာပါ။ဒီနှစ်ထဲ အာဖဂန် စစ်သားတွေရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင် အရေအတွက်ဟာ အခုအချိန်
အထိဆိုရင် အယောက် ၅၀ ကျော်သွားပြီ ဖြစ်ပါ တယ်။

အခုလို ကိုယ့်အတွင်း လူတွေရဲ့ တန်ပြန် တိုက်ခိုက်မှုတွေ များလာတာကြောင့် ဒီလ
အစောပိုင်း ကတော့ နေတိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အာဖဂန် တပ်ဖွဲ့တွေနဲ့  ပူးတွဲ
ကင်းလှည့် တာတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။


BBC( မြန်မာပိုင်း)

တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်မှာ လူအများအပြား ဒဏ်ရာရ


ဂျပန်နိုင်ငံ အိုကီနာဝါ တောင်ပိုင်းဒေသ
တလျှောက်မှာ မီးတွေပျက်ပြီး ဒါဇင်နဲ့ ချီတဲ့
လူတွေကို ဒဏ်ရာစေခဲ့တဲ့ အားပြင်းတဲ့
တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ အခု ဂျပန်

ကုန်းတွင်းပိုင်း ကို အင်အားပြင်းထန်စွာနဲ့ ၀င်ရောက် တိုက်ခတ် နေပါတယ်။ 

တနင်္ဂနွေနေ့ ကုန်းတွင်းပိုင်းကို ၀င်ရောက်ချိန်မှာ ပြင်းအား တနာရီကို မိုင် ၆၀ ကျော်နှုန်းနဲ့ တိုက်ခတ်နေပြီး မြောက်ဘက်ကို ဆက်လက် ရွေ့လျား နေတာမို့  တိုကျိုမြို့တော်ကို  ဖြတ်သွားမယ် လို့ မျှော်လင့်ရပါတယ်။

အိုကီနာဝါကို မုန်တိုင်း ဖြတ်သန်းနေချိန်မှာ မုန်တိုင်းဒဏ်ကြောင့် အမျိုးသားတဦး ပင်လယ်ထဲ မျောပါ သွားခဲ့သလို လူပေါင်း ၁၄၀ ကျော် လောက်လည်း ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဂျပန် NHK သတင်း မှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံ အလယ်ပိုင်းက နာဂိုရာ (Nagoya) မြို့မှာ ရေလွှမ်းမိုးမယ့် အန္တရာယ် ရှိနေတာမို့ ဒေသခံ ၅ သောင်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ မီးမရဘဲ နေနေရပါတယ်။

တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ တနင်္လာနေ့ အစောပိုင်းမှာတော့ ပစိဖိတ် သမုဒ္ဒရာထဲကို ဦးတည်ရွေ့သွားဖို့ ရှိပြီး ကုန်းတွင်းပိုင်းက မထွက်ခင်မှာ ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသကို ဖြတ်သန်းသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။


VOA (မြန်မာပိုင်း)

တိဘက်ဒေသ လွတ်မြောက်ရေး မီးရှို့ဆန္ဒပြသူသေဆုံး


တရုတ်အစိုးရရဲ့ အုပ် စိုးမှုကို ဆန့်ကျင်တဲ့
အနေနဲ့ နိုင်ငံ အနောက်ဘက် Qinghai
 ဒေသမှာ တိဘက် အမျိုးသားတဦး ကိုယ့်ကိုယ်
ကို မီးရှို့အဆုံးစီရင် သွားတဲ့အတွက် လုံခြုံရေး

 တင်းကျပ်ထားတယ်လို့ တိဘက်လှုပ်ရှားသူ အသိုင်း
အ၀ိုင်းက ပြောပါတယ်။

Yushu တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာရှိတဲ့ Zadoi မြို့နယ်မှာ
 စနေနေ့က အဆုံးစီရင်မှု ဖြစ်ပွားခဲ့တာလို့လည်း ဗွီအိုအေကို
 ပြောပြခဲ့ကြတာပါ။

အသက် ၂၇ နှစ် အရွယ်ရှိ Yungdung ဆိုသူဟာ တိဘက်ရိုးရာ ၀တ်စုံကို
ဝတ်ဆင်ပြီး တရုတ်ဈေး ဆိုင်တွေရှေ့ ဖြတ်လျှောက်ပြီး မီးရှို့သတ်သေခဲ့တာလို့
Yushu ဒေသခံတွေနဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒရမ်ဆလာအရပ်က တိဘက်
အရေး လှုပ်ရှားသူ အသိုင်းအ၀ိုင်းက ပြောပါတယ်။

 မသေမီမှာ တိဘက်ဒေသ လွတ်မြောက်ရေးနဲ့ တရုတ်အစိုးရဟာ တိဘက် ဘာသာရေးကို
ဖျက်ဆီးနေတယ် ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အခုသေဆုံးမှုနဲ့ပါဆိုရင် ၂၀၀၉ ခုနှစ် ကတည်းက တရုတ်နိုင်ငံ တိဘက်ဒေသမှာ
ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ လူပေါင်း ၅၂ ယောက်အထိ ရှိသွားပါပြီ။ ဒီအထဲမှာ
၄၂ ယောက် ကတော့ သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း အဝေးရောက် တိဘက်အစိုးရက ပြောပါတယ်။

VOA (မြန်မာပိုင်း)

န့ခင်း၌ သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိန်၊ရွှေများ ဖောက်ထွင်းခံရ

 ရန်ကုန်၊ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့ တော်၊ မရမ်ကုန်းမြို့ နယ်၊ အိမ်အမှတ် ၅၊ ရပ်ကွက် ၂၊ ဒေးဗစ်ရွှေနုလမ်းတွင် စက်တင်ဘာလ ၂၈ ရက်နေ့က အိမ်ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း ယင်းအိမ်ရှင်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

“မနက် ၉နာရီခွဲလောက်မှာ ခိုးခံရတယ်။ ကာလတန်ဖိုး အနေနဲ့ သိန်းသုံးထောင်ကျော်လောက်ရှိတယ့် စိန်ရယ် ရွှေရယ် ပါသွားတယ်။ အခု အမှုဖွင့်ထားပါတယ်” ဟု၎င်း ကဆိုသည်။

The Voice Weekly


ပြည်ပရောက်မြန်မာများ နိုင်ငံထူထောင်ရေး ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

 အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ မနေ့ မနက်ပိုင်းက ကယ်လီ ဖိုနီးယားပြည်နယ် ဆန်ဖရန် စစ္စကိုမြို့နဲ့ အနီးတစ်ဝိုက်က မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က ဆန်ဖရန်စစ္စကို တက္ကသိုလ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ်။

လက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှ သဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှ သဘာဝ ကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ကို စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမယ့် လှုပ်ရှားမှုတစ်ခုကိုလည်း အဲဒီအခမ်းအနားမှာ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပသည့် လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှ သဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။

သံဃနာယကအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် လူ့ အခွင့်ရေး ချိုးဖောက်မှု

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် မြို့နယ် သံဃနာယက ဆရာတော်များမှ အဓမ္မ၀ါဒ မိုးပြာဂိုဏ်းဖြစ်သည့် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာကို စွန့်လွှတ်ရန်နှင့် မစွန့်လွှတ်ပါက ဗဟိုသို့ပို့ရမည်ဟု ပြောဆိုသည့် အတွက် ဦးခင်မောင်သိန်းဆိုသူမှ မစွန့်လွှတ်နိုင် ပါကြောင်းနှင့် ထိုသို့ မစွန့်လွှတ် နိုင်ယုံသာမက ၄င်းတို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာမှ နှုက်ထွက်ပြီး ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာကိုသာ သက်ဝင်ယုံကြည်သူများ ဖြစ်ကြကြောင်း ပြောဆိုပါသည်။ ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးညာဏ

သုည"အဆင့်သို့ ရောက်ရှိနေသည့် မော်လမြိုင် မြို့ တော်

 မွန်ပြည်နယ်သည် ယခင်က တတိယမြို့ တော် အဆင့်တွင် ရှိသောမြို့ တစ်မြို့ ဖြစ်ပါသည်။ အခုအခါတွင် စည်းကမ်းမရှိသော ချစားဝန်ထမ်းများကြောင့် မော်လမြိုင်မြို့ တော်မှာ "သုည"အဆင့်သို့  ရောက်ရှိနေပါသည်။

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အချိန်မီ မပြီး၍ မြိတ် - မောတောင် လမ်းဖောက်လုပ်ခွင့် ယုဇနကုမ္ပဏီ ရုပ်သိမ်းခံရ

 ရန်ကုန်၊ စက်တင်ဘာ ၃၀

ယုဇနကုမ္ပဏီက ဖောက်လုပ်နေ သော မြိတ်-တနင်္သာရီ-မောတောင် လမ်းစီမံကိန်း လမ်းပိုင်းအချို့ ကို သတ်မှတ်အချိန်မီမပြီးစီး၍ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဦးသန်းအောင်က ပြောကြား သည်။

ယုဇနကုမ္ပဏီသည် မောတောင် လမ်းစီမံကိန်းအတွက် လွန်ခဲ့သည့် ၂ နှစ် ခန့်ကတည်းက လုပ်ကိုင်ခ
ွင့်ရထားသော် လည်း လုပ်ငန်းအကောင်အထည်ဖော် ရာတွင် တိုးတက်မှုမရှိသည့်အတွက် B.O.T ကိုပြန်ရုပ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။

တည်ဆောက်ဆဲတနင်္သာရီ-မြိတ် လမ်းပိုင်းကို ပြန်လည်လုပ်ကိုင်ခွင့်ပေး ရန် ယုဇနကုမ္ပဏီကပြန်လည်တောင်းဆို သည့်အတွက် လုပ်ကိုင်ခွင့်ပေးခဲ့ပြီး တနင်္သာရီ-မောတောင်လမ်းပိုင်းအတွက် မြိတ်ခရိုင်ကုန်သည်ကြီးများအသင်းကို လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း ဝန်ကြီး ဦးသန်း အောင်ကဆိုသည်။

''လုပ်လက်စလေးတွေလည်းရှိ ထားတယ်။ အချိန်မီပြီးအောင်လုပ်ပေး မယ်ဆိုလို့ ပြန်ပေးတာ'' ဟု ဦးသန်းအောင် ကရှင်းပြသည်။

မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းကိုလာမည့် ၂ဝ၁၂ ဒီဇင်ဘာလ တွင်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် မောတောင်လမ်းကို ဒီဇင်ဘာလ အမီအပြီး ဖောက်လုပ်ရမည်ဖြစ်သည်။

Dawei Watch


စစ်တွေမြို့မှာ အမျိုးသမီးတွေ ဆန္ဒဖော်ထုတ်ခွင့် တားမြစ်ခံရ

 ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီး ဦးရေ ၂၀၀ လောက်က ငြိမ်းချမ်းရေး အတွက် စီတန်းလှည့်လည်ခွင့်လျှောက်ထားခဲ့ရာမှာ အာဏာပိုင်တွေဘက်က မနေ့ကခေါ်ယူတွေ့ဆုံပြီး တားမြစ်လိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စီတန်းလှည့်လည်ခွင့်ရရှိဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က စတင်လျှောက်ထားခဲ့ပြီး မြို့နယ်ရဲစခန်းက ပုဒ်မ-၁၄၄ ညမထွက်ရ အမိန့်ကို အကြောင်းပြကာ အဲဒီနေ့မှာပဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

၂၇ ရက်နေ့မှာ ပြည်နယ်ရဲစခန်းမှူးဆီကို ဆက်လက် အယူခံ ဝင်ရောက်ခဲ့ ရာမှာလည်း မနေ့ကနေ့လည်ပိုင်းက အမျိုးသမီးတွေကို အဲသည်လိုခေါ်ယူတွေ့ဆုံပြီး အချိန် ၂ ပတ်ဆိုင်းငံ့ကာ ကန့်သတ်မှုတွေပြုလုပ်လိုက်တာ
ဖြစ်တယ်လို့ ဦးဆောင်သူအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ညိုအေးက RFA ကိုပြောပါတယ်။

"အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ဘက်က နည်းနည်းလေး ကသိကအောင့်ဖြစ်တာပေါ့လေ။ အမှန်တကယ်က ကျွန်မတို့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ကျွန်မတို့မှာ ဒီကဥပဒေပိုင်းဆိုင်ရာ အကုန်လုံး မငြိဖို့အတွက် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်လိုက်တာ။ အဲဒီ ၂ ပတ် အတွင်းမှာ သူတို့က ဘယ်နေ့မဆိုသူတို့က အကြောင်းပြန်နိုင်တယ်ပေါ့နော်။ ကျွန်မတို့မှာ အချက်အလက်တွေအားလုံးဟာ ပြည်ထောင်စုပြိုကွဲရေးမူ တစ်ခုမှမပါဘူး"

အာဏာပိုင်တွေဆီကို လျှောက်ထားတဲ့ အချက်တွေထဲမှာ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို လိုက်နာလေးစားပါ၊ မြန်မာ့ပြည်တွင်းရေးကို OIC ဝင်မစွက်နဲ့၊ မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊ မြန်မာ့အမျိုးသမီးများဘဝ လှပလုံခြုံမှုရှိပါစေ စတဲ့ စတန်းတွေပါဝင်တဲ့ စာတန်း ၈ ခုထဲက တစ်ချို့ကိုလည်း အာဏာပိုင်တွေ ဘက်က ပြန်လည်ပြင်ဆင်လျှောက်ထား ဖို့ပြောဆိုခဲ့တယ် လို့သိရပါတယ်။

RFA Burmese

ဘင်္ဂလာဒေ့ရှ် Cox's Bazaar မှာ ဘုန်းကြီးကျောင်းအချို့ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက Cox’s Bazaar မှာ အခု တနင်္ဂနွေနေ့ အစောပိုင်း ဒေါသဖြစ်နေကြတဲ့ ရာနဲ့ချီတဲ့ မူစလင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ငါးကျောင်းနဲ့ အိမ်အချို့ကို မီးတင်ရှို့ခဲ့ကြပါတယ်။ Facebook လူမှုကွန်ယက်မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဓာတ်ပုံတပုံကို ဗုဒ္ဓဘာသာဝင်တဦးက ဖော်ပြခဲ့တာမို့ မူစလင်တွေဘက်က ဒေါသဖြစ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အဲဒီ Cox’s Bazaar မှာရှိတဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင် တဦးဟာ မူစလင်တွေ အထွဋ်အမြတ် ထားတဲ့ ကိုရမ်ကျမ်းစာကို မထေမဲ့မြင်လုပ်တဲ့ ဓာတ်ပုံ ဖော်ပြခဲ့တယ်လို့ အကြမ်းဖက်မှုမှာ ပါဝင်နေတဲ့ ဒေါသထွက်နေတဲ့ မူစလင်တဦးက ပြောပါတယ်။

စနေနေ့ ညနေပိုင်းကတည်းက ဒီအတွက် မူစလင်တွေ အဲဒီမှာ ဆန္ဒပြခဲ့ကြတာပါ။ အခု တနင်္ဂနွေနေ့မှာပဲ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီလို့ ရဲတပ်ဖွဲ့ကတော့ ပြောပါတယ်။ အဖမ်းအဆီးနဲ့ အထိအခိုက် သတင်းတွေတော့ မရသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)


စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်

ထားဝယ်၊ စက်တင်ဘာ ၂၄

ကုန်းမြေချဲ့ရန် သဲအမြဲစတေ လိုအပ်နေသော မြို့ပြကျွန်းနိုင်ငံ စင်ကာပူ သဲသယ်ယာဉ်များ ထားဝယ်မြစ်ဝ အထိ ခြေဆန့်ကာ သဲလာရောက်ဝယ်ယူရန် ရှိကြောင်း သဲတင်ပို့မည့် ကျော်ကျော်ဖြိုးကုမ္ပဏီ ထံမှ သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်းမှ ကော့သောင်းဒေသတွင် သဲတူးဖော်ဝယ်ယူနေသော စင်ကာပူသဲတင် သင်္ဘောများသည် မြောက်ဘက် မိုင်လေးရာခန့်အကွာရှိ ထားဝယ်မြစ်ဝအထိ ခရ
ီးဆန့်လာခြင်းဖြစ်သည်။

ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေး သောင်တူးသည်အနေဖြင့် ကျော်ကျော်ဖြိုး ကုမ္ပဏီမှ သဘောင်္ ရှစ် စင်း ဖြင့် သဲတူး၊ သဲသယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယခုလနောက်ဆုံးအပတ်တွင် စင်ကာပူမှ သဲဝယ်ယူမည့် သင်္ဘောရောက်ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယင်းကုမ္ပဏီသည် ယင်းလုပ်ငန်းများကို ထားဝယ်မြစ်ဝရှိ ကျောက်နီမော်နှင့် ဆင်ဖြူပြင်ကျေးရွာအကြားတွင် လုပ်ကိုင်ခွင့်ရရှိထားပြီး လုပ်ငန်းလည်ပတ်ရန်အတွက် အကြိုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ကျော်ကျော်ဖြိုး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သဲတူးယူမှုကြောင့် ကမ်းပါးပြိုမှု ပိုများလာနိုင်ပြီး ပင်လယ်ဆားငန်ရေများ လယ်ယာမြေများအတွင်း ၀င်ရောက်လာကာ လယ်ယာမြေများ မဖြစ်ထွန်းတော့မည်ကို ယင်းမြစ်ကမ်းအနီး နေထိုင်သော ဒေသခံအချို့က စိုးရိမ်လျက်ရှိသည်။

“သဲတူးယူသွားလို့ ချောင်းနက်လာရင် ကမ်းပြိုတာတွေ ပိုများလာမယ် ” ဟု ယင်းမြစ်ကမ်းအနီး တီတွတ်ပြင်ရွာမှ အသက် ၅၀ အရွယ် လယ်သမား တစ်ဦးက ၎င်း၏ အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောဆိုသည်။

ရာမည သောင်တူး သဘောင်္တစ်စီးသည် ပြီးခဲ့သည့် ၁၀ နှစ်ကျော်က ဆင်ဖြူပြင်ဆိပ်ကမ်းအ၀င် လမ်းကြောင်းတွင် သဘောင်္များ ၀င်ထွက်လွယ်ကူစေရေးအတွက် သောင်တူးဖော်ပြီး တူးယူရရှိသည့် သဲ၊ နှုန်းမြေများကို အိမ်ရှေ့ပြင်ကျေးရွာအနောက်ဘက်ကမ
်းရှိ သောင်မဲကျွန်းတွင် စုပုံခဲ့သည်ဟု ဆင်ဖြူပြင် ကျေးရွာမှ ဒေသခံများက ဆိုသည်။

ထားဝယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာတွင်ရှိသည့် ဆင်ဖြူပြင် ဆိပ်ကမ်းသည် ထားဝယ်ဒေသသို့ လာရောက်သော သင်္ဘောကြီးများ အဓိက ဆိုက်ကပ်ရာ နေရာတစ်ခုဖြစ်သည်။

ထိုအချိန်က သောင်တူးခဲ့ခြင်းကြောင့် တီတွတ်ပြင် ကျေးရွာ ကမ်းခြေအနီးရှိ တောင်သူများနှင့် ရေလုပ်သားများ အသုံးပြုနေသော ရေတွင်းအချို့ ဆားငန်ရေ ၀င်သွားသည့်အတွက် ပျက်စီးခဲ့ကြောင်း၊ ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ ပြေးဆွဲနေသော ကမ်းရိုးတန်းအမြန်ယာဉ်များ စတင်ပြေးဆွဲလာချိန်တွင် ကမ်းပြိုမှု ပိုမိုများလာကြောင်း ယင်းကျေးရွာများမှ ဒေသခံများက ပြောဆိုသည်။

သောင်တူးသည့်အခါ ကမ်းပါးလျှောစောက်အား တစ်အချိုး၊ သုံး နှင့် လေး အကြားထားရှိလျှင် အကောင်းဆုံးဖြစ်ပြီး ယင်းသို့ ထားခြင်းဖြင့် ကမ်းပါးပြိုမှု နှင့် ကမ်ပါး နှင့် ကပ်ပြီး ရေစီးဆင်းမှုများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှုး ဦးဝင်းအောင်က ရှင်းပြသည်။

“ကမ်းပါးစောက်ရင် ကမ်းပြိုမှုဖြစ်နိုင်တယ်။ ကမ်းပါးရေကပ် စီးရင် ကမ်းပြိုမှု ဖြစ်နိုင်တယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

လွန်ခဲ့သည့် ၁၀နှစ်က သောင်တူးခြင်းကြောင့် ငါးစားကျက်များ ပျက်စီးခဲ့ပြီး ငပိပြုလုပ်ရန် ပုစွန်ငယ်များရှာဖွေရရှိမှုမှာ ခြောက်ပုံတစ်ပုံအထိ ကျဆင်းသွားကြောင်း တီတွတ်ပြင်ကျေးရွာမှ ရေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ရှင်းပြသည်။

ကုန်မြေတိုးချဲ့ရန် အလွန်အမင်း လိုအပ်နေသော စင်ကာပူသည် ကမ္ဘောဒီးယားနိုင်ငံမှ သဲအလွန်အမင်း ၀ယ်ယူခဲ့သောကြောင့် ဂေဟဗေဒစနစ် ပျက်စီးသည်ဟုဆိုကာ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဝေဖန်မှုကို ခံခဲ့ရဖူးသည်။

“လှေတွေလည်း သွားလို့ရအောင် ကမ်းပါးလည်း မပြိုအောင် လုပ်ပေးစေချင်တယ် ” ဟု အိမ်ရှေ့ပြင် ရပ်ကွက်မှ အသက် ၆၄ နှစ်အရွယ် ဦးစံယုက ဆိုသည်။

ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေးမည်ဆိုသည့် အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေး ၀န်ကြီး ဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ကျော်ကျော်ဖြိုး ကုမ္ပဏီ နှင့် စင်ကာပူနိုင်ငံက ITPM ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ကာ အသုံးပြု၍ရမည့် သဲများကို စင်ကာပူကို တင်ပို့မည်ဖြစ်ပြီး စီမံချက်ကာလ ၅ နှစ်ဖြစ်သည်။

Dawei Watch

စင်္ကာပူမှ သဲစုတ်ရေယာဉ်များ

ဒေသခံများ တိုင်ကြားချက်အရ ရပ်/ကျေး အုပ်ချူပ်ရေးမှုးအချို့ ပြန်လည် ရွေးချယ်

 ထားဝယ်၊ စက်တင်ဘာ ၂၅

ဒီမိုကရေစီနည်းလမ်းမကျဟု ဒေသခံများက တိုင်ကြားလာပါက လက်ရှိ အုပ်ချူပ်နေသည့် ကျေးရွာ အုပ်ချူပ်ရေးမှုး ပြန်လည်စီစစ်ပြီး ရွှေးချယ်ခန့်ထားလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အုပ်ချူပ်ရေးမှုးရုံးထံမှ သိရသည်။

ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေ ထွက်ရှိပြီးသည့် အချိန်မှ စ၍ ကျေးရွာလူထု၏
လိုအပ်ချက်အပေါ်တွင် မူတည်ကာ ဒီမိုကရေစီ နည်းလမ်းတကျ ပြုန်လည် စိစစ်ခန့်ထားပြီး ထားဝယ် ခရိုင်အတွင်းတွင် ယင်းသို့ ပြန်လည် ရွေးချယ်ခန့်အပ်သည့် အုပ်ချူပ်ရေးမှုး ၇ ဦးခန့်ရှိပြီ ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။

“ရွာတွေက တိုင်စာတက်လာရင် စီစစ်ပြီး လိုအပ်ရင် ပြန်ရွေးပေးပါတယ် ” ဟု ထားဝယ်ခရိုင် အုပ်ချူပ်ရေးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နဘုလယ်ဒေသ၊ ထိန်ကြီးကျေးရွာ အုပ်စု ၊ မယင်းကြီးကျေးရွာတွင် ဒေသခံများ၏ တောင်းဆိုမှုအရ ကျေးရွာ အုပ်ချူပ်ရေးမှု အဖွဲ့ဝင် (ရာအိမ်မှုး ) အား စက်တင်ဘာလအတွင်းက ဒီမိုကရေစီနည်းလမ်းတကျ ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့သည်။

မယင်းကြီးကျေးရွာကို ထိန်ကြီးကျေးရွာမှ တွဲဖက် အုပ်ချူပ်သည်။

အဆိုပါ ကျေးရွာအုပ်ချူပ်ရေး အဖွဲ့ဝင် ရွေးချယ်နိုင်ရန် ကျေးရွာအတွင်းရှိ အများပြည်သူကြည်ညိုလေးစားကာ သြဇာတိက္ကမ ရှိသည့် ရပ်မိရပ်ဖ ငါးဦးအား ရပ်/ကျေး ဥပဒေနှင့်အညီ အများဆန္ဒဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရွှေးချယ်ကာ ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းကာ တာဝန်ပေးအပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အသစ်ပြဌာန်းလိုက်သည့် ကျေးရွာ အုပ်ချူပ်ရေးမှုးဥပဒေ ၏ အခန်း (၄)ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချူပ်ရေးမှုး ခန့်ထား တာဝန်ပေးခြင်းအခန်း ၊ ပုဒ်မ (၈) အရ မြို့နယ်အုပ်ချူပ်ရေးမှုးသည် ကြီးကြပ်ရေးအဖွဲ့မှ တင်ပြသည့် အမည်စာရင်းပါ ပုဂ္ဂိုလ်အား ရပ်ကျေးဥပဒေတွင် ပြဌာန်းထားသည့် အုပ်ချူပ်ရေးမှုးတစ်ယောက်တွင် ရှိရမည် အရည်အချင်းများနှင့် ပြည့်စုံပါက ခရိုင် အုပ်ချူပ်ရေးမှုး၏ အတည်ပြုချက်ကို ယူပြီး ရွှေးချယ် ခန့်ထားရမည်ဖြစ်သည်။

“ ရွာလူကြီးကို အရင်ကဆို အထက်ကရွေးပြီး အုပ်ချူပ်ဖို့ တာဝန်ပေးတယ်။ အခု ကိုယ့်ဘာသာကိုယ် ရွာလူကြီးကို ရွှေးချယ်ရလို့ ပိုကောင်းတယ်” ဟု အသက် ၆၇ နှစ်အရွယ် ဦးထွန်းသီးက ဆိုသည်။

ကျေးရွာ အုပ်ချူပ်ရေးမှုးအား ယခုကဲ့သို့ ကိုယ်တိုင်ရွှေးချယ်သည်ကို ကျေနပ်ကြောင်း၊ ရပ်ရွာ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘာသာရေး ကဏ္ဍများတွင် သွက်လက်စွာ ဆောင်ရွက်နိုင်သူဖြစ်ပြီး ရပ်ရွာကို အကျိုးပြုသူ ဖြစ်စေလိုကြောင်း၊ လိုအပ်ချက်ရှိလျှင်လည်း ၀ိုင်းဝန်း ပြုပြင်တည့်မတ်ပေးနိုင်မည်ဖြစ်ကြောင်း ရပ်ရွာအရေး ကိစ္စများတွင် ၁၁ နှစ် ခန့် လုပ်ကိုင်ခဲ့ဖူးသည် ဦးလှိုင်က ဆိုသည်။

ရပ်ကွက် ကျေးရွာ အုပ်ချူပ်ရေမှုး ဥပဒေကို ရွာသူရွာသားတွေ နားလည်သိရှိအောင် အရင်ရှင်းပြ ပြောပြပေးရန်လိုအပ်ပြီး ရွှေးချယ်မှု အဆင့်ဆင့်တွင် အုပ်ချူပ်ရေး အပိုင်းမှ ၀င်ရောက် မစွက်ဖက်ရန်လိုကြောင်း မယင်းကြီးကျေးရွာ အုပ်ချူပ်ရေးအဖွဲ့ဝင် ရွှေးချယ်ပွဲကို စောင့်ကြည့်လေ့လာခဲ့သည့် ထားဝယ် ၈၈ မျိုးဆက် ဦးကျော်ကျော်သက်က မှတ်ချက်ပြုသည်။

“အုပ်ချူပ်ရေးပိုင်းက ၀င်ပြီး စွက်ဖက်မှုရှိရင် မျှတတဲ့ ရွှေးချယ်မှု ဖြစ်မှာ မဟုတ်ဘူး” ဟု ဦးကျော်ကျော်သက်က ဆိုသည်။

နိုင်ငံပြုပြင် ပြောင်းလဲရေးကို အောက်ခြေ အဆင့်အထိ မြှင့်တင်ရန် ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

မြို့နယ် ဖွံ့ဖြိုးရေး အစီအမံ တိုင်းတွင် အုပ်ချူပ်မှု ဆိုင်ရာ စီမံခန့်ခွဲမှုများကို ဗဟို ချုပ်ကိုင်မှု လျော့ချပြီး ဥပဒေ စည်းမျဉ်းဖြင့်သာ ထိန်းကျောင်း၍ ပြည်သူများ အတွက် သိသာ ထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်စေရန် ယင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေး ဥပဒေအား ၂၀၁၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြဌာန်းခဲ့သည်။

Dawei Watch


ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား

နယူးယောက်၊ စက်တင်ဘာ ၃၀

ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသော ကြေးနီတောင် စီမံကိန်းသည် ပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်ဆိုပါက ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တော် တွင် ပြုလုပ်သော မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ဒေသခံများ၏ ရေရှည် ဘ၀ အာမခံချက် မရှိခြင်း၊ သဘာဝတ်ဝန်းကျင် စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှု အားနည်းခြင်း တို့ကြောင့်ဟုဆိုကာ ဒေသခံများက စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို နေချိန်တွင် သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် ပြန်လည် သုံးသပ်နိုင်ပြီး ထိုသို့ ရုပ်သိမ်း နိုင်ကြောင်း သမ္မတရုံး ၀န်ကြီးလည်းဖြစ်သူ ဦးစိုးသိန်းက ပြောကြားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို လုပ်ဆောင်သော ကုမ္ပဏီများ အနေနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ရှိနိုင်ပြီး လူမှု တာဝန် ယူမှု ပစ်ပယ် ထားခြင်း ကြောင့်လည်း ယင်းသို့သော ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်နိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။

"ဒီပြဿနာ ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်နဲ့ ခြောက်လကတည်းက အမြဲပြောနေတယ်။ သို့သော်လည်း ဖြစ်တယ်"ဟု ဦးစိုးသိန်းက ဆိုသည်။

ဒေသခံ များသည် မူလက သက်ဆိုင်ရာ လျှော်ကြေးငွေများကို ကြည်ဖြူစွာ ရယူခဲ့သော်လည်း နောက်ပိုင်းတွင် လျှော်ကြေးငွေ တိုးတောင်းခြင်း စသည့် ပြဿနာများ ရှိလာပြီး စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆို လာကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်က ပြောဆိုထားသည်။

"ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေး အင်အားစု တွေပါလာလို့ သွေးထိုးလှုံ့ဆော်လို့ဖြစ်ရတာပါ"ဟု ၄င်းကဆိုသည်။

လုပ်ဆောင် နေသော ကုမ္ပဏီများအနေနှင့် လူမှုတာဝန်ယူမှုကို ကောင်းမွန်စွာ လုပ်ဆောင်ပါက ဒေသခံများ၏ ထောက်ခံမှုရရှိနိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။

"ကျွန်တော် ထင်တာတာ့ Error (အမှား) ရှိတယ်"ဟု ၎င်းကဆိုသည်။

သမ္မတကြီး၏ အမိန့်ဖြင့် ပြန်လည် သုံးသပ်နိုင်ကြောင်း ဦးစိုးသိန်းက ပြောဆို သော်လည်း ပြန်လည် သုံးသပ်ခြင်း၊ မသုံးသပ်ခြင်း များဆက်လက်ပြုလုပ်မည်ကိုမူ သဲကွဲစွာပြောဆိုခြင်းမရှိပေ။

ယင်းစီမံကိန်းကို မြန်မာ့စီးပွားဦးပိုင်လီမီတက်နှင့် တရုတ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီ ဟုဆိုသော ၀မ်ပေါင် တို့ ပူးတွဲလုပ်ကိုင်လျက်ရှိသည်။

The Voice Weekly


နယူးယောက်မြန်မာမိသားစုနဲ့ ၀န်ကြီးဦးစိုးသိန်းတို့ တွေ့ဆုံပွဲကို ပရိသတ် ၁၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြပါတယ်။ (စက်တင်ဘာ ၂၉၊ ၂၀၁၂)။ ဓါတ်ပုံ - BBC Burmese

သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံပွဲ

 စက်တင်ဘာ ၂၉ က သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံပွဲမှာ အဝေးရောက် မြန်မာတွေ သိသင့်တဲ့ မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ အခုအခံတွေအကြောင်း ၀န်ကြီးဦးစိုးသိန်းရဲ့ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း တင်ပြ ရှင်းလင်းချက်တွေကို နားဆင်နိုင်ပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ


လက်ပန်တောင်း စီမံကိန်း ရပ်ဆိုင်းရန် သမ္မတကြီးထံ တောင်းဆိုမည်


လက်ပန်တောင်းတောင် ကြေးနီ ထုတ်လုပ်မှု
 စီမံကိန်း ရပ်ဆိုင်းရန် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း
 တော်ဝင်နှင်းဆီ ခန်းမ၌ ယနေ့ ကျင်းပသည့်
လက်ပန်တောင်းနှင့် ချင်းတွင်းအလှ 

ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လာသည့် ပညာရှင်များနှင့် လက်ပန်တောင်းတောင် အနီးရှိ ဒေသခံအချို့ပြောကြားသည်။

လက်ပန်တောင်းတောင် စီမံကိန်းတွင် ဖြစ်ပေါ်နေသော ပြသာနာများကြောင့်
 ယင်းသို့ တောင်းဆို ရခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာ
သည့် ECO DEX မှဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောဆိုသည်။

"နိုင်ငံတော် အသစ်ကို တကယ်သွားတော့မယ် ဆိုရင် ပြည်သူ့ အသံ ပြည်သူ့ဆန္ဒ
ကို နားထောင်ဖို့ လိုတယ်။ ဒါ့ကြောင့် ဒီနေ့ ပြည်သူ့ဆန္ဒကို ထုတ်ဖော် လိုက်တာပဲ"
ဟုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလုပ်ဆောင်နေသည့်
 ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။

ယခုကဲ့သို့သော ဖြစ်ရပ် ကြုံရခြင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များ အနေနှင့်
၎င်းတို့ ထုတ်ပြန်ထားသော ဥပဒေများကို ၎င်းတို့ကိုယ်တိုင် လိုက်နာမှုမရှိခြင်းကြောင့်သာ ဖြစ်သည်ဟု ရှေ့နေများ ကွန်ယက်မှတရား
လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုသည်။

"ဒီစီမံကိန်းကြောင့် ရွာတွေရွှေ့ပြောင်းရတယ်။ ကျွန်တော်တို့ ဒီလိုနေလို့ မရတော့ဘူး။
ရွာသူရွာ သားတွေ အတွက် အကူအညီပေး ရမယ်၊ ကာကွယ်ပေး ရမယ်"
ဟု၎င်းကဆိုသည်။

တော်ဝင်နှင်းဆီခန်းမ၌ ယနေ့ကျင်းပသည့် လက်ပန်တောင်းနှင့် ချင်းတွင်း အလှကာကွယ် ထိန်းသိမ်းရေး နှီးနှော ဖလှယ်ပွဲသို့ ၈၈မျိုးဆက်ကျောင်းသားများ၊ လက်ပန်တောင်းတောင်
 စီမံကိန်းအနီးရှိ ၀က်မှေးရွာ၊ ကံကုန်းရွာ၊ ဆည်တည်းရွာများမှ ရွာသားများ၊ စပယ်တောင်ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသော စီမံကိန်းအင်ဂျင်နီယာ ဦးအောင်ကျော်ဇံနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ မြန်မာနိုင်ငံရှေ့
 နေကွန်ယက်မှ အဖွဲ့ဝင်များ အပါအ၀င် လူငါးရာခန့် တက်ရောက်ခဲ့ကြပြီးလက်ပန်
 တောင်းတောင် စီမံကိန်းရပ်ဆိုင်ရန် လက်မှတ်ထိုးခဲ့ကြသည်။


The Voice Weekly

ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား


ဒေသခံများ အပြင်းအထန် ကန့်ကွက်
နေသော ကြေးနီတောင် စီမံကိန်းသည်
 ပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်ဆိုပါက
 ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့


 ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အမေရိကန် ပြည်ထောင်စု၊
 နယူးယောက်မြို့တော် တွင် ပြုလုပ်သော မြန်မာ မိသားစုများနှင့်
 တွေ့ဆုံပွဲတွင် ပြောကြားသည်။

ဒေသခံများ၏ ရေရှည် ဘ၀ အာမခံချက် မရှိခြင်း၊ သဘာဝတ်ဝန်းကျင်
 စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှု အားနည်းခြင်း တို့ကြောင့်ဟုဆိုကာ
 ဒေသခံများက စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို
 နေချိန်တွင် သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် ပြန်လည် သုံးသပ်နိုင်ပြီး ထိုသို့ ရုပ်သိမ်း
 နိုင်ကြောင်း သမ္မတရုံး ၀န်ကြီးလည်းဖြစ်သူ ဦးစိုးသိန်းက ပြောကြားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို လုပ်ဆောင်သော ကုမ္ပဏီများ အနေနှင့် သဘာဝ ပတ်ဝန်းကျင်
ထိခိုက်မှု ရှိနိုင်ပြီး လူမှု တာဝန် ယူမှု ပစ်ပယ် ထားခြင်း ကြောင့်လည်း ယင်းသို့သော ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်နိုင်ကြောင်း ဦးစိုးသိန်းက
သုံးသပ်သည်။

"ဒီပြဿနာ ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်နဲ့ ခြောက်လကတည်းက
 အမြဲပြောနေတယ်။ သို့သော်လည်း ဖြစ်တယ်"ဟု ဦးစိုးသိန်းက
 ဆိုသည်။

ဒေသခံ များသည် မူလက သက်ဆိုင်ရာ လျှော်ကြေးငွေများကို ကြည်ဖြူစွာ ရယူခဲ့သော်လည်း နောက်ပိုင်းတွင် လျှော်ကြေးငွေ တိုးတောင်းခြင်း စသည့် ပြဿနာ
များ ရှိလာပြီး စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆို လာကြောင်း မြန်မာ့ စီးပွားရေး
ဦးပိုင်လီမီတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်က ပြောဆိုထားသည်။

"ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေး အင်အားစု တွေပါလာလို့ သွေးထိုး
လှုံ့ဆော်လို့ဖြစ်ရတာပါ"ဟု ၄င်းကဆိုသည်။

လုပ်ဆောင် နေသော ကုမ္ပဏီများအနေနှင့် လူမှုတာဝန်ယူမှုကို ကောင်းမွန်စွာ လုပ်ဆောင်ပါက ဒေသခံများ၏ ထောက်ခံမှုရရှိနိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။

"ကျွန်တော် ထင်တာတာ့ Error (အမှား) ရှိတယ်"ဟု ၎င်းကဆိုသည်။

သမ္မတကြီး၏ အမိန့်ဖြင့် ပြန်လည် သုံးသပ်နိုင်ကြောင်း ဦးစိုးသိန်းက ပြောဆို
 သော်လည်း ပြန်လည် သုံးသပ်ခြင်း၊ မသုံးသပ်ခြင်း များဆက်လက်ပြုလုပ်မည်ကိုမူ သဲကွဲစွာပြောဆိုခြင်းမရှိပေ။

ယင်းစီမံကိန်းကို မြန်မာ့စီးပွားဦးပိုင်လီမီတက်နှင့် တရုတ်လက်နက် ထုတ်
လုပ်ရေးကုမ္ပဏီ ဟုဆိုသော ၀မ်ပေါင် တို့ ပူးတွဲလုပ်ကိုင်လျက်ရှိသည်။


The Voice Weekly

ကချင်ပြည်နယ်နှင့် ရှမ်းပြည် ဒုက္ခသည်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၈သန်း လိုအပ်နေ


၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် ဖေဖော်
ဝါရီလအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်
နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ဒုက္ခ
သည်များ အတွက် လိုအပ်ချက်များကို


 ဖြည့်ဆည်းနိုင်ရန် အမေရိကန်ဒေါ်လာ ၃၅ ဒသမ
 ၈ သန်းလိုအပ်သည်ဟု ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှု
ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ကုလ
အဖွဲ့အစည်းများ၊ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများ
ပူးတွဲလုပ်ဆောင်ထားသည့် Kachin Response Plan အရ သိရသည်။

၂၀၁၂ ခုနှစ်အတွင်း နယ်မြေ မတည်ငြိမ်မှုများကြောင့် ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်မြောက်ပိုင်း တွင်ရွှေ့ပြောင်းနေထိုင်ရသူဦးရေမှာ ပြီးခဲ့သည့်
ဇူလိုင်လအထိ တိုးလာနေပြီး ၎င်းတို့အတွက် ကူညီထောက်ပံ့မှုများမှာ
၂၀၁၃ခုနှစ်အထိ လိုအပ်နေဦးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရက
 ပြောကြားခဲ့သည်ဟု သိရှိရသည်။

အထောက်အပံ့ ပစ္စည်းများတွင် ဦးစားပေးအဖြစ် အစားအစာထောက်
ပံ့ပေးမှု၊ အသက်မွေးမှုဖန်တီးပေးမှု၊ အစားအသောက် မဟုတ်သော
ပစ္စည်းများထောက်ပံ့မှု၊ စခန်းများ ဆောက်လုပ်ပေးမှု၊ ကျန်းမာရေးနှင့်
အာဟာရထောက်ပံ့မှု၊ ရေသန့်ရှင်းမှု များဆိုင်ရာ အထောက်အပံ့
များပေး အပ်မှု၊ ပညာရေးအတွက် သင်ကြား ရေးပစ္စည်းများ
 ထောက်ပံ့ပေးမှုနှင့် ယာယီကျောင်းများ ဆောက်လုပ်ပေး မှု၊
 ကလေးသူငယ်များဆိုင်ရာကာ ကွယ်စောင့်ရှောက်မှုတို့ကို
လုပ်ဆောင် ပေးရန်ဖြစ်သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ အလှူရှင်အဖွဲ့
အစည်း အသီးသီးမှ လူသားချင်းစာနာ ထောက်ထားသည့် အစီအစဉ်များ
အတွက် အမေရိကန် ဒေါ်လာ ၂၁ သန်း ရရှိထားပြီး ဖြစ် ကြောင်း
အဆိုပါထုတ်ပြန်ချက်အရ သိရသည်။



 အဆိုပါငွေကြေးကို Response Plan ၏ဦးစားပေး အစီအစဉ်များအတိုင်း
အသုံးချပြီးဖြစ်သည်ဟု ဆိုသည်။

ဒုက္ခသည်များအတွက် ငွေကြေး လိုအပ်မှုတွင် အစားအသောက်အတွက်
လိုအပ်မှုက အများဆုံးဖြစ်ပြီး အမေ ရိကန်ဒေါ်လာ ၁၄၃ သိန်းကျော်
ရှိနေကြောင်း အစီအစဉ်ထုတ်ပြန်မှုအရ သိရသည်။

မိုးရာသီကာလအတွင်း တွင် ကျိုးပျက်နေသော တံတားများနှင့် ရေကြီး
မှုများကြောင့် ဒုက္ခသည် စခန်းများသို့ အထောက်အပံ့ပစ္စည်း များပေး
အပ်ရန် စိန်ခေါ်မှုများရှိနေ ကြောင်းလည်း သိရသည်။

စက်တင်ဘာလအတွင်း ကွင်းဆင်းလေ့လာမှုများအရ ဒုက္ခသည်စခန်းများတွင်
 နေထိုင်သူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး အသက်
၁၈ နှစ် အောက်ကလေးများ က ၅၀ ရာခိုင်နှုန်း ရှိနေသည်ဟု သိရသည်။

ဒုက္ခသည်စခန်းများတွင် ဆေးဝါးရှားပါးမှု၊ ခြင်ထောင်ရှားပါးမှုများနှင့် ကြုံတွေ့နေရပြီး မကြာခဏ ဖြစ်ပွားသည့် ရောဂါများတွင် ၀မ်းရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ကြောင်း အစီအစဉ် တင်ပြချက်
အရ သိရသည်။


Eleven Media Group

အိမ်ခြေ၂၀၀ကို ကျူးကျော်အဖြစ် သတ်မှတ်ဖျက်သိမ်းသည့် အတွက် မိသားစု ၃၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေ


နေပြည်တော်ပျဉ်းမနားမြို့နယ် ဥယျာဉ်စု
အုပ်စု ဦးကျေးရွာနှင့် အိုးဖိုရွာရှိ လူနေ
အိမ်ခြေ ၂၀၀ ကို ကျူးကျော်အဖြစ်
သတ်မှတ်ဖျက်သိမ်းခဲ့ သည့်အတွက်


 မိသားစု ၃၀၀ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း
သတင်းရရှိသည်။

အဆိုပါဖျက်သိမ်းခံရသည့် ကျေးရွာများသည် ၁၉၇၄ ခုနှစ်ခန့်မှစ၍ နေ
ထိုင်ခဲ့ကြပြီး ၂၀၀၈ ခုနှစ်တွင် လယ်ယာမြေပေါ်တွင် ကျူးကျော်နေထိုင်
သည်ဟုဆိုကာ ပထမဆုံးအကြိမ်အဖြစ် တရားစွဲခဲ့ပြီး အသနားခံစာ
တင်ခဲ့သည့်အတွက် ပြေလည်သွားခဲ့ကြောင်း သိရသည်။

 ယခုတစ်ကြိမ်တွင်မူ လယ်ယာမြေကျူးကျော် ပုဒ်မ ၄၈(က)ဖြင့် ၂၀၁၂ ခုနှစ်
ဇူလိုင်လတွင် တရားစွဲဆိုပြီး ဖျက် သိမ်းခိုင်းခဲ့ကြောင်း သိရှိရသည်။

'' ကျွန်တော်တို့နေလာတာ နှစ် ၄၀ကျော်လာပါပြီ။ ဒီမြေဟာ လယ်ယာမြေမှန်း
လည်း မသိပါဘူး။ ဘိုးဘွားစဉ်ဆက် နေလာတာဆိုတော့ တရားစွဲခံရမှ
လယ်ယာမြေမှန်း သိတာပါ။

ဒီမြေဟာ သဲသောင်ကြီးဖြစ်နေတော့ ဘာသီးနှံမှစိုက်လို့ မရပါ ဘူး။ အခု သူတို့
တရားစွဲတာက အိမ် ခြေ ၂၀၀ လုံးရှိ အိမ်ထောင်ဦးစီးတွေကို တစ်ပြိုင်တည်း
စွဲဆိုတာမဟုတ်ဘဲ ငါးယောက်တစ်ခါ၊ ခုနစ် ယောက်တစ်ခါ စသည်ဖြင့်
တရားစွဲပါတယ်။

တရားသူကြီးကဒီအမှုဟာ ငွေဒဏ်လည်းသတ်မှတ်လို့မရဘူး။ဖျက်မိန့်လည်း
 ပေးလို့မရဘူး။ ထောင်ဒဏ်ပဲရှိတယ်လို့ပြောပြီး ရုံးချိန်းတိုင်း အိမ်
ကိုဖျက်ခိုင်းနေတယ်။

လက်ရှိမှာတော့ ကျွန်တော်တို့ရွာက ဦးဝင်းနိုင်ဆိုသူကို အိမ်မဖျက်ပေး
လို့ ထောင်သုံးလချလိုက်တယ်။ ကိုယ့်သဘောနဲ့ကိုယ် ဖျက်ပါတယ်ဆိုတဲ့
လက်မှတ်ကိုလည်းတရားရုံးမှာ လက်မှတ်ထိုးရပါတယ်'' ဟု ဦးကျေးရွာ
မှ ဦးတင်ဦးက ပြောပြခဲ့သည်။

ဆက်လက်၍ ဦးကျေးရွာ မှ ဒေါ်ခင်မာလွင်ကလည်း'' ကျွန်မတို့ အိမ်တွေဖျက်ပေးလိုက်ရတော့ လျော်ကြေးလည်းမရပါဘူး။



 နေဖို့ မြေနေရာလည်း အစားပြန်မရလို့ နေဖို့ခက်ခဲနေပါတယ်။ ကလေးတွေ စာကျက်ဖို့ နေရာဆိုတာလည်းမရှိဘူး။ သွားနေစရာနေရာမရှိလို့ ဖျက်
ထားတဲ့နေရာမှာပဲ ဘယ်နှရက်နေပါဦးမယ်ဆိုတဲ့ ၀န်ခံကတိနဲ့
 နေနေရပါ တယ်။

ကျွန်မတို့ ရွာသားတွေကတော့ နေဖို့နေရာလေး သတ်မှတ်ပေးစေ
ချင်ကြပါတယ်။ ဒါမှလည်း ကျောင်းသားတွေအတွက်လည်း
အဆင်ပြေမယ်။ နေစရာလည်းရှိမယ်။ ကျောင်းသားဦးရေက နှစ်ရွာပေါင်း
၁၀၀ ကျော် လောက်ရှိတယ်။

အစမ်းစာမေးပွဲကိုလည်း အခက်အခဲတွေကြောင့် မဖြေနိုင်ကြဘူး'' ဟု ခံစားနေ
ရမှုများကို ရင် ဖွင့်ခဲ့သည်။

ယင်းကျေးရွာများသည် ဥယျာဉ်စုအုပ်စုနယ်မြေ  ၂ ဟု သတ်မှတ်ထားပြီး ပုံစံ ၁၀၊
ပုံစံ ၆၆ များရရှိထားပြီး စည်ပင်သာယာသို့လည်း နှစ်စဉ်အခွန်ပေးဆောင်ထားရကာ
၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ ဖျက်သိမ်းနေပြီး အိမ်ခြေ ၅၀ခန့်
ဖျက်သိမ်းပြီးဖြစ်ကြောင်း သိရှိရသည်။


Eleven Media Group

ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော

 မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ အဲဒီ တွေ့ ဆုံ မေးမြန်း ခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ ပြည်သူ လူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘီဘီစီ အင်္ဂလိပ်ပိုင်း နဲ့ တွေ့ ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်

"ခိုးဝင် ဘင်္ဂါလီလေးဦးကို သံတွဲတွင်ဖမ်းမိ"



သံတွဲမြို့တွင်း နှစ်နေရာခွဲ၍ ၀ှက်ထားသော
 ခိုးဝင်လာသူဟု ယူဆရသူ ဘင်္ဂါလီ
လူမျိုး အမျိုးသမီး သုံးဦး၊ အမျိုးသား
တစ်ဦး စုစုပေါင်းလေးဦးကို ပြီး


ခဲ့သော စက်တင်ဘာ (၂၆)ရက်နေ့က ဖမ်းဆီးရရှိခဲ့သည်ဟု သံတွဲဒေသခံ
တစ်ဦးက Coral Arakan အား ပြောကြားခဲ့သည်။

၎င်းခိုးဝင်သူများအားတင်ဆောင်လာသည့်စက်လှေသည် ရမ်းဗြဲမြို့နယ်
 ကျော်က်နီမော် မှ သံတွဲမြို့နယ် ခြံပြင်ကျေးရွာသစ်စက်တွင် တစ်ထောက်
နားခဲ့ကာ၊ သဲတွဲမြို့သို့ ရောက်ရှိလာခြင်ြး့ဖစ်သည်။

အဆိုပါလေးယောက်အနက် မိန်းကလေးနှစ်ယောက်ကို ဒွာရာဝတီကွက်သစ်၊
(က)ရပ်ကွက်၊ (၅)လမ်းတွင် ၀ှက်ထားခဲ့ပြီး၊ ကျန်ကိုယ်ဝန်သည် မိန်းကလေး
တစ်ယောက် နှင့် အမျိုးသားတစ်ယောက်ကိုမူ သံတွဲမြို့တွင်း မဟာဗန္ဓုလ
လမ်းပေါ်ရှိ အိမ်တစ်ဆောင်မှ ဖမ်းဆီးရရှိမိခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

၎င်းတို့အား ခိုးသွင်းလာခဲ့သော စက်လှေပေါ်မှ  အမျိုးအမည်မသိ ပစ္စည်းများပါရှိ
သည့် ရေခဲပုံးလေးပုံးကို ဖမ်းဆီးရမိခဲ့သော်လည်း ယင်းအကြောင်းနှင့် ပတ်
သက်၍ ပြည်သူ့ရဲများဘက်က ဘာမှ ပြောကြားခြင်းမရှိဟုလည်း ဒေသခံအချို့
က ပြောကြား သည်။

ယခင်က သံတွဲမြို့ပေါ်တွင် ရခိုင်ဓလေ့ထုံးတမ်းစဉ်လာကို ခံယူကျင့်သုံးသော
ကမန်လူမျိုး မူဆလင်ဘာသာဝင်များသာ ရှိခဲ့စဉ်က သံတွဲဒေသခံများနှင့် သင့်သင့်မြတ်မြတ်ရှိခဲ့ကြသော်လည်း၊ ဘာသာရေးဘက်ကို ပိုမိုပြင်းထန်သော
ဘင်္ဂါလီ မူဆလင်များ စိမ့်ဝင်ရောက်ရှိရောနှောလာသည့်အချိန်မှစကာ တိုင်းရင်း
သားမဆန်သည့် ဓလေ့ထုံးတမ်းများကို တင်သွင်းကာ အားပြုကျင့်သုံးကြရာမှ
 ဒေသခံများနှင့် ဘင်္ဂါလီမူဆလင်များအကြား တင်းမာမှုရေချိန်အားကောင်းလာခဲ့ရ
သည်ဟု ဆိုသည်။

သောင်းကြွယ် ရေးသားသည်။

 Coral Arakan News

ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊


ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီး
အတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေ
မှုကြောင့် စစ်ဆေးအရေးယူမှုများ ယခင်
ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်

ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။

သြဂုတ်လ ၂၉ ရက်နေ့မှ စက် တင်ဘာလ ၂၅ ရက်နေ့အထိ  ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၉ ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့သော ဖြစ်စဉ်မှာ  ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းပူးပေါင်း စစ်ဆေးရေး ဂိတ်၌ စစ်တွေမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတွင် ဘင်္ဂါလီလူမျိုး ၁၄ ဦးတို့အား စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်စက်တင် ဘာလ ၂၄ ရက်နေ့တွင် မရမ်းကုန်း မြို့နယ်၊ ဦးဗဟန်လမ်းရှိ နေအိမ်တစ်အိမ်သို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ အရှုက္တူရီ(၁၈)နှစ် ဘင်္ဂါ လီ/အစ္မလာမ်၊ မင်းပြားမြို့နယ်ရခိုင် မြို့နယ်နေသူ တရားဝင်ခရီးသွားလာခွင့်ပြုချက် ယာယီသက်သေခံ လက်မှတ်များ ပါရှိခြင်းမရှိဘဲ ခရီးသွား လာနေထိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်နှင့် တိုင်းအသီးသီးသို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်ရာတွင် ဆက်စပ်သော လမ်းပိုင်းများ၌ ဌာနအသီးသီးမှ တာဝန်ရှိသူများမှာ ယခုထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ  ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ရိုးသားစွာ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း
အလားတူစက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၁၀  မိနစ် အချိန်တွင် လှည်းကူးမြို့နယ် အမြန် လမ်းမကြီး တိုးဂိတ်မိုင်တိုင်အမှတ် ၁ မိုင်၎ဖာလုံတွင်သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စုံစမ်းစဉ် မကွေးမြို့မှ ရန်ကုန်မြို့သို့ ၀င်ရောက်လာသော ခရီးသည်တင်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဘင်္ဂါလီလူမျိုး လေးဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိ ရသည်။

ယင်းကဲ့သို့ တရားမ၀င်သော နည်းလမ်းမျိုးစုံဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ ဘင်္ဂါလီ လူမျိုး များ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက “အခုလ ပိုင်း တွေမှာ ရန်ကုန်တိုင်းထဲကို ဘင်္ဂါလီ လူမျိုးတွေ နည်းလမ်းမျိုးစုံနဲ့မကြာခဏ လိုဝင်နေကြတယ်။ ဒီကိစ္စတွေ ကိုတော့ စစ်ဆေးအရေးယူမှု ပြုလုပ်နေပါတယ်။

တရားမ၀င်နည်းလမ်းတွေနဲ့ ၀င်လာတဲ့ ဘင်္ဂါလီလူမျိုးအားလုံးကို မလွတ်အောင် စစ်ဆေးအရေးယူဖို့ဆိုတာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ဖို့ ခက်ခဲတယ်။ ဒါပေမယ့် ပြည်သူတွေအနေ နဲ့အမျိုးသားရေးအသိစိတ်ဓာတ်ထား ပြီး မသင်္ကာတာတွေတွေ့ရင် နီးစပ် ရာရဲစခန်းကိုအကြောင်းကြားဖို့ လိုပါတယ်။

 ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ရောက်ဖို့ဆိုတာ ကြားထဲမှာရှိတဲ့ ပြည် နယ်နှင့် တိုင်းတွေကို ဘယ်လိုနည်း လမ်းမျိုးတွေနဲ့ ဖြတ်ကျော်လာတယ် ဆိုတာကိုတော့ စဉ်းစားစရာပါပဲ။ဘင်္ဂါလီလူမျိုးတွေက  သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လာဘ်ပေးလာဘ် ယူလုပ်ပြီးတော့ ၀င်လာတာဖြစ်နိုင် သလို၊တာဝန်ကျတဲ့ သူတွေမသိအောင် ခိုးဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။

 ပြည်သူတွေအနေနဲ့ ပါဝင်ကူညီမယ် ဆိုရင်တော့ ဒီထက်ပိုပြီး အရေးယူ မှုတွေပြုလုပ်နိုင်မှာပါ”ဟုသုံးသပ်ပြော  ကြားခဲ့သည်။

ထို့ပြင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရုံးအဖွဲ့ မှူးဖြစ်သူဦးသန်းနိုင်ထွန်းက “တိုင်း ဒေသကြီးတွေ နဲ့ပြည်နယ်ဒေသတွေ ကို ဆက်စပ်သွားလို့ရတဲ့လမ်းကြောင်း တွေမှာ အထူးစီမံချက်တွေ ချမှတ်ပြီး တော့ တရားမ၀င်နည်းမျိုးစုံနဲ့သွား နေကြတဲ့ ဘင်္ဂါလီတွေကို ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ဆေးပြီးတော့ အရေး ယူဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။

ကျွန်တော်တို့ဌာနကစစ်ဆေးရေးဂိတ် တွေမှာတာဝန်ကျတဲ့ ၀န်ထမ်းတွေတရား မ၀င်နည်းလမ်းတွေနဲ့ ၀င်ရောက်လာ သူတွေကို လာဘ်ပေးလာဘ်ယူလုပ် ပြီးတော့ လွှတ်ပေးခဲ့တာတွေကိုလည်း စစ် ဆေးပြီးတော့ အရေးယူမှုတွေ ပြု လုပ်နေပါတယ်။

 ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေက ကုန်းလမ်းကလာတဲ့ အခါမှာစစ်ဆေးရေး ဂိတ်မရောက်ခင် သူတို့က ကားပေါ်ကဆင်းပြီး တော ထဲက လမ်းလျှောက်တယ်။ပြီးတော့ မြို့ထဲကို ၀င်ကြတယ်။

 ဒီလိုသွားလာ လို့ရတဲ့နေရာတွေအကုန်လုံးမှာလည်း ပိတ်ဆို့စစ်ဆေးမယ်ဆိုရင်တော့ တရားမ၀င်ဝင်ရောက်လာမှုတွေကို ပိုမိုထိ ရောက်အောင် တားဆီးနိုင်မယ်လို့ ထင်ပါတယ်”ဟုသုံးသပ်ပြောကြားခဲ့သည်။

ဘင်္ဂါလီလူမျိုးများမှာ ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ် နှင့် တိုင်းအသီးသီးသို့ တရားမ၀င် နည်းလမ်းမျိုးစုံဖြင့်ဝင်ရောက်ရာတွင် ဆက်စပ်သောလမ်းပိုင်းများ၌ ဌာန အသီးသီးမှ တာဝန်ရှိသူများမှာ ယခု ထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ် စွာဆောင်ရွက်ရန်လိုအပ်သည့် အပြင် ရိုးသားစွာလုပ်ဆောင်ရန်လည်း လို အပ်ကြောင်း ရုံးအဖွဲ့မှူး ဦးသန်းနိုင် ထွန်းက ဆက်လက်ပြောကြားခဲ့ သည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့တွင် တရားမ၀င်ဝင်ရောက်လာ သောဘင်္ဂါလီလူမျိုးများကို ၁၉၄၉ ခုနှစ်ပြည်ထောင်စုမြန်မာနိုင် ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)(၃)ဖြင့်လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား ယင်းဥပဒေပုဒ်မ ၆(၂)(၃)/ ၁၁၄ အရလည်းကောင်း၊ စက်တင် ဘာလ ၂၄ ရက်နေ့တွင် တရားမ၀င် ၀င်ရောက်နေထိုင်၍ စစ်ဆေးတွေ့ရှိရ သောဘင်္ဂါလီလူမျိုးကို ဘုရင့်နောင်ရဲ စခန်း(ပ) ၅၅၁/၂၀၁၂ ၊ ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆ (၂)ဖြင့်လည်းကောင်း၊ စက် တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ဆေး တွေ့ရှိခဲ့သော ဘင်္ဂါလီလူမျိုးများကို လှည်းကူးရဲစခန်း(ပ)၄၃၁/၂၀၁၂၊ ပုဒ်မ ၃၆၇ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ယခုအရေးယူမှုများပြုလုပ်ထားသည့် တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသော ဘင်္ဂါလီ လူမျိုးများကို စစ်ဆေးလျက်ရှိပြီး အဆိုပါကဲ့သို့ ဆက်စပ်သည့် ဖြစ်စဉ်များကိုလည်း
 ဖော်ထုတ်နို င်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 Eleven Media Group

ဘင်္ဂလားဒေ့ခ်ျ့  နိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း မီးရှို့ခံရ


ဘင်္ဂလားဒေ့ခ်ျ့နိုင်ငံရှိ ရခိုင်များနေထိုင်သော ပင်းဝါမြို့ ကုလားအခေါ်(ရာမူး)ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း မီးရှို့ခံရ အသေးစိတ်ကိုကြည်ရှုရန်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။
Buddhist temples, homes burned, looted in Ramu

ရာမူး (ပန်းဝါ)မှ ဘုန်းကြီးကျောင်း တစ်ကျောင်း

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။

ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။

ယခုတိုက်ခိုက်မူသည် မွတ်ဆလင်တို့၏ အထွတ်မြတ်ထားရာ ကိုရမ် (Quran) အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် စတင်ဖြစ်ပွားသည်ဟု ဆိုသည်။

ကော့စ်ဘဇားခရိုင် ရဲမင်းကြီး Selim Mohammed Jahangir အဆိုပါ တိုက်ခိုက်ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ရဲအဖွဲ့မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ သို့သော်မြို့စွန် အနား ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု သတင်းက ရေးသည်။

ယခုအခါ ရဲတပ်ဖွဲ့ဝင်များကို ရဲတပ်ဖွဲ့ဝင်များဖြင့် ဗုဒ္ဓဘာသာများ နေထိုင်ရာများကို လုံခြုံရေး တင်းကျပ်လိုက်ပြီဟု ဆိုသည်။

အများဆုံး မီးရှို့ခံရသော နေရာမှာ ရာမူးမြို့မှ (၅) မိုင်ခန့်ဝေးသော Mithhachharhi Bonbihar တွင်ဖြစ်သည်ဟု နိတိ ဘရာဝါ က ပြောသည်။

အမြင့်ပေ ၁၀၀ ရှိသော တည်ဆောက်နေဆဲ ဗုဒ္ဓရုပ်ထုတော် တစ်ဆူလည်း ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ယခု တိုက်ခိုက်မူမှာ မွတ်ဆလင် ဘာသာရေး အစွန်းအဖွဲ့များမှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ဖျက်ဆီးခံရရာတွင် ရခိုင်များ ကိုးကွယ်နေသော ရွာကြီးဘက်ကျောင်းလည်း ပါဝင်ပြီး အဆိုပါ ကျောင်းကို တခြား လူနေအိမ်များကိုပါ မီးကူးစက်မည်ကို စိုးရိမ်သဖြင့် မီးရှို့ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရာမူး (ပန်းဝါ)တွင် ရခိုင် ဗုဒ္ဓဘာသာ နေအိမ်များလည်း တည်ရှိရာ တစ်စုံတစ်ရာ တိုက်ခိုက်ခဲ့ခြင်း မရှိဟု သိရသည်။


နိရဉ္စရာ 

မြန်မာ့ဆက်သွယ်ရေး၏ ညံဖျင်းလှသော ကြိုးဖုန်းဝန်ဆောင်မှု


၂၀၀၉-ခုနှစ်က မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ ကြိုးဖုန်း တစ်လုံး ၀ယ်ယူခဲ့ရာ ထိုစဉ်က နှစ်ဆယ့်တစ်သိန်းကျပ် ပေးရပါသည်။
စတင်အသုံးပြုသည့် အချိန်မှ စ၍


ယနေ့တိုင်အောင် အခွန်ငွေတောင်းခံလွှာ လာပို့ခြင်း အလျှင်း မရှိခဲ့ပါ။

သုံးစွဲသူကသာ အခွန်ငွေ သွားမဆောင်လျှင် ဖုန်းလိုင်းပိတ်ပစ်မှာ စိုး၍ မိမိသွင်း
ထားသော ငွေပမာဏ ဘယ်ရွေ့ဘယ်မျှလောက် ကျန်ဦးမလဲ ဟု မှန်းဆပြီး သွားရောက်ပေးဆောင်ခဲ့ရပါသည်။

၂၇၊၇၊၂၀၁၂ နေ့က အခွန်ငွေ တစ်သောင်း သွားရောက်ပေးဆောင်ခဲ့ပါသည်။
ထိုအချိန်က လက်ကျန်ငွေ ၅၉၆၄-ကျပ် ကျန်နေသေးသဖြင့် ထပ်သွင်းငွေ
တစ်သောင်းနှင့် ပေါင်းပါက ၁၅၉၆၄-ကျပ် ဖြစ်၍ မကုန်လောက်သေးဘူး ထင်ပြီး
 ငွေထပ်မသွင်းပဲ နေခဲ့ရာ၊ ၂၈၊၉၊၂၀၁၂ နေ့တွင် ဘာမှ အကြောင်းကြားအသိပေးခြင်း
မရှိဘဲ ဖုန်းလိုင်းကို ပိတ်ပစ်ခဲ့ပါသည်။

သို့ဖြစ်၍ ၂၉၊၉၊၂၀၁၂ (မနေ့က) ဆက်သွယ်ရေးရုံးသို့ သွားရောက်ပြီး မေးမြန်းစုံးစမ်းရာ ပေးသွင်းထားသည့်ငွေ ကုန်သွားသည့်အပြင်
အကြွေး ၇၀၀၀-ကျော်လောက်ရှိနေ၍ ဖုန်းလိုင်းပိတ်ထားကြောင်း သိရသဖြင့်
 ငွေ-၃၀၀၀၀ိ-ကျပ် ထပ်မံ ပေးသွင်းခဲ့ပါသည်။ ဖုန်းလိုင်းကို ဘယ်တော့ ပြန်ဖွင့်ပေး
မလဲ မေးမြန်းရာ မနက်ဖြန် (ယနေ့) ပြန်ဖွင့်ပေးမည် ဟု ပြောပါသည်။

ယခုအချိန်ထိ ပြန်ဖွင့်ပေးခြင်း မရှိ၍ တခြားဖုန်းဖြင့်ဆက်ပြီး မေးမြန်းကြည့်ရာ တနင်္လာနေ့လောက်မှ ပြန်ဖွင့်ပေးမည် ဟု ပြောပြန်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြိုးဖုန်းဝန်ဆောင်မှုတွင်
 ၁။ သုံးစွဲသူထံသို့ ငွေတောင်းခံလွှာ ပေးပို့ခြင်း၊ ဖုန်းဖြင့် အကြောင်းကြားခြင်း လုံးဝ
မရှိသဖြင့် လက်ကျန်ငွေ ဘယ်လောက်ကျန်သေးသည်ကို သုံးစွဲသူဘက်က
မသိရခြင်း

၂။ ထိုသို့ မသိရသဖြင့် သုံးစွဲသူဘက်က လက်ကျန်ငွေ ရှိသေးသည့်အထင်ဖြင့် ဆက်သုံးစွဲရာ နောက်ဆုံး ငွေကုန်သွားချိန်တွင် ဖုန်းဖြင့်သော်လည်းကောင်း
စာဖြင့်သော်လည်းကောင်း တစုံတရာ အသိပေးခြင်း မရှိဘဲ ရုတ်တရက် ဖုန်းလိုင်း
ကို ဖြတ်တောက်ပစ်ခြင်း

၃။ သုံးစွဲသူဘက်က  ဖြည့်သွင်းရမည့်ငွေကို အမြန်ဆုံး ဖြည့်သွင်းပေးသည့်
တိုင်အောင် ဖုန်းလိုင်းကို ချက်ချင်း ပြန်ဖွင့်မပေးခြင်း ဟူသော အားနည်းချက် ညံ့ဖျင်းချက်များကို တွေ့ရမည် ဖြစ်ပါသည်။

သုံးစွဲသူအနေဖြင့် ကြိုးဖုန်းကို တန်းဖိုးကြီးကြီးပေးပြီး ၀ယ်ယူထားခြင်းမှာ အရေးတကြီးကိစ္စများ ပေါ်ပေါက်လာပါက အဆင်ပြေစေရန် ဖြစ်သော်လည်း ယခုလို မြန်မာဆက်သွယ်ရေး၏ ညံ့ဖျင်းလှသော ၀န်ဆောင်မှုများအတွက်တော့
 အလွန်ကို စိတ်ညစ်နေရပါသည်။



မောင်သစ္စာ

 ရွှေမြန်မာမီဒီယာဂရု

ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော

 မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ အဲဒီ တွေ့ ဆုံ မေးမြန်း ခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ ပြည်သူ လူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Saturday, September 29, 2012

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား



မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

AFP
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားနေစဉ်။ 
12

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော

 အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ၀ိုင်းဝန်း ကူညီကြဖို့ ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက်တာဖစ်ပါတယ်။ အပြည့်စုံကို မမိုးဖြူက တင်ပြထားပါတယ်။

မနေ့ကကျင်းပတဲ့ ဆန်ဖရန်ဆစ္စကို Freedom Forum အစည်းအဝေးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့ ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ်အကျယ်ချုပ် နဲ့ အကျဉ်းစံဘ၀ နေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်းအတွက် ခရီးရှည်၊ “The Long Road to Freedom” အမည်ပေးထားတဲ့ အခမ်းအနားမှာ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် နေနိုင်တဲ့သူဟာ အမြဲတမ်း လွတ်လပ်နေနိုင်ပါတယ် လို့ ပြောဆိုသွားပါတယ်။

ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ လူမှုအဆောက်အအုံ၊ အဖွဲ့အစည်းကြီးတွေနဲ့အတူ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့သူတွေ အတွက်တော့ လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားတဲ့ခရီးက ရှည်ပါလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ် ရှေ့ဆောင် လမ်းပြခဲ့သလိုပဲ ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်ရာမှာ အမှန်တရားနဲ့ နေထိုင်မှုကနေ စတင်ကြရပါတယ်။ ဒီလိုနည်းနဲ့ပဲ ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေကိုလည်း ဖိနှိပ်မှုတွေ လက်အောက်ကနေ လွတ်မြောက်အောင် အမှန်တရားနဲ့ နေထိုင်ဖို့ လူမှု အဖွဲ့အစည်းကြီး တွေကနေ စွမ်းဆောင်သွားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံ အတွက်တော့ အဲဒီခရီးရှည်ကြီးကို အခု စရတော့မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“အခု မတူခြားနားပြီးတော့ ရှည်လျားတဲ့ခရီးကို ကျမတို့ လျှောက်လှမ်းရတော့မှာ မိုလို့ ခါတိုင်းထက်ပိုပြီးတော့ ကျမတို့ မိတ်ဆွေကောင်းတွေ အများကြီး လိုပါတယ်။ အရင် လျှောက်ခဲ့ရတဲ့လမ်းက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးပမ်းခဲ့ရတာပါ။ အခု လျှောက်ရမယ့်လမ်းကတော့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းကျ လူ့အဖွဲ့အစည်းကြီးတွေ တည်ဆောက်ရမယ့် ခရီးပါ။ ဒါကြောင့် မိတ်ဆွေကောင်းတွေ ပိုပြီးတော့ လိုအပ်တာပါ။”

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ဘယ်နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ ဒီချိုးဖောက်မှုတွေကို လူ့အဖွဲ့အစည်းက အလေးထား အာရုံစိုက်အောင် လုပ်ရမယ် ဆိုတဲ့ ကာလရှည်ကြာ ရှုမြင် ဆောင်ရွက်ချက်တွေနဲ့ မလုံလောက်တော့ဘူး လို့ ထောက်ပြ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက် ပညာဉာဏ်နဲ့ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ စွမ်းရည်ခွန်အားတွေ ရှိဖို့လိုတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေး တင်ပြခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးမှုရှိအောင် ကြိုးစားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင်လို့ တားဆီးရုံနဲ့ မရတော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို ဘာကြောင့် ဒီလုပ်ရပ်တွေကို မလုပ်သင့်ဘူးလဲ ဆိုတာကို နားလည်လာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ သူတို့လုပ်ရပ်တွေက လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို မသိတာလား။ ဒါမှမဟုတ်ရင်လည်း သူတို့လုပ်ရပ်တွေက သူတို့ အပါအ၀င် လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ် ဆိုတာကို မသိတာလား။ ဒါကို ဖော်ထုတ် အသိပေးဖို့ လိုပါတယ်။ အာဏာရှင်စစ်တပ်တွေ သူ့လူမျိုး သူ့တိုင်းပြည် အပေါ် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ် ဆိုတာ ကြားခဲ့ကြရပြီးပါပြီ။ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်သိက္ခာ စွမ်းရည်တွေ မရှိရင် သာမန်ပြည်သူ၊ သာမန်စစ်သားတယောက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မကျူးလွန်မိအောင် ထိန်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း မွေးရာပါ အသိစိတ်၊ စာနာစိတ်တွေနဲ့ မကျူးလွန်မိအောင် ထိန်းသိမ်းသင့်ပါတယ်။ ဒါကို သူတို့ နားလည်နိုင်အောင် ကျမတို့ ကူညီနိုင်မှာပါ။”

လွတ်မြောက်ရေး ခရီးလမ်းအတွက် အမုန်းနဲ့ အကြမ်းဖက်မှုတွေ ကင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဒီခရီးရှည်ကြီးကို အမုန်းနဲ့ အကြမ်းဖက်မှုတွေ မရှိဘဲ လျှောက်လှမ်းခဲ့ကြတဲ့ မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်ကြီးတွေကို လေးစားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

“ကိုယ် လိုချင်တဲ့ အောင်မြင်မှုကို ဘယ်လိုနည်းလမ်းသုံးပြီး အရယူယူ၊ အောင်မြင်မှုရရင် ပြီးတာပဲလို့ ယူဆသူတွေ ရှိပါတယ်။ ဒါဟာ မှန်တယ်လို့ မထင်ပါဘူး။ နည်းလမ်းမမှန်ရင် နောက်ဆုံးမှာ ရတဲ့ အောင်မြင်မှု ဆိုတာကလည်း မှန်ကန်မှု မရှိနိုင်ပါဘူး။ လွတ်လပ်မှုအတွက် အမုန်းနဲ့ အကြမ်းဖက်မှု နည်းတွေ သုံးပြီး လျှောက်လှမ်းမယ် ဆိုရင်တော့ ခရီးဆုံးမှာ ရမယ့်ရလဒ်က လွတ်လပ်မှု ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အမုန်း၊ ကိုယ့်ရဲ့ အကြမ်းဖက်မှုနဲ့ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အကျဉ်းထောင်ကိုပဲ ရောက်မှာပါ။”

ဒါကြောင့် ကိုယ့်ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လို့ရတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေ့ထက်ထိတော့ အရေအတွက် နည်းလာတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေ၊ အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့် ရှိတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်အောင် ၀ိုင်းဝန်းကူညီနိုင်အောင် ပြောဆိုသွားပါတယ်။

နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ တက်ရောက် ဆွေးနွေးကြတဲ့ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ်ကို ဂုဏ်ပြု ပေးအပ်တဲ့ Václav Havel Prize for Creative Dissent ဆိုတဲ့ ဆုကို ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မမိုးဖြူ (ဗွီအိုအေ မြန်မာဌာန)