Pages

Sunday, February 17, 2013

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ



(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ

(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲ သုံးစရာလိုပါတယ် တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန် ရအောင် အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ် သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...

(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်ရှာတွေ့နေ ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါးတစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)

ရန်ကုန် ဆိပ်ကမ်းတွင် စက်လှေ တိမ်းမှောက် နစ်မြုပ် အမျိုးသမီး ငါးဦး ပျောက်ဆုံး လျက်ရှိ


ရန်ကုန်  ဖေဖော်ဝါရီ  ၁၆
ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကမ်း မြို့နယ် ဘုန်းကြီးလမ်း အမှတ်(၂) ဗောတံတားနှင့် (၁၄)လမ်း ဗောတံတား အကြားရှိ စက်လှေဆိပ်တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က စက်လှေတစ်စင်း တိမ်းမှောက် ၍ နစ်မြုပ် ခဲ့ရာ စက်လှေပေါ် လိုက်ပါသူ အမျိုးသမီး ငါးဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ ဆိပ်ကြီး ခနောင်တို မြို့နယ် သာစည်ကျေးရွာသို့ ပြေးဆွဲလျက် ရှိသော နေလင်း (၂) မြင်းကောင်ရေ ၂ဝ ကျော်အားရှိ ရေယာဉ်ပိုင်ရှင် ဦးလှရွှေ၊ ရေယာဉ်မောင်း ဇော်လင်းထွန်း (ခ)ရာမာန် ဒလ မြို့နယ် စက်မြေရပ် နေသူသည် ခရီးသည် ၅ဝ ကျော်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လျက် ဘုန်းကြီးလမ်း အမှတ် (၂) ဗောတံတားမှ စအထွက်တွင် ရေစီးအား အရှိန် မထိန်းနိုင် ဘဲ ပြည့်ဝသာထွန်း သင်္ဘော ပဲ့ပိုင်းနှင့် ချိတ်မိပြီး တိမ်းမှောက် နစ်မြုပ်ခဲ့၍ ရေယာဉ်ပေါ် စီးနင်း လိုက်ပါသူ ၅ဝ ကျော် ရေနစ် မြုပ်ခဲ့ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များမှ အချိန်မီ ဆောင်ရွက် မှုကြောင့် ခရီးသည်များအား ကယ်တင် နိုင်ခဲ့သော်လည်း အမျိုးသမီး ငါးဦးမှာ ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ရေယာဉ်မောင်း ဇော်လင်းထွန်း (ခ) ရာမာန်မှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိပြီး ဖြစ်စဉ် ဖြစ်ပွားရာ နေရာသို့ ဆိပ်ကမ်းမြို့နယ် ဆိပ်ကမ်း ရဲစခန်းမှ  အမှုစစ် ဒုတိယ ရဲအုပ် ခင်မောင်လွင်နှင့် အဖွဲ့ရောက်ရှိ၍ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ပြီး ပ/၅၅/ ၂ဝ၁၃ ဖြင့် အမှုဖွင့်၍  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈ဝ/၃၃၈ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  
NEW BY:မြ၀တီ

သာကေတ မြို့နယ် ဗလီ ဆောက်လုပ်နေခြင်းနှင့် ပဋိပက္ခ ဖြစ်ပွား


သာကေတ မြို့နယ် ရန်ပြေ (၁၈/၁၉) လမ်းကြား၌ ဗလီ ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ နှင့် ပဋိပက္ခ ဖြစ်ပွား နေသည်ကို ဖေဖော်ဝါရီလ ၁၇ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရစဉ်။ The Voice Weekly
 ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ် ............................................................
.............................. 
ရန်ကုန် ဖေဖော်ဝါရီ ၁၇ 
-သာကေတမြို့နယ် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ ကြား အနောက်ဘက်တွင် ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ဒေသခံ ၁၀၀ ကျော်နှင့် အုပ်ချုပ်သူများ အကြား အငြင်း ပွားမှုများ ပေါ်ပေါက် ခဲ့သည်။ ယင်းဆောက်လုပ်ဆဲ ဗလီသည် မွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အဖြစ် ယခင်က အသုံးပြု ခဲ့ကြောင်း၊ ယခုအခါ ဗလီအဖြစ် ဆောက်လုပ်ရန် ရုပ်လုံးဖော်ဆဲ အဆင့်တွင် သာကေတ မြို့နယ် ရန်ပြေလမ်း အတွင်း ရှိ ပြည်သူ ၁၀၀ ကျော်က သိရှိကာ ပြန်လည် ဖျက်သိမ်းပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သာကေတ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။ ယင်းမွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း ကို လွန်ခဲ့သော တစ်နှစ်ခန့်က ဗလီအဖြစ် ဆောက်လုပ်ရန် ကြိုးပမ်းသော်လည်း ဒေသခံ ပြည်သူများ၏ ဝိုင်းဝန်း ကန့်ကွက်မှု ကြောင့် ပျက်ပြယ် သွားကြောင်း၊ ယခု ဆောက်လုပ်မှုတွင် စည်ပင်သာယာ၏ ခွင့်ပြုချက် အရ ဆောက်လုပ်ခြင်း မဟုတ်ကြောင်း သာကေတ မြို့နယ် ရန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်းနေ ပြည်သူများ ထံမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကနဦး စုံစမ်းမှု အရ သိရသည်။ “တရားပွဲ လုပ်ရင်တောင် ခွင့်ပြုချက် တောင်းရပြီး သူတို့ ဗလီဆောက်တော့မှ ခွင့်ပြုချက်မရှိဘဲ ဆောက်နေတာ” ဟု သာကေတနေ ပြည်သူ တစ်ဦးကဆိုသည်။ လူအုပ်စုကြီးသည် ဆောက်လုပ်ဆဲ ဗလီအား ဖျက်သိမ်းပေးရန် တောင်းဆို နေကြပြီး ရပ်ကွက်လူကြီး များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ထိန်းသိမ်းရန် ကြိုးစားလျက်ရှိရာ သုံးရက်အတွင်း ဖျက်ပေးရန် ညှိုနှိုင်း နေသည်ဟု ဒေသခံများ ထံမှ သိရသည်။ ပဋိပက္ခ ဖြစ်ပွားရာ အဆောက်အဦးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဗလီ မဟုတ်ကြောင်း၊ ဘာသာရေး စာသင်ကျောင်းသာ ဖြစ်ပြီး အမိုးပြင်နေခြင်းသာ ဖြစ်ကြောင်း အဆောက်အဦး ပိုင်ရှင် ဦးသန်းတင်က The Voice Weekly သို့ ပြောကြားသည်။ ယခုအချိန်တွင် သာကတ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းက အဆောက်အဦးကို ဖျက်ခိုင်းရန် ခံဝန် ထိုးခိုင်းကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်ထောက် ဌာနမှူး ဦးငွေစိုးသောင်းက ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင်ပင် ယင်းအဆောက်အဦး ကို အပြီး ဖျက်ခိုင်းနေကြောင်း ယင်းအဆောက်အဦး၏ ပိုင်ရှင်ဖြစ်သူ မြန်မာ-မွတ်စလင် အမျိုးသားရေး အဖွဲ့ ဥက္ကဌ ဖြစ်သူ ဦးသန်းတင်က The Voice Weekly သို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပြောကြားသည်။ ယင်းဗလီကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဆောက်လုပ်မှု ရပ်နားထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြား ခဲ့သော်လည်း လူမမြင်အောင် အကာများ ကာ၍ ညဘက်တွင် ခိုးဆောက်နေသည်ဟု ကြားသိရကြောင်း၊ အဆောက်အဦး ဆောက်ရန် တင်ပြရာတွင် စာသင်ကျောင်း အဖြစ် တင်ပြ ခဲ့သော်လည်း စာသင်ကျောင်း အမည်ခံ ဗလီအဖြစ် အမြင့်နှင့် မြေနေရာ အကျယ်အဝန်းကို လိုသည်ထက် ပိုယူထားကြောင်း အမှတ် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ၏ ပြောစကားကို ကိုးကား၍ ဆရာတော် ဦးဝီရသူက ပြောကြားသည်။ “ဟုတ်တယ်၊ ညဘက်မှာ ခိုးဆောက်နေတဲ့ ဗလီတွေ ရှိတယ်။ အထဲမှာ မြေအောက်ခန်းတွေ၊ ကျင်းတွေနဲ့ စစ်စခန်း တစ်ခုလို ဆောက်နေတဲ့ ဗလီတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိတယ်” ဟု ၎င်းက ဆိုသည်။ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ခန့်မှ စတင်ကာ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲကား သုံးစီးနှင့် အတူ ရဲတပ်ဖွဲ့ဝင် အင်အား သုံးဆယ် ခန့်က ပဋိပက္ခ တွင် ပါဝင်သူ များကို လူစုခွဲရန် ကြိုးစားသော်လည်း ယခု သတင်းရေးသားချိန် မွန်းလွဲ ၄နာရီခွဲ အထိ လူစု မကွဲသေးကြောင်း အဆိုပါ နေရာသို ရောက်ရှိ နေသူ သတင်းထောက်များ ထံမှ သိရသည်။ သတင်းဓါတ်ပုံ အပြည့်အစုံ >> http://www.facebook.com/media/set/?set=a.538871319466465.119048.158797964140471&type=1
--------------------------------------------------
The Voice Weekly' ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
 



နောက်ဆက်တွဲသတင်း Facebook 

ခန္ဒာကိုယ်အပိုင်းပိုင်းပြတ် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိ













ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ်အိတ်အမဲဖြင့်ထုပ်ထား
သော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့်

ယောကျာ်းဝတ်ပုဆိုးအနီးတစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ်

တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

သတင်းထပ်မံရရှိပါက ဆက်လက်ဖော်ပြပါမည်။


new by:ဒေါက်တာလမ်းပြကြယ်
===============================================

ဖြူး၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် အသက် ၂၅ နှစ် အရွယ်ခန့်  ရှိပြီး ဦးခေါင်း ပြတ်နေသော ခန္ဓာကိုယ် ကို ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် အမှတ် ၁/၁၄၀ အနီးတွင် လာရောက် စွန့်ပစ် ထားကြောင်း၊ နေ့ လည် ၂ နာရီခန့် အချိန်တွင် လူတစ်ဦး၏ သတင်းပေးချက် အရ မိုင်တိုင် အမှတ် ၂/၁၃၈ အနီး လမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းပြတ် တစ်လုံးကို ထပ်မံ တွေ့ ရှိခဲ့ ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။


ဖြူးမြို့နယ်၊ ပြည်သူ့ ဆေးရုံသို့ ပေးပို့ စစ်ဆေးခဲ့ ရာ နံနက်ပိုင်း က တွေ့ ရှိခဲ့ သော အမျိုးသမီး ခန္ဓာကိုယ် နှင့် တစ်ဆက်တည်း ဖြစ်သည်ကို မြို့နယ် မူခင်း ဆရာဝန်က အတည်ပြု ခဲ့သည်။
“ဆေးရုံ က ဆေးစစ်ချက် ကို ထုတ်ပေးပြီး ရဲစခန်း ကနေ တစ်ဆင့် ထုတ်ပြန် ပေးမှာပါ။ အခုတော့ ထုတ်ပြန် ပေးလို့ မရသေး ပါဘူး” ဟု ဖြူးမြို့ နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဇော်လွင်က ရှင်းပြသည်။

အမျိုးသမီး ကို အသက် ခန့် မှန်း နိုင်သည် မှ အပ အမည်၊ နေရပ် လိပ်စာ နှင့် အသေးစိပ် အချက် အလက် များကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ပြီး၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားကြောင်း မြို့နယ် ရဲစခန်း ထံမှ သိရသည်။
 

Friday, February 15, 2013

i-Pay ကတ်များ နည်းစနစ် မှားယွင်းမှုကြောင့် အဆင်မပြေမှုများဖြစ်


Friday, February 15, 2013

ရန်ကုန်မြို့ရှိ ယာဉ်လိုင်း အချို့တွင် တပ်ဆင်အသုံးပြုနေသာ i-Pay ကတ်များမှာ လုပ်ဆောင်တပ်ဆင်သည့် နည်းစနစ် မှားယွင်းမှုကြောင့် ခရီးသည်များနှင့် ယာဉ်အကူများမှာ အဆင်ပြေမှု မရှိကြောင်း i-Pay ကတ်များ တပ်ဆင် သုံးစွဲ လျက်ရှိသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် ခရီးသည်များ၏ ပြောပြချက်အရ သိရှိရသည်။
မ.ထ.သ ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ''မြန်မာနိုင်ငံမှာ ဒီလိုမျိုး နည်းစနစ်တွေ လုပ်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ဆောင်တဲ့ နည်းစနစ်တွေ မှန်ကန်ဖို့နဲ့ အများအတွက် အကျိုးရှိဖို့တော့ လိုတယ်။ အခုလုပ်နေတဲ့ နည်းစနစ်က မှားနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနိုင်ငံက လိုင်းကားတွေက အကုန်လုံး သိတဲ့အတိုင်းပါပဲ။ ပိုက်ဆံဖြတ်တဲ့ စနစ်ကလည်း မှားနေပါတယ်။ ကားပေါ် တက်လိုက်တာနဲ့ ကတ်နဲ့စက်ကို ပြလိုက်ရင် အလိုအလျောက် ပိုက်ဆံကို ဖြတ်သွားရမှာ။.အခုက ကားပေါ်တက်လိုက်ရင် ပိုက်ဆံဖြတ်ဖို့ ကြာနေတော့ စီးတဲ့သူနဲ့ ယာဉ်အကူတွေအတွက်က အဆင်မပြေနိုင်ဘူ။ ဒီစနစ်ကို ပြည်သူတွေကို အမှန်တစ်ကယ် သုံးစေချင်တယ်ဆိုရင်တော့ ပြည်သူတွေကို အခမဲ့ပေးလိုက်ပါ။ အခုက ဒီကတ်ကို သုံးမယ်ဆိုရင် အနည်းဆုံး ၁ဝဝဝ ရှိမှ သုံးလို့ရနိုင်မယ်။ ကတ်ကို ဝယ်တဲ့ပိုက်ဆံရယ် ထည့်ထားတဲ့ ပိုက်ဆံရယ် အဲ့နှစ်ခုက ဘယ်သူလက်ထဲမှာ ရှိမှာလဲ အခုဆိုရင် သုံးတဲ့သူတွေ သုံးသောင်းလောက် ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီသူတွေရဲ့ ပိုက်ဆံတွေက ဘာလုပ်လို့ ရလဲဆိုတာ စဉ်းစားရင်တော့ လူတိုင်းသိနိုင်ပါတယ်'' ဟု ပြောသည်။
''အခုဆိုရင် အသုံးပြုတဲ့သူ သုံးသောင်း ကျော်လောက်တော့ ရှိပါတယ် နောက်ပိုင်းမှာလည်း ကျွန်တော်တို့ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်သွားဖို့ ရှိပါတယ် တပ်ဆင်အသုံးပြုတဲ့ နေရာမှာလည်း ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းနဲ့ လုပ်ကိုင်လိုတော့ မရပါဘူး။ အကုန်လုံးပါဝင် လုပ်ကိုင်မှသာ ဒီထပ်ပိုပြီးတော့ အသုံးပြုနိုင်မှာပါ'' ဟု i-Pay ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သုံးစွဲသူ တစ်ဦးကလည်း ''အကြွေအမ်းတာ သက်သာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သုံးရသူတွေ အများစုက အဆင်မပြေပါဘူး။ ပိုက်ဆံကို နှစ်ခါ ဖြတ်တာလည်း ကြုံရတယ်။ တစ်ချို့ယာဉ်လိုင်းက ယာဉ်အကူတွေဆိုရင် ပိုက်ဆံ ပေးစီးတာကို ပိုပြီးတော့ ကြိုက်ကြတယ်။ လူတွေကျပ်တဲ့ အခါကျတော့ သူတို့အတွက်လည်း အဆင်မပြေဘူး'' ဟု ပြောသည်။
အဆိုပါ i-Pay ကတ်များကို ရန်ကုန်မြို့ရှိ ယာဉ်လိုင်းများတွင် ၂ဝ၁၂ ခုနှစ် ဧပြီလမှ စတင်ကာ လုပ်ဆောင်ခဲ့ပြီး ၁၂၄၊ ၂၃၇၊ ရွှေအင်းဝ၊ ၁၉၇၊ ပါရမီ၁၈၂၊ အဓိပတိအနီ၊ အဝါ၊ အပြာနှင့် စုစုပေါင်း ယာဉ်လိုင်း ၈ လိုင်း တပ်ဆင်ထားပြီး ယခုလက်ရှိ အချိန်ထိ သုံးစွဲသူ သုံးသောင်း ကျော်ရှိပြီး ရန်ကုန်မြို့ရှိ နေရာအများစုတွင်လည်း i-Pay အရောင်းဆိုင်များဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Eleven Media Group
4

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီ မှ ကချင်စစ်ပြေး ဒုက္ခသည်များသို့ သွားရောက် လှူဒါန်းမည်


Friday, February 15, 2013

မန္တလေး။ ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင်နေရသည့် ကွတ်ခိုင်မြို့သို့ ၁၆.၂.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး ၁၇.၂.၂၀၁၃ ရက်နေ့တွင် ဒုက္ခသည်စခန်းများသို့ စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ မနက်ဖြန် ၁၅.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ကို ထွက်ခွာကြပါမယ်။ လှူဒါန်းမှာကတော့ ကွတ်ခိုင်မြို့ပေါ်က ဘုရားကျောင်း (၂)ကျောင်းမှာ ရောက်ရှိနေသည့် ကချင် ဒုက္ခသည် ၅၀၀-ကျော်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းပါမယ်။ ဘုရားကျောင်း ၁-ကျောင်းမှာ ဒုက္ခသည် ၃၀၀-ကျော်နဲ့ နောက် ၁-ကျောင်းမှာတော့ ဒုက္ခသည် ၁၀၀-ကျော်ရှိပါတယ်။ အဲဒီ ၅၀၀-ကျော်က ကချင် ဒုက္ခသည်တွေပါ။ နောက်ပြီးတော့ ကွတ်ခိုင်မြို့နဲ့ ၆-မိုင်အကွာမှာရှိတဲ့ ရွာလေးမှာလည်း ပလောင် ဒုက္ခသည် ၄၀၀-ကျော်ကိုလည်း စားနပ်ရိက္ခာနဲ့ဆေးဝါးများကို လှူဒါန်းပါမယ်။ ကျွန်တော်တို့တွေ ဒုက္ခသည်စုစုပေါင်း ၁၀၀၀-ကျော်အတွက် လှူဒါန်းပါမယ်။ ၁၇.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ပေါ်မှာပဲ ပစ္စည်းများပေးအပ် လှူဒါန်းပွဲလုပ်ပြီး ပေးအပ်ပါမယ်။ ပေးလှူမှာက တာဝန်ရှိ အာဏာပိုင်အဖွဲ့ကို ပေးအပ်မှာပါ။ ကျန်းမာရေးကလည်းပါမယ်။ လူဝင်မှုကြီးကြပ်ရေးကလည်းပါမယ်။ မြို့နယ်အုပ်ချုပ်ရေး ကလည်းပါမယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းက တာဝန်ခံတွေနဲ ညှိနှိုင်းပြီး ပေးအပ်မှာပါ။” လို့ M-Media ကို ပြောပြလာပါတယ်။

စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန်(၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၉)သိန်းကျော်ဖိုး လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင် တန်ဖိုးရှိသည်ဟု သိရသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေးကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကိုလှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။

M-Media
31

မန်းစက်တော်ရာဖွင့်ပွဲ


Friday, February 15, 2013

သမိုင်းဝင် မန်းစက်တော် ခြေတော်ရာ ဖွင့်ပွဲကို ဖေဖ၀ါရီလ(၁၅)ရက်နေ့ နံနက်ပိုင်း (၈)နာရီတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ် မန်းချောင်း နံဘေးတွင် ဒေဝါဝင်း၊ ရာဇာဇာဝင်း၊ ပန်းစေတီ၊ ခြေတော်ရာ ပုံတူတို့ဖြင့် လှည့်လည်ပြီး မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်း သံဃာ့နာယက ဥက္ကဌ မကွေး အောင်မြေ ရတနာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဏိစ္စ၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အံ့ဇော်တင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတာ် သံဃာတ်ာများထံမှ ပရိတ်တရားနာယူပြီး နံနက်(၉)နာရီတွင် အောက်ခြေတော်ရာကို ဖွင့်လှစ်ပေး ခဲ့သည်။

ထိုနေ့ကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ များစွာ လာနိုင်စေရေး အတွက် စီစဉ်ဆောင်ရွက် ထားရှိခဲ့သော်လည်း ယခင်နှစ်များထက် လာရောက်သူ နည်းပါးခဲ့သည်ဟု သိရသည်။

The Street View
25

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဖွံ့ ဖြိုးရေးစီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီ နည်းပညာပိုင်း အကြံပေးအဖြစ် တာဝန်ယူ


Friday, February 15, 2013

မြန်မာနှင့်ထိုင်းတို့ ပူးပေါင်းဆောင်ရွက်နေသော ထားဝယ်
ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များ ဖွံ့ ဖြိုးရေးစီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီသည် နည်းပညာ ပိုင်းအကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည် ။

အဆိုပါထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းကို ထားဝယ်ဖွံ့ ဖြိုးရေး ကုမ္ပဏီကတည်ဆောက်မည်ဖြစ်ပြီး၊ ယင်းတွင် ပင်လယ်
ရေနက် ဆိပ်ကမ်းတစ်ခု၊ စက် မှုဇုန်မြေနေရာများ၊ သယ်ယူ ပို့ ဆောင်ရေးအတွက်လမ်းကြောင်းများလည်း ပါဝင်မည်
့ဖြစ်သည်။

မောင်းမကန်ပင်လယ်အော်တွင်တည်ရှိပြီး ထားဝယ်မြို့
မြောက်ဘက် ၂၈ ကီလိုမီတာတွင်ရှိသော အဆိုပါစီမံကိန်း
ကို ဆယ်နှစ်အတွင်း အဆင့်သုံးဆင့်ဖြင့် တည်ဆောက်
သွားမည်ဖြစ် ၏သည်။

ရေနက်ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့်သင်္ဘောများမှ ကုန်
တန်ချိန်သန်း ၂၅၀ ခန့် ကို ပို့ ဆောင်ပေးနိုင်မည်ဖြစ်ပြီး
စက်မှုဇုန်များ၏ အကျယ် အဝန်း မှာ ၂၅၀ စတုရန်းကီလို
မီတာ အကျယ်ရှိမည်ဖြစ်သည်။

စက်မှုဇုန်တွင် အသေးစားနှင့် အကြီးစားစက်မှုလုပ်ငန်းများ၊
ရေနံနှင့် ဓါတ်ငွေ့ စက်ရုံများ၊ဓါတုဗေဒစက်ရုံများ ပါဝင်မည်
ဖြစ်သည်။

မော့တ်မက် ဒေါ် နယ်သည် ထားဝယ်ဖွံ့ ဖြိုးရေး မဟာ
စီမံကိန်း မူကြမ်းကိုလေ့လာခဲ့ပြီးနောက် စက်မှုဇုန်များ
အတွက် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး၊ ရေသွယ်ယူစွန့်ထုတ်မှု စနစ်ကောင်းမွန်ရေးတို့အတွက် အကြံပေးခဲ့ပြီး စီမံကိန်း၏
လမ်းများဒီဇိုင်း၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် စက်ရုံများ
အတွက် လည်းကောင်း၊စက်မှုဇုန်ဖေါ်ဆောင်ရာတွင် လိုအပ်
သော သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ ကိုင်တွယ်
ဖြေရှင်းနိုင်ရေးတို့ကို လည်း ကောင်း လိုအပ်သည့် အကြံ ဥာဏ်များ ပေးခဲ့သည်။

မော့တ်မက်ဒေါ်နယ်၏ စီမံကိန်းမန်နေဂျာ ခရီယက်တီ
ဆတ် ဆရီရာယမ်က “ထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းဟာ
ဒေသအတွက် အဓိကကုန်သွယ် ရေးနဲ့  သယ်ယူပို့
ဆောင်ရေးဆိုင်ရာ ဗဟိုချက် တစ်ခု ဖြစ်လာပါလိမ့်မယ်။
မြန်မာနဲ့ ဒေသတွင်းအတွက် စီးပွားရေး အလားအလာ
ကောင်း ဖြစ်ပါ တယ်။ထားဝယ်ရေနက်ဆိပ်ကမ်းသစ်ဟာ မာလက္ကာရေလက်ကြားပေါ် မှီခိုရမှုကို လျှော့ချပြီး အိန္ဒိယ၊
တရုတ်၊ အရှေ့ အလယ်ပိုင်းနဲ့ ဥရောပ၊ အာဖရိကတို့ကို
ဆက်သွယ်ပြီး အပြန်အလှန် ကုန်စည်ပို့ဆောင်မှု အချိန်နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာပါ” ဟုပြောကြားသည်။

www.sandandgravel.com

The Myanma Age
17

အထည်ချုပ်လုပ်ငန်းအချို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲ လုပ်ကိုင်လာ


Friday, February 15, 2013

တိုင်းရင်းသားအမည်ခံ အထည်ချုပ် လုပ်ငန်းအချို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
အဖြစ် လမ်းကြောင်းပြောင်း လုပ်ကိုင်လာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အမည်ခံ အထည်ချုပ်လုပ်ငန်းအချို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြီးခဲ့တဲ့ တလကျော် လောက်က လမ်းကြောင်းပြောင်း လုပ်ကိုင်လာကြတယ်။ အထည်ချုပ်လုပ်ငန်း ၁၀ ခု ၁၅ ခုလောက် ရှိခဲ့ပါတယ်။ ဒီလုပ်ငန်းတွေဟာ ၁၀ စုနှစ်ကျော်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ကြိုဆိုရမယ့်ကိစ္စပါ” ဟု ၎င်းအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်း က ပြောသည်။

ယင်းအပြင် ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကြီးများ လုပ်ရန် ဆွေးနွေးမှုများ ရှိနေသဖြင့် ယခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်း ရာချီ၍ ဝင်ရောက်လာဖွယ် ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

“တင်ပို့တဲ့ ပစ္စည်းအမျိုးအစားပေါ် မှုတည်ပြီး ၁၅ ရာခိုင်နှုန်းခန့်အထိ အခွန်သက်သာခွင့်ပြုမည့် EU ၏ GSP အခွန်သက်သာခွင့်က မကြာမီ ရရှိတော့မှာမို့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း ကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ဖို့ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင်တွေ လာရောက် ဆွေးနွေးမှုတွေ ရှိနေပါတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးလှဝင်း က ပြောဆိုသည်။

လာရောက်ဆွေးနွေးကြသည့် အထည်ချုပ်လုပ်ငန်းရှင် အများစုမှာ မြေဧက ကျယ်များ တောင်းဆိုမှု ရှိသည်။ အထည်ချုပ်လုပ်ငန်း အကြီးစား ရင်းနှီးမြှုပ်နှံမှုများအတွက် စက်မှုဇုန် မြေကွက်များတွင် တဆက်စပ်တည်း မြေကွက်ကျယ်များ ရရန် လွယ်ကူမှု မရှိနိုင်ဟု ဆိုသည်။

“အထည်ချုပ် လုပ်ငန်းတွေအတွက် မိန်းလမ်းပေါ်က မြေကွက်တွေကို လယ်သမားတွေဆီက တရားဝင် စက်မှုမြေအဖြစ် ခွင့်ပြုပေးမယ်
ဆိုရင် မြေပိုင်ရှင်တွေကလည်း သဘောတူ၊ လုပ်ငန်းရှင်တွေကလည်း ဝယ်ပြီး နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်နိုင်အောင် MIC ကလည်း ခွင့်ပြုပေးမယ်ဆိုရင် စက်ရုံတွေ အများကြီး တိုးလာနိုင်ပါတယ်” ဟု ဒေါက်တာအောင်ဝင်း က ဆက်ပြောသည်။

အထူးသဖြင့် အထည်ချုပ် လုပ်ငန်းကဲ့သို့ လုပ်သားအင်အားသုံး စက်ရုံကြီးများ ဖြစ်ပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှု တိုးတက်လာနိုင်သည်ဟု ဆိုသည်။

“တဖက်က ဖက်စပ်လုပ်ကိုင်နိုင်အောင် ခွင့်ပြုပေးမယ်ဆိုရင် လုပ်ငန်းရှင်တွေဘက်ကလည်း စက်ရုံကို အပြီးတည်ဆောက်ဖို့၊ ဒါမှမဟုတ်ဘဲ စည်းကမ်း ဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ မူတခုကို ထုတ်ပေးလိုက်ရင် ပြည်တွင်းလုပ်ငန်းရှင်၊
ပြည်ပ လုပ်ငန်းရှင်နဲ့ အစိုးရ သုံးဦးသုံးဖလှယ် အကျိုးရှိနိုင်ပါတယ်” ဟု အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ခင်မျိုးသွယ်
Mizzima - News in Burmese
6

ရွာပြင်ရှိ ကွမ်းခြံစောင့် ယာတဲ ၂ လုံးတွင် ညအိပ်စောင့်နေသူ ၄ ဦးအား ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓါးများ ကိုင်ဆောင်ကာ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား


Friday, February 15, 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံးကျေးရွာ အုပ်စု၊ ဒုံဘွေကျေးရွာနေ ဦးသာထွန်း (၆၈နှစ်) နှင့် ဇနီး ဒေါ်ဖြူမချေ (၅၈နှစ်)၊ ဦးမောင်ရွှေသန်း (၂၂နှစ်) နှင့် ဇနီး
ဒေါ်ဝင်းဝင်းဖြူ (၂၂နှစ်) တို့သည် ရွာအရှေ့မြောက်ဘက် ကွမ်းခြံရှိ ယာတဲ
၂ လုံး၌ ညအိပ်စောင့်နေစဉ် ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အမည်မသိ ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဦးသာထွန်းနှင့်
ဒေါ်ဖြူမချေ တို့၏ တဲသို့ ရောက်ရှိလာပြီး ဦးသာထွန်းနှင့် ဒေါ်ဖြူမချေတို့ကို လက်ပြန်ကြိုးတုပ်၍ တိုင်တွင် ချည်နှောင် ထားခဲ့ပါသည်။

အဆိုပါ အမည်မသိ ဘင်္ဂါလီ ၁၀ ဦးသည် ထပ်မံ၍ ဦးမောင်ရွှေသန်းနှင့်
ဒေါ်ဝင်းဝင်းဖြူတို့၏ တဲသို့ သွားရောက်စဉ် ဦးမောင်ရွှေသန်းနှင့် ဘင်္ဂါလီအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားပြီး ဒေါ်ဝင်းဝင်းဖြူ မှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။

ထို့နောက်တွင် ဒေါ်ဝင်းဝင်းဖြူမှ ဒုံဘွေကျေးရွာရှိ ရွာသားများအား
ခေါ်ဆောင်ကာ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ယာတဲသို့ သွားရောက်ကြရာ ဘင်္ဂါလီများ ထွက်ပြေးသွားပြီး ဦးသာထွန်း၊ ဒေါ်ဖြူမချေ၊ ဦးမောင်ရွှေသန်းတို့ ၃ ဦးကို လက်ပြန်ကြိုးတုပ်၍ ပါးစပ်များကို အဝတ်ဖြင့် ပိတ်နှောင်ထားသည်ကို တွေ့ရှိရ ကြောင်း သတင်းရရှိပါသည်။

ထိုဖြစ်စဉ်တွင် ဦးသာထွန်း၏ ဘယ်ဘက်လက်တွင် ကြိုးဖြင့်ချည်နှောင် ထားသဖြင့် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဦးရွှေမောင်သန်း၏ နှာခေါင်းတွင် ထိုးကြိတ်ဒဏ်ရာ ၁ ချက်စီရရှိကာ ယာတဲ ၂ လုံးအတွင်းမှ ဓာတ်မီး ၆ လက်၊ လက်ပတ်နာရီ ၁ လုံး၊ ဓားရှည် ၂ ချောင်း၊ ပိုက်ကွန် ၁ ခု၊ ငွေကျပ် ၅ ထောင်ကို ဘင်္ဂါလီများ ဘင်္ဂါလီများမှ ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် အမှတ်(၂၆၃) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး နေလင်းထွဋ် ဦးစီး ၇ ဦးနှင့် မြောင်းဘွေရဲစခန်းမှ ဒုရဲအုပ် စိုးရွှေ ဦးစီး ၆ ဦးတို့ ပူးပေါင်း၍ သတင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန်တွင် ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်စဉ်တွင် ပါဝင်သော
အောက်ပါ ဘင်္ဂါလီ ၄ ဦးကို ဆီသည်ရွာအနီးတွင် ဖမ်းဆီးရမိခဲ့ ပါသည် -

(၁) မောဇိရာမောက်၊ ၂၀ နှစ် (ဘ)ဦးအာတီရာမက်၊ ရှမ်းတောင်ရွာ၊ မြောက်ဦးမြို့နယ်။

(၂) အဒူဂျာဇိ၊ ၃၇ နှစ် (ဘ) ဦးမားဒူ၊ လက်မရွာ၊ မင်းပြားမြို့။

(၃) ဒူမာမောက် ၊ ၃၀ နှစ် (ဘ)ဦးဇူလတန်၊ လက်မရွာ၊ မင်းပြားမြို့။

(၄) ဒူဒူလာဖိ၊ ၂၅ နှစ် (ဘ) ဦအာဇန်မာ၊ လက်မရွာ၊ မင်းပြားမြို့ တို့ ဖြစ်ကြပါသည်။

ပါဝင်သူများကို စစ်ဆေးချက် အရ ငါးရှာထွက်လာရာမှ အစာရေစာ
ပြတ်လပ်၍ ကွမ်းခြံထဲသို့ အစား အစာများ ဝင်ရောက်ရောက် ရှာဖွေစဉ် တဲရှင်များရှိနေ၍ အန္တရာယ်မပြုနိုင်ရေး ကြိုးဖြင် ချည်နှောင်ကာ ရိုက်နှက်ခြင်း ဖြစ်ကြောင်း ဝန်ခံ ထွက်ခိုခဲ့ကြပါသည်။

ဖမ်းဆီးရမိသူများကို အရေးယူနိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း
နှင့် ကျန်ရှိသူများအား ဆက်လက် ဖမ်းဆီးနိုင်ရေး နယ်မြေခံ တပ်မတော်နှင့် နယ်မြေခံ ရဲတပ်ရင်းတို့မှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြ၀တီ
25

လမ်းဘေးဈေးသည်အချို့နှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခဖြစ်ပွား


Friday, February 15, 2013

ယနေ့ နေ့လည် ၂ နာရီ ၃၀ မီနစ် ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့တော်
ခန်းမရှေ့၌ လမ်းဘေးဈေးသည်အချို့နှင့် ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီမှ ဝန်ထမ်းအချို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း
သိရသည်။

စည်ပင်သာယာမှ ဝန်ထမ်းများနှင့် စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်း
များအပြင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တို့ ပူးပေါင်း၍ သတ်မှတ်
ချက်နှင့် မကိုက်ညီသော လမ်းဘေးဈေးသည်များအား လိုက်လံအ
ရေးယူ ရာတွင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့က ညနေ ၃ နာရီကနေ ည ၈ နာရီထိပဲရောင်းရတာ သိတယ်
ဒီလို ရောင်းရတဲ့အခါ ဈေးဦးတောင် မပေါက်ကြဘူး။ ဒါပေမယ့် အခု
လည်း ၃ နာရီ မထိုးသေးတဲ့ အတွက် ဈေးလည်း မရောင်းဘူး။ နေရာ
လေးဦးထားတဲ့ ဟာကို လူ ၂၀ လောက်က ကျွန်မ ဈေးဘန်းကို သိမ်းသွား
တယ်။ သိမ်းတာတောင် ရိုးရိုးတန်းသိမ်းတာ မဟုတ်ဘူး။ ရေခွက်ကို ခွဲသွား
တယ်။ ကားပေါ် ပစ္စည်းတွေ ပစ်တင်သွားတယ်။ ကျွန်မရဲ့ အရင်းအနှီးတော့
ကုန်ပါပြီ" ဟု ပစ္စည်းများ အသိမ်းခံရသူ လမ်းဘေးဈေးသည် တစ်ဦးက ပြော
သည်။

သတ်မှတ်ချက်နှင့် မညီသော ဈေးသည်များ၏ ပစ္စည်းများကို သိမ်းဆည်း
ပြီး သက်ဆိုင်ရာ တရားရုံးသို့ အပ်နှံရကြောင်း နှင့် တရားရုံးမှ ဒဏ်ငွေ
ရိုက်ကာ ပစ္စည်းများကို ပြန်လည်ထုတ်ပေးကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ဈေးများဌာနမှ အမည်မဖော်လိုသူ အရာရှိ
တစ်ဦးက ဆိုသည်။

ယနေ့ ဖြစ်ပွားမှုတွင် ပစ္စည်းသိမ်းရာ၌ စည်ပင်ဝန်ထမ်းများက ဆဲဆို
ကြိမ်းမောင်းကာ အတင်းလုယူ သိမ်းဆည်းသွားကြောင်းနှင့် အချို့
ပစ္စည်းအချို့ကိုလည်း ချိုးဖဲ့ ဖျတ်ဆီးသွားကြောင်း လမ်းဘေးဈေးသည်
ဒေါ် ညွှန့်ညွှန့်လွင်ကပြောသည်။

"သူတို့ ဒီလို လာလုပ်တာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ ပထမနေ့က အဲလိုတော့
မဟုတ်ဘူး။ ၃ နာရီမထိုးခင် ရောင်းတဲ့ ဈေးသည်တွေ ဆီက ပစ္စည်းတွေ
ကို သိမ်းသွားတာပဲ။ ဘာမှ တော့ ပြသနာ အကြီးအကျယ်မဖြစ်ဘူး။ ဒီနေ့
တော့ တော်တော်ဆိုးတယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ လမ်းဘေးဈေးသည် တစ်ဦးဖြစ်သူ ဦးရွှေ
ပိတောက်ဟု ဆိုသူကလည်း" ဖန်ခွက်ခွဲတာဟာ အရမ်းကိုမိုက်ရမ်းတာ
ဥပဒေမှာ ဖန်ခွက်ခွဲရမယ် ဆိုတာ မပါဘူး။ လမ်းဘေးဈေးသည်တွေရဲ့
နောက်မှာ သားသမီးတွေ သက်ကြီးရွယ်အိုတွေရှိတယ်။ မိသားစု ၅ ယောက်
လောက်က မှီခိုနေကြရတာ၊ ဘယ်လိုခံစားရလဲဆိုတာ မစာနာဘူး"ဟုဆိုသည်။

"ဥပဒေ ဆိုတာ တစ်ပြေးညီ ဖြစ်သင့်တယ်။ အားလုံး တစ်ပြေးညီ လုပ်သင့်
တယ်။ နောက်ပြီး ကျွန်တော်တို့အတွက် ဈေးရောင်းခွင့်ကို ၈ နာရီ အစား ၁၀
နာရီ လိုအပ်တယ်။ ဒါမှ ထမင်းစားရမှာလေ။ ကျနော်တို့အနေနဲ့ သတ်မှတ်
ချက်ဥပဒေတွေနဲ့ စည်းကမ်းတစ်ကျ ရောင်းမယ်။ အဲလိုမှ မှားခဲ့ရင် ဥပဒေ
အတိုင်း အရေးယူ" ဘားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ထီးရောင်း
နေသူ ဦးသန်းထွန်းက ပြောသည်။

ယနေ့ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ဆက်လျဉ်းပြီး စည်ပင်သာယာရေးကော်
မတီ၊ဈေးများဌာနမှ ဦးအောင်ဇော်မိုးက "စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို စည်း
ကမ်းထိမ်းသိမ်းတာ" ဟုသာ ဖြေကြားခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုတွင် ပစ္စည်းများ
ပျတ်ဆီးမှုနှင့် ပက်သက်၍ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

စူးရှ
ဓါတ်ပုံ - စူးရှ
The Myanma Age

ခေါင်းမပါလည်း ကြက်တို့က အသက်ရှင်နိုင်


Friday, February 15, 2013

Miracle Mike လို့အမည်ပေးထားတဲ့ ကြက်က သက်သေပြသွား ပါတယ်။ ခေါင်းမပါပဲနဲ့ တစ်နှစ်ခွဲတိတိ အသက်ရှင်လျက် ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်သွားပါတယ်။

ထူးခြားအံ့သြစွာပါပဲ။ ဘယ်သူမှ မယုံဘူးလို့ဆိုတဲ့ အတွက် ဆေး တက္ကသိုလ်တွေထိတောင် သယ်ဆောင်ပြီး သက်သေကပြခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလက Colorado ပြည်နယ်Fruita မြို့  က လယ်ခင်းတစ်ခု မှာ မွေးဖွားပါတယ်။ တစ်နေ့တော့ ပိုင်ရှင်ဖြစ်သူက ခေါင်းဖြတ်လိုက်ချိန်မှာ ပုဆိန်သွားအနည်းငယ် လွဲပြီး ဦးနှောက် Sterm နဲ့ နားတစ်ဖက်က ကျန်ခဲ့ ပါတယ်။ ဒါကြောင့် အခြားကြက်တွေလို ချက်ချင်းမသေပဲ ပုံမှန်အတိုင်း ခပ်ကြာကြာ ရုန်းနေတဲ့အတွက် ပိုင်ရှင် ဖြစ်သူက အံ့သြခဲ့ပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ် စောင့်ကြည့်တော့ ကျန်းကျန်းမာမာပဲ အသက်ရှင်နေတာကို မြင်တွေ့ရပါတယ်။ ခေါင်းမပါတာတောင် မြေပြင်မှ ဆန်ဖွဲကောက်ဖို့ လည်ပင်းနဲ့ ဆိုက်ပါတယ်။ ဒါကြောင့် သခင် ဖြစ်သူက အစားအသောက်များကို အရည်ဖျော်ပြီး မျက်လုံးပေါက်ထဲ ကို ဖျော်ထည့်ပေးပါတယ်။ ယင်းအစာကျွေးနည်းနဲ့ပဲ ကျွေး ထားလိုက်တော အသက်ရှင်တော့ မြို့ မှာ နာမည်ကြီးလာပြီး အမေရိကန်နိုင်ငံအနှံ့ မြို့ တွေမှာ လိုက်လံ ပြသပါတယ်။

ခေါင်းပြတ်နေသည့်တိုင် ခပ်မြင့်မြင့်အတန်းပေါ် ခုံပျတ်တက်တဲ့ အကျင့် မပျက်ပါဘူး။ ညနေတိုင်း တွန်ဖို့ သူကြိုးစားပါတယ်။ သို့ပေမယ့် သာမန် ကြက်တစ်ကောင် တွန်သလို ဘာအသံမှထွက်မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ခွဲ (၁၈လကြာ) အသက်ရှင်ပြီးမှ အစာကျွေးဖို့ နောက်ကျတဲ့အတွက် ၁၉၄၇ ခုနှစ် မတ်လက သေဆုံး သွားခဲ့ပါတယ်။

ခေါင်းပြတ်ပေမယ့် ဦးနှောက် အစိတ်အပိုင်းအချို့  ကျန်ရှိခဲ့တဲ့အတွက် သူ့အနေနဲ့ အသက်ရှင်ခြင်း ဖြစ်ပြီး အခြားသာ သူများလည်း အသက်ရှင် လိုရှင်ငြား စမ်းသပ်ခဲ့ကြပါတယ်။ တစ်ရက် နှစ်ရက်ထက်တော့ ပိုအသက် မရှင်ကြပါဘူး။ Miracle Mike ကတော့ သမိုင်းတစ်လျှောက် မှာ ခေါင်းပြတ်ပေမယ့် အကြာဆုံး အသက်ရှင်ကျန်တဲ့ ကြက် အဖြစ် သမိုင်းတွင်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_954.html

--
International news for myanmar
27

စစ်ဒဏ်ခံရသူများ လူ့အခွင့်အရေး ဘယ်သူမှ အရေးတယူ မလုပ်


Saturday, February 16, 2013

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများ တွင် ဒေသခံ
ပြည်သူတို့အား မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ် (KIA) တို့က လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ငွေကြေးနှင့် ဆန် စပါး ဆက်ကြေးတောင်းယူမှုများ ရှိနေဖြင့် လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

“စစ် စဖြစ်ကတည်းက ဒေသခံ ပြည်သူလူထုက စစ်တပ်ရော၊
ကေအိုင်အိုရော ၂ ဘက်စလုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ခံခဲ့ရတယ်။ တပ်သားသစ် အစုဆောင်းခံရတာ၊ ရွာကို မီးတိုက်
သွားတာတွေကို ကျနော်တို့ ပြည်နယ်အစိုးရနဲ့ လူ့အခွင့် အရေး
ကော်မရှင်ကို တောက်လျှောက် တိုင်ခဲ့ပါတယ်။ ခုချိန်ထိ ဘာတစ်ခုမှ အရေးယူလာတာ မရှိဘူး” ဟု ဗန်းမော်မြို့ ဒေသခံ တဦးက ဧရာဝတီကို
ပြောသည်။

၂၀၁၂ ဒီဇင်ဘာလက မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာသို့ အစိုးရ တပ်မတော်စစ်ကြောင်း ၀င်ရောက်လာသည့် အတွက် ရွာလူထုက
ခေတ္တရှောင်ပေးစဉ် တပ်မတော်သားများက ကျေးရွာသားများ၏ ငွေကြေး၊ ပရိဘောဂ အသုံးအဆောင် များနှင့် မွေးမြူထားသော တိရိစ္ဆာန်များကို ယူငင်သွားပြီး နေအိမ်များကိုလည်း ဖျက်စီးခဲ့သည့် အတွက် ဒီဇင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူ့အခွင့်အရေး
ကော်မရှင်နှင့် သက်ဆိုင်ရာ လွတ်တော် အမတ်များထံသို့ ပေးပို့ တိုင်ကြားခဲ့ သော်လည်း အရေးယူမှု တစုံတရာ မရှိကြောင်း သိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ
ဒေသခံ ၇၀ ခန့်ကို KIA က တပ်သားသစ် စုဆောင်းခဲ့သည့် ကိစ္စကို ရပ်မိရပ်ဖများက တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း အရေးယူမှု တစုံတရာ မရရှိဘဲ KIA ၏ ခေါ်ယူ သတိပေးခြင်းသာ ခံခဲ့ရကြောင်း မန်စီဒေသခံ တဦးက ဆိုသည်။

“ပြည်နယ် အစိုးရဘက်က ဘယ်လို ပြောသလဲ ဆိုတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ တဘက်အဖွဲ့ အစည်းကို အပြစ်တင်တဲ့ အလုပ်မျိုး မလုပ်ချင်ဘူးလို့ ဆိုတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ သည်းခံနေကြဖို့ နားတောင်ချ လိုက်သေးတယ်။ ဒေသခံ ပြည်သူလူထုက ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဗန်းမော်မြို့နယ် ကုန်းတိမ်ကျေးရွာ ဒေသခံ တဦးက “ကျနော်တို့ ရွာကို တအိမ်ထောင် ဆန်တတင်းနှုန်း ပေးဖို့ တောင်းထား ပါတယ်။ ရွာက အိမ်ခြေ ၁၀၀ ကျော်ဆိုတော့ ဆန်တင်း ၁၀၀ ကျော်ကို သူတို့ စခန်းကို သွားပို့ရမှာ။ ဒါပေမယ့် အဲလို သွားပို့လို့ အစိုးရ စစ်ကြောင်းနဲ့ တိုးရင် ကျနော်တို့ကို တပ်မတော် က သူပုန်ကို ထောက်ပံ့တဲ့သူဆိုပြီး ဒုက္ခပေးမှာ အသေအချာပဲ။ ဒါကြောင့် ကျနော်တို့ ငွေပေးဖို့ပဲ စဉ်းစားထား ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကုန်းတိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ၁ အိမ်ထောင် ဆန် ၁ တင်းနှုန်း ကောက်ခံပြီး၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့
တွင်ပေးပို့ပေးရန် KIA မလိဘာ တိုက်နယ်မှူးက အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ဆန် ၁ တင်းကို ငွေ တသောင်းတထောင် ကျတယ်။ ပေးနိုင်တဲ့သူရှိတယ်။ မပေးနိုင်တဲ့ မတတ်နိုင်တဲ့သူလည်း ရှိတယ်။ မတတ်နိုင်သူ တွေအတွက် တတ်နိုင်သူက ပေးပေးရမယ်လို့ ဆိုတယ်။ ကျနော်တို့မှာ အစိုးရ ၂ ရပ်
ရှိပါတယ်။ ကေအိုင်အေ အစိုးရနဲ့ မြန်မာအစိုးရ ကျနော်တို့ကို ဘာမှ လုပ်မပေးနိုင်ပေမဲ့ ကျနော်တို့က အများကြီး လုပ်ပေးနေရပါတယ်” ဟု ကုန်းတိမ် ကျေးရွာ ဒေသခံများက ဆိုသည်။

ဗန်းမော်ခရိုင်၊ မန်စီ မြို့နယ်တွင်လည်း ၁ နှစ်စာအတွက် တအိမ်ထောင်လျှင်
မြန်မာငွေကျပ် သုံးသောင်း KIA ကို အခွန်ဆောင် နေရပြီး သစ်လုပ်ငန်း လုပ်သူ ဒေသခံများကို တနိုင် တပိုင် သစ်သယ်ယူသည့် ဆိုင်ကယ် တစီးလျှင် ငါးထောင်ကျပ် ကောက်ယူနေကြောင်း သိရသည်။

မန်စီဒေသခံ တစ်ဦးက “စစ်တပ်ကလည်း တောင်းတာပဲ။ စစ်တပ်က တအိမ်ထောင် ဘယ်လောက် ဆိုပြီး မတောင်းတာ တခုပဲ။ သစ်လုပ်ငန်း လုပ်တဲ့သူ၊ သစ်သယ်တဲ့ ကားတွေကို ဂိတ်ကြေး၊ ဘာကြေး၊ ညာကြေး ယူနီဖောင်းနဲ့ သေနတ်လွယ်ပြီး တောင်းနေတယ်။ လုံခြုံရေး ကျတော့ ဘယ်ဘက်ကမှ ကောင်းကောင်း လုပ်မပေးနိုင်ဘူး” ဟု ပြောသည်။

မန်စီဒေသသည် KIA တပ်မဟာ ၁၊ တပ်ရင်း ၁၂ နှင့် တပ်ရင်း ၁၇ တို့ စခန်းချရာ ဒေသဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ
ရွှေလီမြို့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီနှင့် KIA တို့ တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်ဒေသ တ၀ိုက်တွင် တိုက်ပွဲများ စဲသွားသော်လည်း ဖေဖော်ဝါရီ ၈ ရက်နေ့က မန်စီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးကို KIA က ၀င်ရောက်ခဲ့သေးကြောင်း သိရသည်။

“ပေးနိုင်တာ မပေးနိုင်တာတော့ မသိဘူး။ မပေး မနေရပဲ။ မနှစ်က တိုက်ပွဲ ဖြစ်ပြီးပြီးချင်းမှာ ဒီလိုပဲ ၁ အိမ်ထောင် ဆန် ၁ တင်း
တောင်းဖူးတယ်။ ကျနော်တို့က ၁ တင်းတော့ မလုပ်ပါနဲ့ ဆိုပြီး မနည်းတောင်းပန်လို့ ၁ အိမ်ကို ဆန် ၂ ပြည်ပဲ ပေးခဲ့ရတယ်။ ခုတော့ ဘယ်လိုမှ ဈေးဆစ်လို့ မရတော့ဘဲ ပေးရတော့မယ်။ ရွာက အိမ်ခြေနဲ့ဆို ဆယ့်ကိုးသိန်းနဲ့ နှစ်သောင်းလောက် ပေးရမယ်” ဟု ကုန်းတိမ်ကျေးရွာ ဒေသခံ တစ်ဦးက ဆိုသည်။

KIA နှင့် မြန်မာအစိုးရ တပ်မတော် တိုက်ပွဲများကြောင့် ပျက်စီး
ဆုံးရှုံးသွားသည့် ကျေးရွာစာရင်းသာ ကောက်ယူထားနိုင်ပြီး ဒေသခံ ရှမ်း၊ ကချင်၊ လီဆူး စသည့် တိုင်းရင်းသား တသိန်းခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။

စစ်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသများရှိ ပြည်သူလူထုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်၍ အကြောက်တရားကိုပါ ထပ်ဆင့်ခံစားရပြီး ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း ဗန်းမော်မြို့နယ် ရှမ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


ဓာတ်ပုံ - ကချင်ပြည် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မန္တလေးသို့
ရောက်ရှိလာစဉ် ကြိုဆိုကြသည့် ကချင်တိုင်းရင်းသားများ
(တေဇလှိုင် / ဧရာဝတီ)

ဧရာဝတီ
6

မတော်မလျော် အဆိုမတင်သွင်းကြစေလို


Saturday, February 16, 2013

ကျွန်မသည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည်နှင့်
အညီ ကိုယ့်နိုင်ငံ၏ အရေးကိစ္စမှန်သမျှ မျက် ခြည်မပြတ်စေရန် အစဉ်အမြဲကြိုးစားသူ တစ်ယောက်ဖြစ်ပါသည်။

လွှတ်တော်အစည်းအဝေးများကို လည်း စိတ်ဝင်စားသည်။ မည်သည့် အဆိုတင်သွင်းသည်၊ မည်သည့်ဥပဒေ ကြမ်းတင်သွင်းသည်။ မည်သည့်ဥပဒေ ပြင်ဆင်သည်။ ဥပဒေဟောင်းများထဲမှ
ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပယ်ဖျက်မဖျက်၊ ဒါက ကျွန်မအတွက် အာရုံစိုက်ရမည့်ကိစ္စများသာဖြစ်နေပါ တော့သည်။

ဤသို့ အာရုံစူးစိုက်မှုများမှသည် မတော်မလျော် အဆိုတင်သွင်းမည့်
ကိစ္စတစ်ခုကိုကျွန်မအတော်ပင် တုန်လှုပ်မိပါသည်။ “အမျိုးသမီး လိင်
အလုပ်သမားများအတွက် ဥပဒေသစ်ပေါ်ထွက်စေရေး ထောက်ခံ
ပေးမည်”ဟူသော သတင်းတစ် ပုဒ်ကို ထိတ်လန့်တကြား ဖတ်လိုက်ရ ပါသည်။

တစ်ဆက်တည်း ၎င်းသတင်းထဲ၌ပင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တစ်ယောက်ဖြစ် သည့်ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သော
ဒေါ်လဲ့လဲ့ဝင်း ဆွေကထိုဥပဒေကို လွှတ်တော်တွင် အဆိုတင်သွင်းလာပါက ကန့်ကွက်သွား မည်ဟု သိရှိရပြန်တော့ အနည်းငယ် ရင်အေးရသလို
ခံစားသွားရပြန်ပါသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေသာမက လွှတ်တော် ကိုယ်စားလှယ်များအားလုံး အမျိုးသားရေးတစ်ရပ်အနေဖြင့်သော်လည်းကောင်း မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် ကိုယ့်ကျင့်တရားကို ထိန်းသိမ်းသည့် အနေဖြင့်သော်
လည်းကောင်း၊ ယင်း ဥပဒေသစ်လုံးဝပေါ်ပေါက်မလာစေရန် အထူးတလည်ကာကွယ်ကြရမည်သာ ဖြစ်ပါသည်။

မြန်မာမိန်းကလေး တစ်ဦး၏ ခြေတစ်လှမ်းသည် ကုဋေ တစ်သန်းပင်
တန်သည်ဟု တင်စားဖွဲ့ဆို ခဲ့ကြသည်မဟုတ်ပါလား။ ယခုတလော ရန်ကုန်မြို့ လူစည်ကားရာအရပ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု
ပွဲတော်များမှာပင် မြန်မာအမျိုးသမီးငယ်များ၏ မလုံမခြုံ ၀တ်စား
ဆင်ယင်မှုများကို တွေ့မြင်နေရ သဖြင့် ရင်မောရသည့်အထဲ Sex Worker ဆိုပြီး ကိုယ့်မြန်မာနိုင်ငံမှာ တရားဝင် ဟိုဟာလုပ်ကိုင်ခွင့်တောင်းဆို
ကြဦးမည် ဆိုသည်ကတော့ လားလားမျှမသင့်တော် ကျွန်မတို့ဗိုလ်ချုပ်
ပြောသလို ဟိုနိုင်ငံဖြစ် ဖို့ကြိုးစားနေကြပြီလားဟု မေးလိုက်ချင် ပါသည်။

အမျိုးသမီး Sex worker ဆိုတာ ဟိုဟာကဟိုဟာပဲမဟုတ်လား။
Worker ဆိုတာ ဘယ်လိုပဲဘာသာပြန်ပြန်လုပ် သား(သို့)အလုပ်သမားပဲ
မဟုတ်လား။ ရုံးလုပ်သား၊ ပညာရေးလုပ်သား၊ အထည် ချုပ်လုပ်သား၊
ဆောက်လုပ်ရေးလုပ်သား၊ စက်ရုံလုပ်သား စသဖြင့် အလုပ်လုပ်နေသူ
အားလုံးကပဲ။ လိင်အလုပ် သမားများဖြင့်ရောထွေးမသွားစေချင်ပါ။

ကျွန်မတို့မြန်မာလူ့ဘောင်အသိုင်းအ၀န်း မှာ Sex Worker ဆိုတာ လုံးဝမရှိအပ်ဘူး၊ ဘယ်ခေတ်ဘယ်အခါကမျှ ဒါမျိုးလုပ်စား နေသူ
တွေကို ရှေ့တန်းမတင်ဘူး၊ ဘုရင် ခေတ်ကလည်း အောက်ဆုံးအလွှာပဲ၊
ခေတ်အဆက်ဆက်အောက်ဆုံးအလွှာပဲ၊ လူတွေရဲ့ အထင်သေးရှုတ်ချ
ခံခဲ့ရတဲ့သူ တွေပဲ။

အမျိုးသမီးလိင်အလုပ်သမားများ အတွက် ဥပဒေသစ်ပေါ်ထွက်စေရေး
ထောက်ခံပေးမည့် လူ့အခွင့်အရေးများ လှုပ်ရှားမှုများဆောင်ရွက်နေသူ မဟာ ကရုဏာရှင် အမျိုးသမီးကို မေတ္တာရပ်ခံ ချင်ပါသည်။

သူတို့လေးတွေရဲ့ ဘ၀ကို ကူညီချင်တယ်ဆိုရင် သူတို့ကို ဒီဘ၀ တွေထဲက ဆွဲထုတ်ရမှာမဟုတ်ဘူးလား။ အခုဆိုရင် ပြောင်းလဲလာသည့်ခေတ် အခြေအနေအရ အလုပ်အကိုင် အခွင့် အလန်းသစ်တွေအမျိုးကြီးပေါ်နေပြီ၊ သူတို့ကို နိမ့်ကျသည့်ဘ၀လေးတွေထဲက ဆွဲထုတ်ပြီး မှန်ကန်တဲ့
ဘ၀လမ်းကြောင်း ပေါ်ကို ဆွဲတင်နိုင်မှသာ သူတို့ရဲ့ဘ၀ကို ကယ်တင်ရာ
ရောက်မှာဖြစ်ပါသည်။

အခုတော့ လူ့လောကအ၀န်းအ၀ိုင်း ထဲမှာ သိက္ခာမဲ့သထက်မဲ့
ရပ်ကွက်ထဲ မျက်နှာငုံ့ပြီး လျှောက်လှမ်းနေရတဲ့ဘ၀ ချိုင့်ဝှမ်းထဲ
ဆွဲသွင်းနေသလိုဖြစ်မနေဘူး လား။ မြန်မာ့လူ့ဘောင်မှာ Sex worker ဆိုတဲ့ မိန်းကလေးတွေကို လမ်းမှာတွေ့ ရင်တောင် လက်ဆွဲနှုတ်ဆက်ကြလိမ့် မည်ဟု ထင်ပါသလား၊ တွေ့လျှင်ကွေ့ ရှောင်သွားမည့် သူများချည်း
ဖြစ်ပါလိမ့် မည်။

သူတို့၏ မိသားစုဝင်များသည်ပင် လျှင် ရပ်ကွက်ထဲ ရဲရဲဝံ့ဝံ့
လျှောက်လှမ်း နိုင်မည်မဟုတ်၊ သူတို့လေးတွေကို သနားလျှင်
ကယ်တင်လိုသည်ဆိုလျှင် လူ့အ သိုင်းအ၀န်းမှာ ခေါင်းမော့ပြီးလျှောက် လှမ်းနိုင်အောင် Factory Worker,Sewing Worker,Sale Worker
စသဖြင့် လမ်း ကြောင်းမှန်ပေါ်ဆွဲတင်ပေးလိုက်စမ်းပါ၊

သွေးသား Worker တွေဖြစ်အောင်တော့ မလုပ်လိုက်ကြပါနဲ့၊
ရေနစ်သူကို ၀ါးကူ ထိုးသလိုမလုပ်ကြပါနဲ့။ မြန်မာအမျိုးသမီးများ
ကမ္ဘာ့ အလယ်မှာ တင့်တယ်နိုင်ကြပြီး မြန်မာ့ ကျက်သရေဆောင်
နိုင်သူများဖြစ်ကြပါ စေဟု မြန်မာကိုချစ်သော မြန်မာအမျိုး သမီး
တစ်ယောက်အနေဖြင့် လေးလေး နက်နက် ဆန္ဒပြုလိုက်ရပါတော့သည်။

ခင်နွဲ့မူ(အင်းစိန်)
ွှThe Hot News
14